ချန်ဂင်တို့စခန်း(၁၆၄)

ဒီရက်ပိုင်း ကလေးတွေကို တစ်နေ့ တစ်နာရီတော့ စာသင်ဖြစ်ပါတယ်။ White board တွေ marker တွေလည်း ရပြီ။ ရုပ်ပုံကားချပ်တွေလည်း ရပြီ။ လက်တွေ့ပိုင်းကိုလည်း ပိုပေးလုပ်ဖြစ်ပါတယ်။ ဆေးထိုး၊ သွေးဖောက်၊ အချုပ်အလုပ်တွေ အလှည့်ကျ လုပ်ရတယ်။ ဝါဒ်ထဲမှာ လူနာပြုစုတဲ့အလုပ်တွေ အကုန် သူတို့ကိုခိုင်းထားတယ်။ အစက သွေးမြင်ရင် မူးလဲတဲ့ ကလေးတစ်ယောက်တောင် အခုတော့ ကျင့်သားရလာပြီ။ လူနာကို ကိုယ်တိုင်ဆေးပေးတော့ ဆေးအမျိုးအစားတွေလည်း အကျွမ်းတဝင် ရှိလာတာပေါ့။ ဆေးရုံလာပြတဲ့ လူနာဦးရေနဲ့ သူတို့အင်အားနဲ့ဆို နိုင်နိုင်နင်းနင်း အလုပ်လုပ်နိုင်ပါတယ်။ လူနာပါးတဲ့အချိန် ပတ်ဝန်းကျင်သန့်ရှင်းရေးလည်း လုပ်ကြတယ်။ လူအများကြီး တက်တက်ကြွကြွ အလုပ်လုပ်နေတာ မြင်ရတော့ လာပြတဲ့လူနာတွေကလည်း မုန့်ပဲသွားရည်စာတွေ အများကြီး လာလာပို့သွားကြရော။ ဒီရာသီနဲ့ဆို ဖရဲသီးကို အမုန်းစားရတာ။ လူအုပ်တောင့်တော့ […]

ချန်ဂင်တို့စခန်း (၁၆၃)

ရာသီဥတုက ပူ။ မီးက အလွန်အမင်း ပျက်။ အဲကွန်းဖွင့်ဖို့ နေနေသာသာ ချိုးရေ သုံးရေ ရအောင်တောင် မနည်း ရေစောင့်တင်နေရတဲ့ ရန်ကုန်ကလူတွေရဲ့ ဒုက္ခက နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ကိုယ့်အိမ်ကိုယ် မီးစက်နှိုးချင်ရင်တောင် ဆီက ဝယ်ချင်တိုင်း ဝယ်လို့ရတာ မဟုတ်။ ဟိုးအရင်တုန်းကဆိုရင်တော့ Junction Center တစ်ခုခုထဲ ဝင်နေလိုက်ရင် Air con လည်းရ Wifi လည်း သုံးလို့ရ။ ကိုယ့်ဒေတာနဲ့ကိုယ် သုံးမယ်ဆိုရင်တောင် အာဏာမသိမ်းခင်က ကုန်ကျတဲ့ ဖုန်းဘေလ်ဆိုတာ အခုနဲ့ယှဉ်ရင် ဘာမှ မပြောပလောက်ဘူး။ အိမ်မှာနေ အဲကွန်းနဲ့။ ကားစီးရင်လည်း အဲကွန်းနဲ့။ ဆေးရုံမှာ အလုပ်လုပ်တော့လည်း အဲကွန်းနဲ့။ တနေကုန် ချွေးမထွက်လို့ ညနေဘက် gym သွားဆော့ရင်တောင် gym မှာလည်း […]

ချန်ဂင်တို့စခန်း (၁၆၂)

ချမ်းအေးတဲ့ တန်ခူးလရာသီ လို့ ပြောရင် ဒီအရပ်မှာတော့ နောက်ပြောတာ မဟုတ်ဘူး။ တကယ်ပါ။ မနက်လင်းကတည်းက နေရောင်ဆိုတာ ပြောက်တောက်ကျားတားလေးပဲ မြင်ရတယ်။ တနေကုန် မိုးတွေအုံ့နေလို့ ဆိုလာတောင် အားမဝင်ဘူး။ ခွဲခန်းထဲမှာလည်း လူနာကချမ်းလို့ အဲကွန်းတောင် ပိတ်ထားပေးရတယ်။ ညနေစောင်း ရေချိုးချိန်တန်တော့လည်း အေးနေတုန်းပဲ။ ချောင်းထဲ မချိုးနိုင်ဘူး။ အိမ်မှာ ရေနွေးနဲ့ချိုးဖို့ပြင်နေဆဲ ဆေးရုံက လူနာလိုက်ခေါ်တယ်။ ကိဿဂေါတမီ မုန့်ညင်းဆီတောင်းသလိုပဲ။ ကလေးနီတာရဲလေးပိုက်ပြီး “ကျွန်တော်သားလေးကို ကြည့်ပေးပါဦး။” ဆိုတော့ ကလေးငိုသံက ပြာအက်အက်နဲ့။ သူက တက်နေတယ် လို့ ပြောပေမယ့် ကလေးက တက်နေတာတော့ မဟုတ်ဘူး။ ပါးစပ်ထဲမှာ မက်ခရုတွေဖွေးလို့။ “ဘယ်တုန်းကတက်တာလဲ။ ဘယ်ကလာပြတာလဲ။” လို့ မေးတော့မှ သူ့နောက်က ကလေးအမေကိုမြင်တယ်။ ဒါ ဝါဒ်ထဲက လူနာလေ။ […]

