ချန်ဂင်တို့စခန်း (၁၇၈)

မုန်တိုင်းပြီးတော့ မိုးရာသီထဲ ဆက်ဝင်သွားပါတယ်။ ရွာတော့လည်း အပူချိန်လျော့ပြီး နေလို့ကောင်းတာပေါ့။ လမ်းတွေတော့ ပျက်သွားပြီ။ ကားတွေလည်း ဒီဘက်ကို ပေးမဝင်ပဲ ပိတ်ထားတဲ့ရက်တွေ များတယ်။ ဆေးရုံမှာ လူနာနည်းသွားတာပေါ့လေ။ ပြင်စရာရှိတာပြင် စုဆောင်းစရာ ရှိတာတွေ စုဆောင်းဖို့ အချိန်ရသွားတယ်။ မီးစက်အသစ် မီးစလောင်း အသစ်တွေ ရပြီ။ အားကိုးရတဲ့ ကိုယ့်ဆရာလေး တစ်ယောက်ကတော့ ခေါင်းမှာတပ်တဲ့ ဆလိုက်မီးလေး လှမ်းပို့ပေးတယ်။ ကျေးဇူးကြီးလှပါဘိ။ ခက်ခဲတဲ့ဒေသပေမယ့် ဆေးတွေဝါးတွေ ပစ္စည်းကိရိယာတွေ လိုလေသေးမရှိ ပြည့်စုံအောင် ဖြည့်ဆည်းပေးကြတာ တော်ရုံတန်ရုံ စေတနာ သဒ္ဓါတရားတော့ မဟုတ်ပါဘူး။ ကိုယ့်ဆီကနေတဆင့် လိုအပ်တဲ့ ရှေ့တန်းဆေးတပ်ဖွဲ့တွေဆီရောက်အောင်လည်း ပြန်ဖြန့်ပေးပါတယ်။ သိတဲ့အတိုင်းပဲ။ ကိုဗစ်စင်တာဖွင့်တုန်းက သုံးမကုန်တဲ့ PPE ဝတ်စုံတွေတောင် အလဟဿဖြစ်မစိုးလို့ မကုန်ကုန်အောင် သုံးပစ်တာ။ ကိုယ့်ဆီကဆေးတွေ မသုံးလိုက်ရပဲ […]

ချန်ဂင်တို့စခန်း (၁၇၇)

ဒီအရပ် ဒီနေရာမှာ ဥတုသုံးလီ ရာသီစက်ဝန်း တစ်ပါတ်လည်အောင် နေခဲ့ပြီးပြီမို့ အရာရာ နေသားတကျ ဖြစ်နေပြီလို့ ပြောရင်ရပါတယ်။ သစ်ပင်လေးတွေ မြက်ပင်လေးတွေကအစ ကိုယ်နဲ့အကျွမ်းတဝင် ရှိနေပြီ။ ထိတွေ့မှုတိုင်းကို “မနှစ်ကဆိုရင်…” လို့ မှတ်ဉာဏ်ထဲမှာ ပြန်နှိုင်းယှဉ်စရာ ရနေပြီ။ Facebook ကြီးကတောင် ကိုယ့်ရဲ့”မနှစ်ကဆိုရင်”တွေကို ပုံတွေစာတွေနဲ့တကွ memories တွေ တင်တင်ပေးနေတယ်။ ဟုတ်သားပဲ။ မနှစ်က ဒီအချိန် ဒီမှာ။ အချိန် နဲ့ နေရာတွေ တူတယ်။ ကိုယ်ပဲ မတူတော့တာ။ ဒီလူတော့ ဒီလူပါပဲ။ သို့သော် မနှစ်ကနဲ့ မတူတော့တာ ကိုယ့်ဆီမှာ အများကြီးပဲ။ စာရေးရင် အမြဲပါနေကျ စမ်းချောင်းလေးလည်း မနှစ်ကနဲ့မတူ။ ဆေးရုံနဲ့အနီးကပ်ဆုံးတည်ရှိနေတဲ့ ရွာကလေးလည်း မနှစ်ကနဲ့မတူ။ ထင်ရှားမြင်သာတဲ့ ပြောင်းလဲခြင်းတွေ သတိပြုမိတယ်။ “နေမင်းရဲ့ […]

