ချန်ဂင်တို့စခန်း (၁၇၄)

ရန်ကုန်မှာ မိုးတွေအရမ်းသည်းတာပဲ လို့ ဖတ်လိုက်ရတဲ့အချိန် ကိုယ်တို့ဆီမှာ နေကျဲကျဲတောက် ပူနေတော့ အဲ့သလောက်တောင် အလှမ်းဝေးတဲ့ နေရာ ရောက်နေသလား လို့ ကိုယ့်ဘာသာ အံ့ဩမိပါတယ်။ ဒီမှာဖြင့် မိုးရိပ်လေရိပ်ကလေးတောင် မမြင်ရသေးဘူးနော်။ ကောင်းကင်ကြီးကလည်း ပြာလဲ့ကြည်စင်လို့ ကောင်းတုန်း။ ရန်ကုန်ကမိုးဟာ ကိုယ့်ဆီရောက်ဖို့ ဘယ်လောက်ကြာမှာပါလိမ့်။ မိုးမျှော်တယ်ဆိုတာ ဒါမျိုးကိုး။ မျှော်သာမျှော် ပေါ်မလာပါဘူးလေ။ ပူလွန်းအားကြီးတော့ ကိုယ့်ဆီကို PDF ကလေးတစ်ယောက် heat stroke နဲ့ ရောက်လာတယ်။ ရေခဲသေတ္တာထဲက ရေခဲခြောက်တွေ အအေးဗူးတွေ အကြိုအကြားညှပ်ပြီး တစ်ကိုယ်လုံး ရွှဲနေအောင် ရေပတ်တိုက်ချတယ်။ တက်နေလို့ Dz တွေလည်းထိုးချရတယ်။ လုပ်တတ်သမျှအားလုံးလုပ်ပြီး physician ဆီကိုလည်း ဖုန်းဆက် တိုင်ပင်ရတယ်။ ကျန်ခဲ့မှာစိုးလို့။ တကိုယ်လုံးအေးသွားမှ သူလည်း အတက်ကျလာတယ်။ သတိရလာတယ်။ […]

ချန်ဂင်တို့စခန်း (၁၇၁)

လေတွေမိုးတွေ ညာသံပေးလာပေမယ့်လည်း နင်လားငါလား ရွာတာမျိုးတော့ မဟုတ်ပါဘူး။ ခဏတဖြုတ်တော့ အေးသွားတာပေါ့။ မိုးမကျခင် လမ်းကို ဒုန်းစိုင်းပြင်နေကြတာ အဆင်ပြေမပြေ ရေထဲမိုးထဲကျမှ သိရမယ်။ လောလောဆယ်တော့ ဖုန်တထောင်းထောင်းနဲ့ ချောင်းရေတွေ နောက်နေပြီ။ မနှစ်က ဒီအချိန် ချောင်းရေ အရမ်းကြည်တာ။ တချို့က လယ်ပြန်လုပ်ဖို့ တောင်ယာတွေ မီးရှို့နေကြတယ်။ အရှို့ကောင်းလို့ မိုင်းထကွဲတာ အနားက ဆိုင်ကယ်ဖြတ်မောင်းတဲ့ သားအမိကိုမှန်ရော။ အရင်တပါတ်က ဗိုက်ခွဲရတာလေ။ မနက်ဖြန်ဆို ဆေးရုံက ပေးဆင်းပြီ။ ကုတင်နေရာမလောက်လို့ ကြာကြာမထားနိုင်ပါဘူး။ appendix တောင် ၃ ရက်နဲ့ ပေးဆင်းတာ။ မိုင်းထိလူနာတွေ တန်းစီနေတော့ ခြေတုတပ်မပေးနိုင်တောင် ချိုင်းထောက်ကလေးတွေ မှာပေးနိုင်ရင် ကောင်းမှာပဲ လို့ အောင့်မေ့မိတယ်။ ဘယ်က မှာရမှန်း မသိလို့။ ကိုယ်တောင် မသိဘူးဆိုရင် […]