ချန်ဂင်တို့စခန်း (၁၆၁)

ရန်ကုန်မှာ မီးတွေပြတ်လို့ အရမ်းပူအိုက်နေပြီ လို့ ပြောကြတယ်။ ကိုယ်တို့ဆီမှာတော့ မီးမရှိလည်း ညခင်းပိုင်း မနက်စောစောတပိုင်း အနွေးထည်တွေ ပြန်ဝတ်နေရတုန်းပဲ။ အိပ်တဲ့အခါ စောင်ခြုံအိပ်ရတုန်းပဲ။ မိုးရွာရွာနေတာ ၃-၄ ရက် ရှိပြီဆိုတော့ နွေဝင်မလိုလိုနဲ့ မိုးကိုခုန်ကူးသွားသလိုရှိတယ်။ လေတွေလည်းကြမ်းတယ်လေ။ လူနာဆောင်ဘေးမှာ ကာထားတဲ့ ကန္နားဖျင်း တာရပတ်စတွေက လေပင့်တော့ ပြဲထွက်ကုန်တယ်။ တစ်နှစ်သက်တမ်း ကျော်လာပြီဆိုတော့ ဟောင်းလာပြီ မဟုတ်လား။ မီးစက်အဟောင်းကလေးတစ်လုံးကလည်း ပျက်သွားပြီ။ အသစ်ပြန်ဝယ်ရတော့မလို ဖြစ်နေတယ်။ သူ့ခမျာလည်း နားမှမနားရရှာပဲကိုး။ ညဘက်အိမ်သုံးဖို့ မီးစက်မမောင်းပေမယ့်လည်း ခွဲခန်းရှိရင်၊ မွေးခန်းဖွင့်ရင်၊ နှိုးရတယ်။ ပစ္စည်းကိရိယာတွေ ပေါင်းဖို့၊ ရေတင်ဖို့ နှိုးရတယ်။ လူနာများလေ အလုပ်လုပ်ရလေ မဟုတ်လား။ လူနာကတော့ ကိုယ့်မှာ စာရင်းဇယားလေးနဲ့ မှတ်ထားလို့ သေသေချာချာသိမ်းတယ်။ ပြီးခဲ့တဲ့လကုန်အထိ စုစုပေါင်း […]

ချန်ဂင်တို့စခန်း (၁၆၀)

ဟိုဘက်ရပ်ကွက်က တပ်မတော်နေ့အခမ်းအနားလုပ်တာကလည်း မုဆိုးမရွာသူတသိုက်ကို ထမီခါးတောင်းကျိုက်ပြီး တပ်ဦးကချီစေသတဲ့။ သံဃာတော်မထေရ်များက မာတုဂါမများအား သပြေပန်းရေချမ်း ကပ်လှူပူဇော်သတဲ့။ ဗိုလ်ရှုခံကာချုပ်ကြီးကလည်း “တိမ်တွေပျံလာတာမော့ကြည့်လို့ သီချင်းဆိုတာကောင်းတယ်။” ဆို မျက်ဖြူကြီးကို လန်နေတာပဲ။ ပရမ်းပတာတွေပါကွယ်။ ကိုယ်တို့ကသာ တပ်မတော်နေ့ အထိမ်းအမှတ်နဲ့ ပြည်လုံးပတ်ဆော် လေတပ်တော် လုပ်မလား အောင့်မေ့နေတယ်။ တကယ့်တကယ်မှာတော့ သူတို့စခန်းတွေပဲ အသိမ်းခံလိုက်ရတာ။ ခုတော့ ကြင်စိုးလေးဘဝဟာ “ကောင်းကင်ပေါ်လည်း မော့မကြည့်ရဲ။ ဒေါ်အုန်းကြည် ဆင်းလာနိုး။ အောက်လူတွေက အသုတ်အသုတ်နဲ့ လက်နက်ချအလင်းဝင်။ ရင်နာဖွယ်ပါ လှည်းကလေးနဲ့ အလောင်းများ တွန်းကာအလာ။ သခင်ရန်ရှာသူ ခွေးကြီးများက ဝိုင်းပြီးဟောင်တယ်ဟေ့။” ဆိုတာမျိုး ဖြစ်နေပြီ။ ကိုယ်တို့ကတော့ အဲ့ဒီညက လေယာဉ်မလာတာနဲ့ နောက်တစ်နေ့ မနက်မှာ ပုံမှန်အတိုင်း အလုပ်ပြန်စနေပါပြီ။ မသာရှင်ကတော့ အသုဘလုပ်ဖို့ ရောက်လာပြီး အလောင်းသင်္ဂြိုလ်ပြီးနှင့်လို့ […]