ချန်ဂင်တို့စခန်း (၁၇၆)

မုန်တိုင်းပြီးတော့ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးတွေ အားစိုက်နေတဲ့ အချိန်ကာလပေါ့လေ။ ကိုယ်တို့ဆီမှာလည်း မုန်တိုင်းနဲ့ တဆက်တည်း ရောက်လာမယ့် မုတ်သုန်ရာသီအတွက် ပြင်ကြဆင်ကြရပါတယ်။ လမ်းခရီးက ခက်ခဲပြီ။ အတားအဆီး အစစ်အဆေးတွေ များလာပြီ။ ပစ္စည်းတွေကလည်း ပြိုက်ကနဲပြိုက်ကနဲ ကုန်လို့ တချိန်လုံး ဝယ်ယူမှာကြားနေရတာပဲလေ။ လူနာတွေက လျော့သွားတယ်လို့မှ မရှိတာ။ မိုးရာသီမတိုင်ခင် ကိုယ့်မှာ ဆောင်ရွက်ရမယ့် အထူးအစီအစဉ်တွေ အများကြီး ရှိတယ်။ ရာသီပြောင်းသွားတဲ့အခါတိုင်း ကိုယ်တို့ဆေးးရုံကလေးက move forward ဖြစ်နေရမှာ မဟုတ်လား။ အနားယူဖို့ တဖွဖွ တိုက်တွန်းနေကြတဲ့သူတွေသဘောအတိုင်း ၃-၄ ရက်လောက်တော့ နားဖြစ်ပါတယ်။ မနားလို့မှ မရတာ။ နေမကောင်းဘူး။ လည်ချောင်းနာတယ်။ ချောင်းဆိုးတယ်။ အပင်ပန်းမခံနိုင် ဖြစ်လာတယ်။ ဒါနဲ့ပဲ တနေကုန် အိပ်လိုက်၊ နိုးလာတော့ အစားစားလိုက်၊ အစားစားပြီး […]

ချန်ဂင်တို့စခန်း (၁၇၅)

ဆေးရုံမှာ ကလေးလူနာတွေနဲ့ မုန်တိုင်းထန်ပြီးတဲ့နောက်မှာ အပြင်လောကမှာလည်း မုန်တိုင်းက ဝင်လာတော့မယ်။ ညဘက်ကြီး မှောင်နဲ့မည်းမည်း post op ကလေးလူနာတွေ တက်ကြည့်ရတာပေါ့။ ကလေးတွေကငို၊ မိဘတွေက စိတ်ပူ၊ နှာခေါင်းပိုက်တွေကျ သေချာထိန်းမထားလို့ ပြန်ပြန်ထည့်ရ။ အဲ့လိုသာ တစ်ယောက် ၃ ချောင်းလောက် ထည့်နေရရင် ငါ့ဆေးရုံကဟာတွေ ကုန်သွားမှာပေါ့ လို့ ဆူရသေးတယ်။ ဆေးရုံကတော့ နေ့လည်းစည် ညလည်းစည်နဲ့ပါ။ နောက်နေ့မနက် ကလေးတွေကို ဓါတ်မှန်ရိုက်ကြည့်တော့ ခြေတွေလက်တွေမှာ အစတွေ တွေ့တယ်။ လောလောဆယ် အလှုပ်အပြုမှာတောင် နာလို့ ငိုယိုနေကြတာမို့ နောက်မှပဲ ထုတ်တော့မယ်။ ဒဏ်ရာရတဲ့ ထဲက နောက်ဆုံးကျန်တဲ့ ကလေးတစ်ယောက်လည်း ဆေးရုံကို လာသွားပြီ။ သူနဲ့ကျမှ ဇာတ်ရည်လည်တာ။ ကျူရှင်မလာတဲ့ကလေးတစ်ယောက်ကို အိမ်လိုက်ခေါ်ကြတယ်။ ရဲစခန်းနောက်ဘက် လမ်းပေါ်မှာ ဘာလေးလဲမသိဘူး […]

ချန်ဂင်တို့စခန်း (၁၇၃)

