ချန်ဂင်တို့စခန်း (၁၇၀)

တနိုင်ငံလုံး ပူပြင်းလောင်မြိုက် နေတဲ့ ကာလကြီးမှာ ကိုယ်တို့ဆီ မလည်း ကွက်အေးမနေပါဘူး။ ညအိပ်ချိန် ရောက်မှ နည်းနည်းလေး နေသာလာပြီး မနက်ကျရင်တော့ စောင်ခြုံကွေးရပါတယ်။ ဒီမှာကျတော့ ဘယ်လောက်ပူပူ သစ်ရိပ်ဝါးရိပ်အောက် ခိုပြီး လေကလေးတိုက်လာရင် ချွေးသိပ်သွားတာပါပဲ။ ရန်ကုန်ကလူတွေမှာဖြင့် ရာသီဥတု က ပူ။ မီးကပျက်၊ ငရဲတမျှ အသက်ရှူလို့တောင် မဝအောင်ပါပဲတဲ့။ တနိုင်ငံလုံး မီးဖြတ်ပြီး သူတို့တပ်တွင်းမှာပဲ လုံခြုံရေးအရ ၂၄ နာရီ ထိန်ထိန်ငြီးနေအောင် မီးပေးထားတော့ ပူရတဲ့အထဲ အသည်းကပါ နာစရာပေါ့။ တပ်ကလွဲရင် ပြည်သူတရပ်လုံး ရန်သူ ဖြစ်နေပြီ မဟုတ်လား။ သူတို့ကို ထောက်ခံလှပါရဲ့ဆိုတဲ့ အဘဘောမ (ABBM) တွေတောင် ပဋာမြေလူး ငိုချင်းချကုန်ပြီလေ။ “ဟိုအရင် အစက အဘကို ချစ်ခင်။ ဘယ်တုန်းကမှ […]

ချန်ဂင်တို့စခန်း (၁၆၉)

ကိုယ်တို့လို တောထဲက ဆေးရုံ သေးသေးလေးမှာ တစ်နေ့ကို ၃ ယောက်လောက် ခွဲခန်းဝင်ရတယ် ဆိုရင် တော်တော် အလုပ်ရှုပ်နေပြီ ပြောရမှာပဲ။ ခွဲခန်းထဲ မဝင်ပဲ အပြင်က minor room ကလေးမှာတင် ချုပ်လုပ်ခွဲစိတ်တဲ့ တိုလီမုတ်စလေးတွေလည်း ရှိသေးတယ် မဟုတ်လား။ OPDလူနာတွေ၊ ဗိုက်ကြီးသည်နဲ့ မွေးလူနာတွေ၊ သွားလာနှုတ်တဲ့သူတွေနဲ့ဆိုတော့ ဆေးရုံကြီးက လူတွေ တရုန်းရုန်းနဲ့ရယ်။ စစ်ပွဲတွေဖြစ်နေပါတယ်ဆိုကာမှ “စစ်ပွဲ က စစ်ပွဲ။ လူနာ က လူနာ။ လာမှာပဲ လာမှာပဲ။” ဆိုတဲ့သူတွေချည့်။ မနက်ပိုင်း elective ပြင်ထားတဲ့ Bladder stone လူနာကို ကျောက်ထုတ်ပြီးတဲ့အခါ appendix လူနာက စောင့်နေတယ်။ နေ့လည် ထမင်းစားပြီး စာသင်ပြီးရင် ခွဲပေးမယ် ဆို အေးအေးဆေးဆေး […]

ချန်ဂင်တို့စခန်း (၁၆၈)

