ချန်ဂင်တို့စခန်း (၁၅၃)

ယုန်ကလေးတွေက အသည်းငယ်တယ် လို့ ပြောကြတယ်။ ဟုတ်မှာပေါ့။ သူတို့ ကြောက်တဲ့အခါကျရင် ထောင့်တစ်ထောင့်ကို ပြေးစုပြီး တကိုယ်လုံး တုန်နေရော။ ဒါပေမယ့် လူကိုတော့ သူတို့ မကြောက်တော့ဘူး။ လူလာရင် အစာကျွေးမှန်းသိလို့ ခြေဖမိုးလေးတွေပေါ် အတင်းတက်လာတယ်။ ကိုယ်တို့လည်း ယုန်ကလေးတွေလိုပါပဲ။ စစ်ပွဲတွေ ရှိတဲ့အရပ်မှာ အနေကြာတော့ စစ်ကိုသိပ်မကြောက်တော့ဘူး။ ခုရက်ပိုင်း ကိုယ်တို့ဘက်မှာ စစ်ဆင်ရေးတွေ ရှိတယ်။ ကားအသွားအလာတောင် ပေးမဖြတ်တော့ဘူး။ ဂိတ်တွေ ပိတ်ထားတယ်။ ညဘက်ဆို လေယာဉ်လာတယ်။ တခါတခါ သေနတ်သံ လက်နက်ကြီးသံကြားရတယ်။ လူနာလာလို့ အရေးပေါ်ခွဲခန်းပြင်ရတဲ့အခါလည်း ရှိတတ်တယ်။ ဒါ ဘာဆန်းသလဲ။ တစ်ခုမှ မဆန်းဘူး။ ရိုးနေပြီလေ။ ကြောက်ကို မကြောက်တော့ဘူး။ ဒီအခြေအနေတွေ မဖြတ်သန်းရပဲ တော်လှန်ရေးက ပြီးမှာမှ မဟုတ်တာ။ အဲ့တော့ သေခါမှသေရော အသက်ကိုစွန့်ဖို့လိုရင်လည်း စွန့်လိုက်ရုံပေါ့။ လူယုတ်မာတွေကို သမိုင်းကြွေး ရာဇဝင်ကြွေး ကျေအောင်ကို ဆပ်ခိုင်းမှာ။ သူတို့ကတော့ ကြောက်မလားလို့ ခြောက်တာပဲလေ။ ဆေးကုပေးတဲ့သူနာပြုဆရာမတွေကို သတ်ပြတယ်။ မုဒိန်းကျင့်ပြတယ်။ ဒါ ဗမာစစ်သားတွေရဲ့ သရုပ်မှန် လို့ သမိုင်းမှာ ကျန်ရစ်မှာပေါ့။ ကိုယ်တို့ကတော့ မကြောက်ပါဘူး။ ဒီလိုစစ်သားမျိုးတွေ တစ်ယောက်မှ မကျန်တဲ့အထိ တွန်းလှန်သွားမယ်။ ဘာနဲ့ပဲ ရင်းရ ရင်းရ။ စစ်ပွဲတွေ အနားလာတိုက်ပြလည်း ဆေးကုမပျက်ပါဘူး။ ပြေးရမယ့်သူက ငါတို့မဟုတ်ဘူး။ သူတို့။

မှန်ကန်ခြင်း နဲ့ ရဲရင့်ခြင်း ဆိုတာ အမြဲတွဲလျက်ရှိတဲ့ အရာမျိုး မဟုတ်လား။ ကိုယ်တို့ဘက်မှာ အားနွဲ့တဲ့ မိန်းမသားမို့လို့လည်း ယုန်ကလေးတွေလို အသည်းငယ်မနေပါဘူး။ ဒူးမထောက် လက်မမြှောက်ပဲ။ ဒီကောင်တွေ လက်ထဲ အနှိပ်စက်ခံမယ့်အစားတော့ တိုက်ပေါ် က ခုန်ချပစ်လိုက်ဖို့ ဝန်မလေးဘူး။ သေတာတောင် နှမချင်းမစာမနာ အောက်ခံဘောင်းဘီအရောင် ပါးစပ်အရသာခံပြီး သရော်တဲ့ အမျိုးယုတ်စစ်သားတွေကို ဘာကိစ္စ အောက်ကျခံရမှာလဲ။ ဖြိုးမင်းသိန်းလို အသက်ရှင်သန်ရခြင်းထက်စာရင် သေခြင်းတရားက အများကြီး မြတ်တာပေါ့။ ကိုကိုကြီးလို သရဲဘောကြောင်မယ့်အစားတော့ ကိုဂျင်မီလို အသေခံပလိုက်မှာပေါ့။ လူကြီးတွေအတွက် ဝေခွဲမရ ချီတုံချတုံ တွန့်ဆုတ်နေတဲ့ ဆုံးဖြတ်ချက်တွေဟာ လူငယ်တွေအတွက်တော့ နှစ်ခါစဉ်းစားစရာ မလိုပဲ အဖြေထွက်ပါတယ်။