ရှင်ဘုရင်တွေ အသက်ကိုရန်ရှာလာရင် တောထဲခိုရတယ်ဆိုတာ ဟိုးတုန်းက တကောင်းပြည်မှာ ပန်းပဲမောင်တင့်တယ်တို့ စခဲ့တဲ့ ဇာတ်လမ်း။ ကိုယ့်အဘိုးလက်ထက်မှာလည်း တောထဲရောက်တာပဲ။ ဘားမားရိုင်ဖယ်တပ်တွေ ဗကပ နဲ့ ပူးပေါင်းရမယ်ဆိုလို့ အမေရိကား ပညာတော်သင်သွားမယ့် ကိုယ်တို့အဖိုးလေး BDA စစ်ဗိုလ်လေးဟာ မင်္ဂလာဒုံလေဆိပ်ကနေ လေယာဉ်ပေါ်မရောက်ပဲ တောထဲရောက်သွားတာပါတဲ့။ ရုပ်ရည်လည်းချော၊ လူရည်လည်းသန့်တဲ့ မောင်ငယ်လေးဆိုတော့ တောထဲမှာ မညှိုးနွမ်းရအောင် အဖွားတို့ ညီအမများက အစားအသောက်၊ စီးကရက်ဆို သံဗူးနဲ့မှ ဆို မရအရ ရှာဝယ်ပို့ကြတယ် လို့ ပြောကြတယ်။ အောင်မယ်။ ကိုယ့်လက်ထက်မှာလည်း တောထဲရောက်နေတာပဲဟာ။ ဘာဆန်းလို့လဲ။ ကိုယ့်ကျတော့မှ စားရေရိက္ခာ ဘာညာသ ရကာတွေတင် မကဘူး။ ဆေးဝါးတွေ စက်ပစ္စည်းကိရိယာတွေ တစ်ဆေးရုံလုံးစာ နေရာတကာက ဝိုင်းဝန်းပို့ဆောင် နေကြရတာ မဟုတ်ပါလား။ စဉ်းစားကြည့်လေ။ မိုးပေါ်က […]

ချန်ဂင်တို့စခန်း (၁၇၂)

သတ္တဝါတွေမှာ သူတို့ရဲ့ ဗီဇသဘာဝဆိုတာ သင်မပေးရပဲနဲ့ အလိုလို တတ်မြောက်ကြတာပဲ။ ယုန်ကလေးတွေဟာ မွေးကတည်းက ကြောင်မွေးမွေးလာပေမယ့် သူတို့ဘာသူတို့ ကျင်းကလေးတွေ ရအောင်တူးပြီး အဲ့ဒီအထဲ ဝင်ဝင်နေလေ့ရှိတယ်။ အပြင်မှာ အန္တရာယ်တွေကြုံလာရင် အဲ့ဒီထဲဝင်ပုန်းမှ စိတ်လုံခြုံလို့ ထင်ပါရဲ့။ လူတွေတောင် လေယာဉ်လာရင် ကျင်းထဲဆင်းပုန်းရတဲ့ အရပ်ဒေသမို့လား။ အဲ့ဒီတော့ သူတို့သဘာဝကို မပိတ်ပင်ပါဘူး။ တူးပလေ့စေ။ အစာကျွေးဖို့ ခေါ်ရင်တော့ အပြေးလာနေကျပဲ ဥစ္စာ။ မနက်တုန်းကတော့ ယုန်ကလေးနှစ်ကောင်က ကျင်းထဲကနေ အပြင်ရောက်အောင် တူးထွက်သွားကြတယ်။ ဝေးဝေးတော့ မပြေးဘူး။ အိမ်ဘေးက ခြုံတွေထဲတင် ရှိတယ်။ အတင်းလိုက်ဖမ်းမှ တောထဲဝင်ပြေးသွားမှာစိုးလို့ လူနဲ့ဝိုင်းပြီး ပြန်ဖမ်းခေါ်လာရတာ။ သူတို့လည်း သဘာဝအတိုင်း လွတ်လွတ်လပ်လပ်နေချင်မှာပေါ့လေ။ လွှတ်ပေးလိုက်ရင် တောကောင်တွေရန်က လွတ်အောင်ပြေးနိုင်ပါ့မလား စိတ်မချလို့သာ။ ရွာထဲမှာ အဲ့လိုထွက်ပြေးရင်တော့ ခွေးတွေဝိုင်းဆွဲလို့ […]