ချန်ဂင်တို့စခန်း (၁၃၈)

ခုရက်ပိုင်း စာသိပ်မရေးနိုင်ပါဘူး။ လိုင်းကလည်း သိပ်မကောင်း။ ပြတ်တောင်းပြတ်တောင်းနဲ့ရယ်။ အဲ့ဒီ မကောင်းတဲ့လိုင်းနဲ့ပဲ စိတ်ရှည်လက်ရှည် အလုပ်တွေပြီးအောင် လုပ်ရပါတယ်။ လူနာတွေကလည်း များလိုက်တာမှဆိုတာ တနေကုန်ကို မနားရပါဘူး။ ခွဲလူနာကလည်း နေ့တိုင်း ၃-၄ ယောက်လောက် ဝင်နေရတာ။ waiting list နဲ့ ထားနေရပါပြီ။ လူနာကုတင်မလွတ်တော့လို့ တချို့လူနာတွေက ရွာထဲမှာ၊ စစ်ရှောင်စခန်းမှာ၊ နေပြီး မနက်တစ်ခါ ညတစ်ခါ သွေးတိုင်း၊ သွေးဖောက်၊ ဆေးထိုး လာကြရပါတယ်။ တချို့လည်း day care center ဆန်ဆန်ပဲ မနက်ဆေးရုံလာ ခွဲ။ ညနေ spinal ပြေတော့ ဆေးရုံဆင်းပြီး အိမ်ပြန်အိပ်ခိုင်းရတယ်။ အကုန်လုံးကတော့ ပြုံးပြုံးပျော်ပျော်ပါပဲ။ ကိုယ်တို့မှာတော့ ပင်ပန်းတာပေါ့။ ညဘက်ဆို ခါးတောင် ပြန်ပြန်နာတယ်။ အစားအသောက်ကတော့ လူနာတွေ […]

ချန်ဂင်တို့စခန်း (၁၃၇)

မနေ့ညကတော့ သန်းခေါင်ကျော် ၂ ချက်တီးကာမှ အဖွဲ့လိုက်ကြီး ဆေးရုံကို ပြန်ရပါတယ်။ “အရေးမကြီးရင် မနက်မှ လာပါလား။” လို့ ပြောရအောင်ကလည်း လူနာက ဗိုက်ကြီးသည်။ ဗိုက်နာနေပြီဆိုတော့ ပြန်ရမှာပေါ့။ “ခေါ်လာခဲ့လေ။ ဆေးရုံကို။” ဆိုတော့ “ခေါ်စရာ မရှိဘူး။ စစ်ရှောင်စခန်းမှာ နေတာ။ ပို့မယ့်သူလည်း မရှိ။ သားအမိ နှစ်ယောက်တည်းရယ်။” တဲ့။ ဖြစ်မှဖြစ်ရလေ။ ဆံထုံးလည်းစိုက် ဆီလည်းစိုက်။ အနှီးတွေ ကလေးအဝတ်အစားတွေပါ စိုက်မွေးပေးရုံနဲ့တောင် မရသေးပါလား။ ဖုတ်သွင်းရထားနဲ့ပါ သွားပင့်ရတဲ့ မဟာဇနက္ကဗိုက်နဲ့ လာတိုးနေတယ်။ သည်းညည်းခံရတာတွေလည်း မိုင်ကုန်နေပါပြီ။ စိတ်တိုပေမယ့်လည်း သွားခေါ်ရတာပါပဲ။ စစ်ရှောင် စခန်းဆိုတော့ ဒုက္ခသည်ပဲ ဥစ္စာ။ အိပ်ရေးပျက်တာတော့ ကိုယ်တွေတင် မကပါဘူး။ ဆေးရုံရှိသမျှ လူနာတွေ အကုန် လန့်နိုးတယ်။ အော်လိုက်တာမှ […]