ချန်ဂင်တို့စခန်း (၁၅၉)

“မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းစ တန်ခူးလေမှာ…” တဲ့။ သင်္ကြန်သီချင်းတွေတောင် ကြားနေရပြီနော်။ ဒီနှစ်သင်္ကြန်က ကျရောကျဦးမှာလား။ သီချင်းဆိုမယ့်သူတွေကဖြင့် ငွေအကြေတောင် ယူထားပြီးပြီ ထင်ပါတယ်။ VVIP တွေ စီစဉ်တဲ့ပွဲဆိုတော့ “သိကြားမင်းဖျက်တောင် မပျက်နိုင်ပါဘူးရှင်။” လို့ ထင်မှာပေါ့။ ကမ်းခြေဟော်တယ်တွေမှာများဖြင့် အခန်းလွတ်ကို မဆိုထားနဲ့ သောင်ပြင်မှာ အိပ်ယာလိပ်ကလေးပဲ ခင်းအိပ်ပါ့မယ် ဆိုတာတောင် နေရာပေးစရာ မရှိတော့ဘူးတဲ့။ စင်္ကာပူက တိုပါးယိုးကျောင်းမှာတောင် မရင်ရွှေကြီးခေါ်ပြီး “မိချောရေ မိချောရေ။ မေလုံး။” လို့ လုပ်ကြမှာဆိုပဲ။ မအိုင်ရင်းကြီးပါ ဖိတ်လိုက်လေ။ သူ့သားတွေ ဗီဇာရအောင် ပြောပေးမယ့်သူ ရှိတယ် လို့ လက်တို့လိုက်။ တော်လှန်ရေးရဲ့ ကျေးဇူးရှင်တွေဆိုသည်မှာလည်း ကန်တော့ပလ္လင်လို သင်ပုတ်ခုံနဲ့ တန်းစီကန်တော့လို့တောင် ကုန်နိုင်ဖွယ်ရာ မရှိပေါင်ဗျာ။ ထိန်းကျောင်းတည့်မတ်ပေးလိုသော ပဲ့ကိုင်ရှင်ကြီးများကလည်း မနည်းမနော။ […]

ချန်ဂင်တို့စခန်း (၁၅၈)

“ဒီနေ့ နဲ့ မနက်ဖြန်အတွက် သင်ဘာတွေလုပ်ဖို့ စဉ်းစားမလဲ။” တဲ့။ မစဉ်းစားပါဘူး။ စဉ်းစားစရာမှ မလိုတာ။ ဒီနေ့အတွက်ရော မနက်ဖြန်အတွက်ရော အလုပ်တွေ တန်းစီနေတယ်။ ခွဲစရာရှိရင် ခွဲမယ်။ ခွဲစရာမရှိ အတွင်းလူနာတွေ အပြင်လူနာတွေ ကြည့်ရမယ်။ အဲ့ဒီလူနာတွေ ဆေးကုဖို့ လိုအပ်တဲ့ ဆေးဝါး ကိရိယာတွေ ပြည့်စုံအောင် စီစဉ်ရဦးမယ်။ အဲ့ဒီထဲကမှ အချိန်ရလာရင် ယိုယွင်းစပြုလာတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို ပြုပြင်မွန်းမံတဲ့အလုပ် လုပ်ရမယ်။ အလုပ်တွေကို ပုံလို့။ စာရေးတာတောင် သန်းခေါင်ကျော် တရေးနိုးမှ ရေးနိုင်တယ်။ ကိုယ့်အတွက်တော့ ဒီနေ့လည်း မအားဘူး။ မနက်ဖြန်လည်း မအားပါဘူး။ ဒါဆိုရင် ဒီလိုပဲ တောထဲမှာ အရိုးထုတ်တော့မှာလား။ အဇာတသတ် ထိုမင်းသား အနာဂတ်ကို ကြိုမစဉ်းစားလေပြီ။ အဲ့သလိုတော့ မဟုတ်ရပါဘူး။ နေစမ်းပါဦး။ မယ်တော်ဖုရားရယ် […]

ချန်ဂင်တို့စခန်း (၁၅၇)

လတ်တလော စစ်ရေး နိုင်ငံရေး အခြေအနေအရ သည်ကနေ့ညကို သတိ ဝီရိယ နဲ့ နေပါ လို့ သတိလာပေးထားပါတယ်။ ဖြစ်နိုင်ရင်တော့ ဟိုတုန်းကလိုပဲ ဆေးရုံမှာ မအိပ်ပဲ ရှောင်အိပ်ကြဖို့ ပြောတာပေါ့။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ ဆေးရုံမှာ လူနာဆောင် ၂ ဆောင်လုံး စည်ကားနေတာ။ အောက်ဆီဂျင်ပေးပြီး Noradrenaline drip တင်ထားရတဲ့ ill case ကိုက ၂ ယောက် ရှိတယ်။ သူတို့လာပြောတဲ့အချိန်မှာတောင် car accident နဲ့ လူနာလာလို့ အကုန်လုံး ဆေးရုံမှာ ရောက်နေတာ။ “ဆရာကြီးတို့ ရှောင်အိပ်။ ကျွန်တော်တို့ ကျွန်မတို့ စောင့်နေရစ်မယ် ဆိုတဲ့လူတွေကို ကိုယ်ကရော ဘယ်လိုလုပ် ချန်ထားရစ်နိုင်မှာလဲ။ ဟိုတုန်းက အကုန်ရှောင်အိပ်တယ် ဆိုတာ ဆေးရုံမှာ […]

ချန်ဂင်တို့စခန်း (၁၅၆)