စစ်ရေးအခြေအနေအရ လုံခြုံရေးစိတ်မချရတာကြောင့် ကိုယ်တို့လည်း လူနာတွေကို ဖုတ်ပူမီးတိုက် ကုသပေးပြီး သက်သာတာနဲ့ အိမ်ပေးပြန်၊ ရွာထဲက စစ်ရှောင်စခန်းမှာ သွားအိပ်ခိုင်း၊ တတ်နိုင်သမျှ ဆေးရုံပေါ် လူနာနည်းအောင် စီမံရတာပါပဲ။ ဒါပေမယ့်လည်း လူနာအသစ်တွေက အမြဲရောက်ရောက်လာတော့ မနက်ပိုင်း ရှင်းထုတ်လိုက်လည်း ညနေဆို ပြန်ပြည့်နေပြီ။ လူအင်အား နိုင်နိုင်နင်းနင်းနဲ့ အဆက်မပြတ် အလုပ်လုပ်နေလို့သာ အလုပ်အကြွေးတွေ ပုံမသွားတာပါ။ ခွဲဖို့ဆုံးဖြတ်ပြီး လူနာသဘောတူတယ်ဆိုရင် ချက်ချင်းခွဲခန်းထဲပို့တာမို့ appendix တို့၊ hernia တို့၊ bladder stone တို့ဆိုရင် ရောက်ပြီး တစ်နာရီလောက်ဆို ခွဲခန်းထဲကတောင် ပြန်ထွက်လာပြီ။ လုပ်ဖန်များတော့ အသားကျလာပြီး အချိန်မကြာတော့ဘူးပေါ့။ specialist consultation လိုတဲ့အခါပဲ အင်တာနက်လိုင်းမရလို့ ပို့ထားတဲ့စာ တွေထွက်အောင်၊ ဟိုဘက်က reply ပြန်လာအောင် စောင့်ရတာ။ […]

ချန်ဂင်တို့စခန်း (၁၆၇)

သင်္ကြန်တွင်းတုန်းက ပြောင်စပ်စပ် မျက်နှာနဲ့ ရေပက်ခံထွက်ကြတဲ့ နိုင်ငံခြားသား ၄ ကောင်ဟာ နောက်တော့ ဘယ်သူမှ ရိုက်စစ်စရာမလိုပဲ မြဝတီသတင်းကနေ ဖော်ကောင်လုပ်လာပါတယ်။ အဲ့ဒါ အွန်လိုင်းပေါ်ကနေ psy war ထည့်ဖို့ ငှါးထားတဲ့ ရပ်ရှန်းဘလော့ဂါတွေပါတဲ့။ ဂုဏ်ပြုညစာစားပွဲကြီးနဲ့တောင် ဧည့်ခံရလေတယ်။ ခေါ်မယ့်ခေါ်လည်း ခေါက်စံက ဘားတွေမှာ တိုင်ပတ် က နေတဲ့ ရပ်ရှန်းဒန်ဆာတွေပါ ခေါ်တာ မဟုတ်ဘူး။ အခုတော့ သားစစ်က ဒီးယား နဲ့ ဒွန့်ပြီး စင်ပေါ်တက်ဆဲတာ ခံလိုက်ရပြီ။ ဒီကမ္ဘာမှာ ဒင်းတို့ကို အဖက်လုပ်မယ့်သူ ချူချာကလွဲလို့ တခြား ဘယ်သူမှ မရှိတာ သိပြီးသားပဲ။ လိုင်းပေါ်မှာ တက်တက်ပြီး သတင်းအတုတွေ ဖြန့်နေတဲ့ စစ်ဗိုလ်အကောင့်တွေ ဒီရက်ပိုင်း ခြေရှုပ်နေတာ သတိထားမိတယ်။ သတင်းအမှန်တွေ ပျံ့မသွားဖို့ […]

ချန်ဂင်တို့စခန်း (၁၆၆)

