ယုန်ကလေးတွေက အသည်းငယ်တယ် လို့ ပြောကြတယ်။ ဟုတ်မှာပေါ့။ သူတို့ ကြောက်တဲ့အခါကျရင် ထောင့်တစ်ထောင့်ကို ပြေးစုပြီး တကိုယ်လုံး တုန်နေရော။ ဒါပေမယ့် လူကိုတော့ သူတို့ မကြောက်တော့ဘူး။ လူလာရင် အစာကျွေးမှန်းသိလို့ ခြေဖမိုးလေးတွေပေါ် အတင်းတက်လာတယ်။ ကိုယ်တို့လည်း ယုန်ကလေးတွေလိုပါပဲ။ စစ်ပွဲတွေ ရှိတဲ့အရပ်မှာ အနေကြာတော့ စစ်ကိုသိပ်မကြောက်တော့ဘူး။ ခုရက်ပိုင်း ကိုယ်တို့ဘက်မှာ စစ်ဆင်ရေးတွေ ရှိတယ်။ ကားအသွားအလာတောင် ပေးမဖြတ်တော့ဘူး။ ဂိတ်တွေ ပိတ်ထားတယ်။ ညဘက်ဆို လေယာဉ်လာတယ်။ တခါတခါ သေနတ်သံ လက်နက်ကြီးသံကြားရတယ်။ လူနာလာလို့ အရေးပေါ်ခွဲခန်းပြင်ရတဲ့အခါလည်း ရှိတတ်တယ်။ ဒါ ဘာဆန်းသလဲ။ တစ်ခုမှ မဆန်းဘူး။ ရိုးနေပြီလေ။ ကြောက်ကို မကြောက်တော့ဘူး။ ဒီအခြေအနေတွေ မဖြတ်သန်းရပဲ တော်လှန်ရေးက ပြီးမှာမှ မဟုတ်တာ။ အဲ့တော့ သေခါမှသေရော […]