ဆေးရုံပေါ်မှာ ကိုယ်ခွဲပေးထားတဲ့ လူနာလေးက ၁၈ နှစ်ပဲ ရှိသေးတယ်။ တော်လှန်ရေးမှာ သူ့ကိုခေါ်ကြတဲ့နံမည်ကတော့ မိုးကြိုး တဲ့။ မြို့ပေါ်ကို စစ်ဆင်ရေးထွက်နေတုန်းမှာ သူအိပ်တဲ့နေရာကို အဝိုင်းခံရတယ်။ ထွက်ပြေးလို့ မလွတ်လောက်ဘူး လို့ သိတဲ့အခါ ဒီလူတွေလက်ထဲမှာ အနှိပ်စက်မခံနိုင်ဘူး ဆိုပြီး သူ့လက်ကောက်ဝတ်သူ ဓါးနဲ့လှီးတယ်။ ဗိုက်ကို ဓါးနဲ့ခွဲပြီး အထဲက အူတွေ အခွေလိုက်ဆွဲထုတ်ပြီး ဖြတ်ပစ်တယ်။ သတိလစ်မသွားမချင်းပေါ့။ သေပြီဆို ပစ်ထားခဲ့ပြီး မနက်လင်းတဲ့အခါ အသက်ကလေးမျှင်းမျှင်းကျန်သေးလို့ ကိုယ့်ဆီပို့လာတာ။ သွေးလှူရှင်ဆီက သွေးထုတ်ပြီး ခွဲခန်းထဲတန်းပို့ခဲ့တယ်။ ခုတော့ ကောင်းသွားပြီ။ မသေဘူး။ သူများကိုသတ်ရဲသလောက် ကိုယ့်အလှည့်ကျရင် ရှိခိုးဦးတင် လက်နက်ချတဲ့ စစ်ဗိုလ်တွေနဲ့များတခြားစီ။

လူဆိုတာ တစ်သက်မှာ တစ်ခါ သေရတဲ့သူချည့်ပဲ။ ကိုယ်တို့ဘက်က ပြည်သူတွေမှ သေရတာ မဟုတ်ဘုး။ သူတို့ဘက်က စစ်ခွေးတွေလည်း သေလိုက်ရတာ သောက်သောက်လဲ။ သူတို့သေရင်တော့ တလောကလုံး ဝမ်းမြောက်ဝမ်းသာ ကောင်းချီးဩဘာပေးကြတာဗျ။ တစ်သက် တစ်သက်ချင်းတူပေမယ့် ကိုယ်တို့တတွေရဲ့ သေခြင်းတရားက လင်းလက်တောက်ပစွာ၊ ရဲဝံ့ထင်ရှားစွာ ဇီဝိန်ချုပ်ရတာ။ သူတို့ဘက်က သေခြင်းတရားက ဘာတန်ဖိုးမှ မရှိဘူး။ များလေ မြန်လေ ကောင်းလေ။ တစ်ယောက်မှ မကျန်ရင် အကောင်းဆုံး။

အမှန်တော့ စစ်ပွဲက ဒီမှာတင် အရှုံးအနိုင် အဖြေထွက်နေပါပြီ။ အခု ကျန်တာက သူတို့ဘက်က ကျဆုံးခန်းတွေကို တစ်ရက်ပြီးတစ်ရက် အရသာခံ ရှုစားဖို့ပဲ ရှိတော့တယ်။ စစ်ခွေးနိဂုံး ၂၃ ပဲ။ နောက်တစ်နှစ်ဆိုတာ မရှိတော့ဘူး။ လွတ်မြောက်နိုင်မယ့် ထွက်ပေါက်ထွက်လမ်းလည်း မမြင်ဘူး။ ကိုယ့်အတတ် ကိုယ်စူးပြီ။ ကြူကြူရေ ရူးဟူဟူးဟူဘီ။ ညတိုင်း မျက်စိနှစ်လုံးပိတ်တာနဲ့ ထမင်းလုံး တစ္ဆေခြောက်ခံရတော့မှာ။

၈၈ မှာ အာဏာသိမ်းတော့ တပြည်လုံးမှာ အုံကြွတော်လှန်တဲ့ ပြည်သူတွေကို သတ်ခိုင်းဖို့ စစ်ဗိုလ်တွေကို အမိန့်ပေးတဲ့အခါ မဆလခေါင်းဆောင်တွေက ရှူးတိုက်ပေးခဲ့တဲ့စကား ကြားဖူးတယ်။ “မင်းတို့ လူတစ်သောင်း မသတ်ရပါဘူးကွာ။ ကြောက်အောင်လုပ်ပေးနိုင်ရင် ငြိမ်သွားပါလိမ့်မယ်။” တဲ့။ ဒီနေ့ကလေးတွေကို သူတို့က ကြောက်အောင် မလုပ်နိုင်လို့လား။ ဟုတ်လား။ ရွာတွေလည်း မီးရှို့နေတာပဲလေ။ ယောက္ခမရွာတောင် မချန်ဘူး။ အထက်အမိန့်အရဆိုရင် ကိုယ်ဖေကိုယ်ရော ကိုယ်မေကိုယ်ရော ဝန်မလေးတဲ့ကောင်တွေ။