နှစ်ဆန်းတစ်ရက်နေ့ရဲ့ မနက်ခင်းဟာ အမြောက်သံ ဗုံးသံတွေနဲ့ နိုးထရပါတယ်။ “ဆယ်ဇင်းဘက်မှာ ပွဲတွေဖြစ်တယ်။ လူနာတွေ လာစရာရှိတယ်။”ဆိုတော့ ကိုယ်တို့လည်း ထုံးစံနှင့်အညီ ပြင်ဆင်စောင့်မျှော်နေကြပါတယ်။ သွေးလိုရင် လှူဖို့အတွက် မစစ်ရသေးတဲ့ကလေးတွေကို သွေးအမျိုးအစားနဲ့ infection screening လုပ်ထားနှင့်တယ်။ လူနာကို ကားပေါ်က ချပြီးတာနဲ့ ကိုယ့်တာဝန်နဲ့ကိုယ် လုပ်စရာရှိတာ အကုန်လုပ်ကြတယ်။ အရင်နေ့ကပဲ သူတို့ကို ATLS တွေ သင်ထားတယ်။ Shock အကြောင်း သင်ထားတယ်။ Arrest of hemorrhage နဲ့ tourniquet စည်းပုံစည်းနည်း သင်ထားတယ်။ အခု လူနာတွေရောက်လာပြီ။ လက်တွေ့ဝိုင်းလုပ်ကြရုံပဲ။ ပြီးရင် ဒီကလေးတွေဆီကပဲ သွေးထုတ်လှူရတာ။ နှစ်ဆန်းတစ်ရက်နေ့ကြီး ကုသိုလ်ရပါတယ် ကလေးတို့ရယ်။ မြင်တယ်မှလား။ မျက်စိအောက်တင် ဆန့်ငင်ဆန့်ငင်နဲ့ လူနာတစ်ယောက် မရရအောင် အသက်ကယ်ပြီး […]

ချန်ဂင်တို့စခန်း (၁၆၅)

ဒီနှစ်သင်္ကြန်မှာ စစ်ခွေးအသိုင်းအဝိုင်းကလွဲလို့ ဘယ်သူမှ ရေမကစားကြပါဘူး။ ဒေါ်အုန်းကြည် ကြောက်လို့ မကစားရဲတာ မဟုတ်ပါဘူး။ အဲ့ဒီလူတွေနဲ့ ရေလောင်းရေပက် လုပ်ရမှာ ရွံလို့မုန်းလို့ သနလို့ သပိတ်မှောက်ပြီး သင်္ကြန်မကျပဲ နေကြတာပါ။ ကိုယ်တိုင် သွားကစားဖို့ နေနေသာသာ စစ်ခွေးမဏ္ဍပ်မှာ ဓါတ်ပုံပါလာတဲ့ နိုင်ငံကျော်ကြီးတွေတောင် တံတွေးခွက်မှာ ပက်လက်မျောကုန်တာ မြင်တဲ့အတိုင်းပဲလေ။ အဲ့ဒါကြောင့် သင်္ကြန်မဏ္ဍပ် ဗုံးပေါက်တယ်များကြားရင် ဘယ်လိုလူတွေပဲဖြစ်မလဲ အားလုံးက သဘောပေါက်ကြပါတယ်။ အဲ့ဒီနေရာတွေကလွဲရင် ဘယ်နေရာမှာမှ ရေမပက်ကြပါဘူး။ ကိုယ်တို့ရောက်နေတဲ့ ဟောဒီရွာကလေးမှာတောင် ရေမပက်ဘူး။ ရှင်းရော။ ရေပက်မယ့်အစား အိမ်ရှေ့လမ်းကလေးတွေကို ဖုန်သိပ်ပြီး အေးနေအောင် ရေဖျန်းထားကြတယ်။ မနှစ်ကတုန်းက ပက်တယ်။ ဒီနှစ် မပက်တာ။ သတင်းစီးဆင်းမှုက တောကြိုအုံကြားလည်း ရောက်တာပဲ။ ရွာမှာရှိတဲ့ အမယ်ကြီးတွေကို တစ်အိမ်တက်ဆင်း လိုက်ခေါင်းလျှော်စရာ မလိုတော့ဘူး။ […]