ကလေးတွေကို သင်စရာရှိတာ သင်ပေးပြီး တမနက်ခင်းမှာ အလာတုန်းကလိုပဲ ဘာမပြော ညာမပြော အမှတ်တမဲ့လေး လစ်ထွက်ပြီး ပြန်လာခဲ့ပါတယ်။ နောက်သင်မယ့် ဆရာလေးတွေကိုတော့ ကိုယ်ဘာတွေ သင်ထားပြီးပြီ။ ဘာလေးတွေ သင်ဖို့ကျန်ခဲ့တယ်။ အိုဗာပေးပြီး မှာထားခဲ့တာပေါ့။ “ကလေးတွေကို နှုတ်ဆက်သွားဦးမလား။ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ဦးမလား။” ဆိုတော့ “နေပါစေလေ။” ပဲ ပြောခဲ့တယ်။ ဒီတိုင်းပဲ ကောင်းပါတယ်။ အလာတုန်းကလည်း ဆေးရုံကနေ အမှတ်တမဲ့လေးပဲ ထွက်လာလိုက်တာ။ လမ်းခရီး လုံခြုံရေးက ရှိသေးတာကိုး။ စစ်ပွဲတွေ ဟိုနားသည်နား ဖြစ်နေတဲ့ အရပ်မှာ သွားရေးလာရေးက အန္တရာယ်များတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ သူတို့ကိစ္စ သူတို့လာခေါ်ရမှာလေ။ “အန္တရာယ်တွေ ကြုံလာရင် မင်းကစောင့်ရှောက်ထား။ အား အား။” ပေါ့။ စိတ်ချရပါတယ်။ အားလုံးချိတ်ဆက် စီစဉ်ပြီး […]

ချန်ဂင်တို့စခန်း (၁၅၅)

စာသင်တဲ့အလုပ်က ကိုယ့်အတွက် ထမင်းစား ရေသောက်ပါ။ ဆေးကျောင်းမှာ ဆရာလုပ်ခဲ့တာ ၄ နှစ်တောင်ကြာခဲ့တယ်။ ဆာဂျင်ဖြစ်တော့လည်း ကလေးတွေကို ဝါဒ်ထဲမှာ စာသင်ပေးရတာ ပြတ်တယ်လို့ကို မရှိပါဘူး။ သို့သော်လည်း အခုလို တစ်နေ့တည်း ၅ နာရီကြာအောင် ဝမ်းမန်းရှိုးလုပ်ရတာမျိုးတော့ တစ်ခါမှ မလုပ်ဖူးဘူး။ ရေဗူးလေးတစ်ဗူး ဘေးမှာချပြီး တရစပ်ပွါးရတာ လည်ချောင်းတွေနာပြီး အသံတောင် မထွက်တော့ဘူး။ ကြာရင် လည်ချောင်းကွဲပြီး မမငြိမ်းအသံ ဖြစ်တော့မှာပဲ။ အသံတွေနာတာ အရေးမကြီးဘူး။ ဆရာစာသင်တာ monotone ကြီးနဲ့ အိပ်ငိုက်လိုက်တာ လို့တော့ အပြောမခံနိုင်ဘူးလေ။ အငြိမ့်မင်းသမီးများ ကြာပစ်သလို ရှိရှိသမျှ အထီးရော အမပါ ခရာတာတာ ဆိတ်လို့ဆွလို့ သင်တဲ့အခါလည်း သင်ရတာပေါ့။ စင်ပေါ် နဲ့ စင်အောက် ဆိုတာ အပေးအယူ လမိုင်းကပ်မှ […]

ချန်ဂင်တို့စခန်း (၁၅၃)

ယုန်ကလေးတွေက အသည်းငယ်တယ် လို့ ပြောကြတယ်။ ဟုတ်မှာပေါ့။ သူတို့ ကြောက်တဲ့အခါကျရင် ထောင့်တစ်ထောင့်ကို ပြေးစုပြီး တကိုယ်လုံး တုန်နေရော။ ဒါပေမယ့် လူကိုတော့ သူတို့ မကြောက်တော့ဘူး။ လူလာရင် အစာကျွေးမှန်းသိလို့ ခြေဖမိုးလေးတွေပေါ် အတင်းတက်လာတယ်။ ကိုယ်တို့လည်း ယုန်ကလေးတွေလိုပါပဲ။ စစ်ပွဲတွေ ရှိတဲ့အရပ်မှာ အနေကြာတော့ စစ်ကိုသိပ်မကြောက်တော့ဘူး။ ခုရက်ပိုင်း ကိုယ်တို့ဘက်မှာ စစ်ဆင်ရေးတွေ ရှိတယ်။ ကားအသွားအလာတောင် ပေးမဖြတ်တော့ဘူး။ ဂိတ်တွေ ပိတ်ထားတယ်။ ညဘက်ဆို လေယာဉ်လာတယ်။ တခါတခါ သေနတ်သံ လက်နက်ကြီးသံကြားရတယ်။ လူနာလာလို့ အရေးပေါ်ခွဲခန်းပြင်ရတဲ့အခါလည်း ရှိတတ်တယ်။ ဒါ ဘာဆန်းသလဲ။ တစ်ခုမှ မဆန်းဘူး။ ရိုးနေပြီလေ။ ကြောက်ကို မကြောက်တော့ဘူး။ ဒီအခြေအနေတွေ မဖြတ်သန်းရပဲ တော်လှန်ရေးက ပြီးမှာမှ မဟုတ်တာ။ အဲ့တော့ သေခါမှသေရော […]