ကိုယ်တို့ဘက်ကလည်း လူတစ်သောင်း သေတာလောက်တော့ ဂရုမစိုက်တော့ပါဘူး။ အရပ်သားသန်း ၅၀ ရဲ့ အနာဂတ် မျှော်လင့်ချက်တွေ အညွန့်မကျိုးဖို့ဆိုရင် စစ်သည်ငါးသိန်းလောက်နဲ့ သူသေကိုယ်သေ အသက်ချင်းလဲရတော့ရော ဘာအရေးလဲ။ သေချာ ရေတွက်ထားလေ။ စစ်သားတစ်သောင်း ပြည့်အောင်သေတဲ့ထိ တောင့်ခံနိုင် မခံနိုင်။ စကားတစ်ခွန်းတောင် အတင်မခံနိုင်လို့ ပြန်ဆပ်ခဲ့တယ်။ နားလည်ရဲ့လား။ စိတ်သာချ။ ပေးထားတဲ့ ဝါးချွန်တွေနဲ့ကို တံကျင်လျှိုပြီး နေပူလှန်းပစ်မှာ။ အဲ့ဒီတော့ဘယ်သူ့ဘက်က အင်အားက ကြောက်စရာကောင်းသလဲ။ ဘယ်ဘက်က အားသာသလဲ။ စဉ်းစားကြည့်ပေါ့။

မကြောက်ဘူးလည်း ဆိုသေးရဲ့။ သူ့ကြည့်တော့လည်း စစ်သားတွေရှိဝဲ့အရပ် မနေရဲလို့ ပြေးလိုက်တာမှ မှုန်လို့။ UN တွေ ASEAN တွေအထိ ကြားအောင် ကယ်ပါယူပါ တစာစာအော်နေတာ ဘာသဘောလဲ နားမလည်နိုင်ဘူးလား။ ကိုယ်တို့က မကြောက်ဘူးဆိုတာဟာ ယုန်သူငယ်ကလေးတွေလို ဘာပဲလုပ်လုပ် လည်စင်းပြီး အသေခံမယ် လို့ ပြောတာမှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ်လည်း ဘေးလွတ်အောင် ရှောင်နေမှာပဲ။ မရှောင်နိုင်တဲ့သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်ခွေးတွေရဲ့အန္တရာယ်ကိုလည်း ဖြစ်တဲ့နည်းနဲ့ ရပ်တန့်အောင် တားဆီးရမှာပဲ။ ဒီအတွက်တော့ သေချင်သေသွားပစေ။ ဂရုမစိုက်ဘူး လို့ ပြောတာ။ လိုရင်းအချက်ကို လှိုင်သာယာမှာ လူတွေရာနဲ့ချီသတ်နေကတည်းက ပြောခဲ့ပါတယ်။ ပြေးရင်းပုန်းရင်း စစ်သားတွေသတ်လို့ မသေပဲကျန်တဲ့သူတွေကို ထိုင်ကုနေရတာ အဓိပ္ပါယ်မှ မရှိတာ။ သတ်နေတဲ့ကောင်တွေကို ရပ်တန်းကရပ်ရမှာ မဟုတ်ဘူးလား။ ကိုယ်တို့က စစ်သားတွေကို သေစေချင်လို့ အမုန်းတရားနဲ့ စစ်တိုက်နေတာ မဟုတ်ဘူး။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ဖို့၊ ကလေးသူငယ် အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်နိုင်ဖို့ အာဏာရှင် လက်ပါးစေ ခါးပိုက်ဆောင်တပ်တွေကို ရှင်းလင်းသုတ်သင်ပစ်ရတာ။ ဘယ်သူ့အတွက် စစ်တိုက်တာလဲ ဘာအတွက် စစ်တိုက်တာလဲ မှန်မှန်ကန်ကန် နားလည်ရင်ကို စစ်ပွဲကပြီးသွားပြီ။ စစ်သားဖြစ်ပြီး တရားသောစစ် မုချအောင်ရမည် ဆိုတဲ့စကားကို နားမလည်နိုင်တာလား။ ဘယ်သူက ဘယ်ဘက်က တရားသောစစ်လဲ။ ကိုယ့်ယုံကြည်ချက်အတွက် အသက်စွန့်ရဲတဲ့ သတ္တိရှိလား။ ဉာဏ်ရည်နိမ့်ပြီး အတွေးအခေါ်ညံ့ရင် ရှင်နေလည်း သုံးစားလို့မရပါဘူး။ ပြည်သူအတွက်လည်း အဆိပ်အတောက် ဖြစ်တယ်။ သွားလိုက်တော့။ မင်း သွားလိုက်တော့။ဒီတိုင်းပြည်မှာ မင်းတို့သေရင် ဟဟ ပေးမယ့်သူတွေကလွဲလို့ မရှိတော့ဘူး။ မင်းတို့အတွက်က အဖြေရှာလည်း ဝေး။ မနေသာလည်း ပြေး။ ဒီလိုမှ မဟုတ်ရင်တော့ သေတာပဲ အေးပါတယ် ငါးကောင်တို့ရာ။