ချန်ဂင်တို့စခန်း (၁၅၂)

ဒီကိုရောက်ကာစတုန်းက ကိုယ်တို့နေမယ့်အိမ်ကို ရှင်းလင်းပြင်ဆင်ကြတဲ့အခါ မျက်နှာကျက်ပေါ်က သရဲခြောက်သလို တဝုန်းဝုန်း အသံတွေ ပေးတာ ကြားခဲ့ရပါတယ်။ ကြွက်သိုက်ကြီး ရှိတယ်လေ။ ညဘက်ကျရင် အောက်ဆင်းလာပြီး ရှိသမျှအကုန် ကိုက်ဖောက်စားသောက်တယ်။ မီးဆင်ထားတဲ့ ဝါယာကြိုးတွေလည်း ကိုက်ဖြတ်ထားလို့ ခဏခဏတက်ပြင်ရတာပေါ့။ နောက်တော့ တောင်ပေါ်က ဓမ္မဆရာလေးက ကြောင်ပေါက်ကလေးတစ်စုံယူလာပေးတယ်။ ရောက်စကတော့ ငယ်သေးလို့ သူတို့ကိုတောင် ကြွက်ကပြန်မကိုက်သွားအောင် စောင့်ရှောက်နေရတယ်။ နောက်တော့ ကြောင်ရှိရင် ခုတ်ခုတ် မခုတ်ခုတ် ကြွက်က ငြိမ်သွားပါတယ်။ လူနေတာ မနေတာလည်း ကွာတာပေါ့။ လေကြောင်းရန်မအေးလို့ အိမ်မှာမနေပဲ တခြားမှာသွားအိပ်ရတဲ့အခါ ကြွက်တွေ ပြန်ထပါလေရော။ ဘီရိုထဲထည့်သိမ်းထားတဲ့ အနွေးထည်တွေရော၊ ထုပ်ပိုးပြင်ဆင်ထားတဲ့ ကျောပိုးအိပ်တွေရော၊ အကောင်းမကျန်အောင် ကိုက်ပစ်တာ။ အဲ့ဒါနဲ့ အိမ်ကို တံခါးမပိတ်ပဲ ကြောင်တွေ ဝင်နိုင်ထွက်နိုင်အောင် လမ်းပေးရတယ်။ နောက်ထပ် […]

ချန်ဂင်တို့စခန်း (၁၅၁)

ယုန်ကလေးတွေ မေမေက နောက်တစ်သားမွေးတဲ့အခါ နို့ညှာဖြစ်သွားတဲ့ကလေး​တွေကို အိမ်ခေါင်းရင်းမှာ ခြံစည်းရိုးလေးကာပြီး ဆေးရုံမှာခေါ်ထားလိုက်ပါတယ်။ သူတို့လည်း ကျယ်ကျယ်ဝန်းဝန်း ခုန်ပေါက်ပြေးလွှားလို့ရတာပေါ့။ နိုးနေတဲ့တချိန်လုံး ပါးစပ်ကလေး လှုပ်စိလှုပ်စိနဲ့ အစားစားနေတဲ့ကောင်တွေပါ။ အသံကြားလိုက်ရင် နားရွက်ကလေးတွေထောင်ပြီး မတ်တပ်ရပ်ကြည့်တယ်။ မွေးကတည်းက လူတွေလက်ပေါ်ကြီးတော့လည်း လူမကြောက်တော့ဘူးပေါ့။ ဒီလူတွေကပဲ သူတို့ကို အစာလာလာကျွေးတာဆိုတော့ လူမြင်ရင် ကြောင်ကလေးတွေလို အနားလာလာကပ်တာ။ မီးဖိုချောင်ရှိသမျှ အရွက်စိမ်းစိမ်းတွေတော့ တက်တက်ပြောင်အောင် စားနိုင်တယ်။ အကြီး မြန်သားပဲ။ ခြံထဲကနေ အပြင်ကို ခုန်ခုန်ထွက်ရင် ခွေးတွေလိုက်ဆွဲလို့ သေတာနှစ်ကောင်ရှိပြီ။ အခု လေးကောင်ပဲ ကျန်တော့တယ်။ နောက်တစ်မြုံထပ်ပေါက်ထားတဲ့ ၇ ကောင်က ကြွက်ကလေးတွေလောက်ပဲ ရှိသေးလို့ ကြောင်ပါစိတ်ပူရတယ်။ ရွာနီးချုပ်စပ်မှာ လူတွေနဲ့ပဲ ယဉ်ပါးခဲ့ရတော့ အကောင်အကြီးကြီးဖြစ်လာမှ တောထဲမှာ သွားလွှတ်ပေးရင် ဖြစ်သလိုကြုံသလို ရှာဖွေစားသောက်နိုင်ပါ့မလား။ သားရဲတောကောင်တွေ […]

ချန်ဂင်တို့စခန်း (၁၅၀)

အရာဝတ္ထုတွေဟာ နေမြဲနေလိုသော သဘောရှိတယ်တဲ့။ အဲ့ဒီလို ရပ်တည်အင်နားရှား ရွေ့လျားအင်နားရှားတွေကြောင့် အပြောင်းအလဲတွေဟာ အစပိုင်းမှာ လေးပင်ဖင့်နွှဲ ခက်ခဲသလောက် အရှိန်ကလေးရလာတဲ့အခါ သွက်လက်မြန်ဆန် လွယ်ကူသွားပါလေရော။ ကိုယ်တို့တော်လှန်ရေးကြီးဟာလည်း အစပိုင်းမှာ အထနှေးသလောက် အခုများတော့ဖြင့် အရှိန်တွေ အဟုန်တွေ ရနေလိုက်တာ မနေ့က နဲ့ သည်နေ့တောင် အခြေအနေတွေ မတူတော့ဘူး။ ကလေးတွေထိုးစစ်ဆင်နေတဲ့ စစ်မျက်နှာမှာဆို တိုက်ပွဲတစ်ရာရှိရင် အောင်ပွဲတစ်ရာ သာတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေခမျာ ထိတ်လန့်တကြား နတ်ကန္နားပေးယူရတဲ့အထိတောင်ပဲ။ သံခင်းတမန်ခင်းဘက်မှာဆိုလည်း NUG အစိုးရ ဝန်မင်းများက အီဂျစ်နဲ့ အင်္ဂလန် နိုင်ငံခြားကို မောင်သွားထားလေမလား မှတ်ရတယ်။ ကြင်စိုးခမျာမတော့ အင်အားကြီးနိုင်ငံတွေက ဝိုင်း အနိုင်ကျင့်ကြလို့ ဆိုပြီး ပူတင်ကြီး ခြေသလုံး ဖက်ငိုနေရတာ။ စီးပွါးရေးစစ်မျက်နှာ ကြည့်ဦးမလား။ ကိုတင်ထွန်းနိုင်ကြီးက မြေပုံပေါ် ဆော့ပန်နဲ့ခြစ်ပြီး […]

ချန်ဂင်တို့စခန်း (၁၄၉)

ရေမြေတောတောင် သဘာဝတွေက ဥတုရာသီနဲ့ လိုက်လျောညီထွေ ပြောင်းလဲသက်ဝင်နေသလိုပါပဲ။ ကိုယ်တို့ဆေးရုံကို လာပြကြတဲ့ လူနာတွေဟာလည်း နယ်မြေဒေသရဲ့ လက်ရှိ စစ်ရေးနိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး ခုတစ်မျိုး တော်ကြာတစ်မျိုး အဆင်ပြေသလို ဆေးလာကုကြပါတယ်။ တိုက်ပွဲတွေဖြစ်တယ်၊ လမ်းတွေပိတ်တယ်၊ အစစ်အဆေး အဖမ်းအဆီးတွေ ကြမ်းတယ်ဆို လူနာလည်း မလာတော့ဘူး။ သေကောင်ပေါင်းလဲဖြစ်မှသာ “လာပြလို့ ရသေးလား။” ဆို ဒီဘက်က အခြေအနေ စနည်းနာပြီးမှ Ambulance ကလေးနဲ့ လာတယ်။ ညရေးညတာ ဆေးရုံမှာ စိတ်မချရင် ရွာထဲပြန်အိပ်တယ်။ ရွာထဲမှာ စစ်ရှောင်စခန်း ဆို ဖွင့်ထားတဲ့ တဲတန်းလျားကလေးဟာ တကယ်တော့ ကိုယ်တို့ဆေးရုံကို လာပြတဲ့ လူနာတွေ လူနာစောင့်တွေအတွက် နားခိုရာ ဇရပ်ကလေးတွေပဲ။ ဟိုးတလောက အဲ့ဒီထဲမှာ ညဘက်ကြီး ကိုယ်ဝန်ဆောင်တစ်ယောက် ဗိုက်နာနေတယ်ဆိုလို့ […]

ချန်ဂင်တို့စခန်း (၁၄၈)

ကိုရီးယားဇာတ်လမ်းတွဲကို အားကျလို့ ရေးလိုက်မိတဲ့ နွေဦးဒိုင်ယာရီကလေးဟာ မုဆိုးမလေး မဂင်္ဂါလောက် အပိုင်းဆက်တွေ ရှည်လာပြီဆိုတော့ ဖတ်ရတဲ့သူတွေလည်း ပျင်းလာလောက်ရောပေါ့။ ကိုယ်တွေမှာတော့ မပျင်းနိုင်ပါဘူး။ ရင်းထားရတဲ့အသက်တွေထဲမှာ ကိုယ့်အသက်လည်း ပါတာကိုး။ ရုပ်ရှင်ကြည့်တယ် ဆိုတာက ဘယ်လောက်ပဲ စိတ်လှုပ်ရှားစရာကောင်းကောင်း ဇာတ်ကားထဲတော့ ကိုယ်ပါနေတာ မဟုတ်ဘူး။ ဇာတ်သိမ်းတဲ့အခါ ကိုယ့်အိမ်ကိုယ် ပြန်ကြရုံပဲ။ ဒီမှာကတော့ တစ်ကွက်မှားလို့ အစားခံရရင် လူနာအသက်၊ ကိုယ့်အသက်၊ တစုံတယောက်ရဲ့ အသက်၊ အစစ်ကြီး သေရတာဗျ။ ဘယ်သူပျင်းနိုင်မှာတုန်း။ မနက်ခင်းမှာ ချိန်းထားတဲ့ ခွဲလူနာကလေး စိတ်အေးလက်အေး ခွဲ။ ထမင်းစားလို့ ပြီးရုံရှိသေး သွေးသွန်တဲ့လူနာက ဖြူဖျော့ဖျော့နဲ့ ရောက်လာ။ BP က 80/50။ အားလုံးဝိုင်း နှာနှပ်လိုက်ပြီး ၁၅ မိနစ်တောင် မကြာဘူး။ မွေးခန်းထဲ သားအိမ်ခြစ်ပြီးလို့ […]

ချန်ဂင်တို့စခန်း (၁၄၇)

Elective operations တွေ လျှော့ရတဲ့အကြောင်းရင်းက စစ်မြေပြင် ထိခိုက်ဒဏ်ရာရသူတွေကို အားစိုက်အင်စိုက် ကုသနိုင်အောင်လို့ ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဒက်ထိ နဲ့ ကွက်တိ ကို မှန်ပါတယ်။ အခုဆို Gun shot wound တွေကိုလည်း laparotomy လုပ်ပေးနေရတယ်။ Mine injuries တွေကိုလည်း Amputation လုပ်ပေးနေရတယ်။ အဆိပ်လူးငြောင့်စူးတဲ့သူတွေကိုလည်း wound toilet လုပ်ပေးခဲ့ရတယ်။ လာလိုက်ရင်လည်း သွေးထွက်လွန်ပြီး shock ရနေတာချည့်ပဲ။ ချက်ချင်းသွေးရှာ ချက်ချင်းသွေးသွင်းနိုင်မှ ခွဲစိတ်ခံနိုင်ဖို့ အသက်မီတယ်။ အရင်ဦးဆုံးရနိုင်တာကတော့ ကိုယ့်ထဲကိုယ့်ဟာ စခန်းကလူတွေချည့်ပဲ ရှိတယ်လေ။ ကိုယ်တို့ထဲမှာ သွေးမလှူဖူးတဲ့သူ တစ်ယောက်မှ မကျန်ဘူး။ ၂ ခါလောက်တော့ လှူဖူးတဲ့သူတွေချည့်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ထိထိရောက်ရောက် အသက်ကယ်နိုင်တဲ့ အလုပ်မို့လို့ နှမျောတွန့်တို […]