ချန်ဂင်တို့စခန်း (၁၃၆)

ဒီမနက် မိုးတွေရွာပြန်ပြီ။ ပိုအေးလာတာပေါ့။ ရာသီဥတုက ကြမ်းတော့ ပန်းနာသမားတွေ ရင်ထထကြပ်ကြတယ်။ ဆေးရုံမှာ မှုတ်စက်ကလေးနဲ့ ရှုလိုက်ရင် ချောင်သွားမှန်း သိနေကြတော့ ဆေးကို မှန်မှန်မသောက်ပဲ ရင်ကြပ်ခါမှ ဆေးရုံပြေးပြေးလာကြတယ်။ ညကြီးသန်းခေါင် ဆေးရုံပြန်ပြီး လူနာကြည့်ရတာ အဆင်မပြေပါဘူး လို့ ဘယ်လောက်ပဲ ပြောပြော လူဆိုတာ ကိုယ့်ကိစ္စပဲ ကိုယ်သိကြတာလေ။ အလကားရတဲ့အရာတွေဆိုတော့ မရှိတော့တဲ့အခါကျမှပဲ တန်ဖိုးနားလည်ကြမယ့်သူတွေ။ သူတို့ရှူချင်တဲ့ လေမှုတ်စက်ကလေးက မီးစက်နှိုးမှ အလုပ်လုပ်တာ။ မီးအားမမှန်ရင် အငွေ့မထွက်ဘူး။ ဒါနဲ့ စက်အသစ်တစ်လုံး ထပ်ဝယ်ထားပြီး မေ့ဆေးဆရာဝန်ဆီ အကူအညီတောင်းတဲ့အခါ ဆရာမေ့က မီးမထွန်းပဲ အငွေ့ထွက်တဲ့ ပပဝတီဆေးငွေ့လွှတ်ဗူးကလေးတွေ ပို့ပေးတာ အဆင်ပြေသွားတယ်။ သို့သော်လည်း ရေရှည်ကျ ဆက်မသုံးနိုင်တော့ပဲ မီးစက်ပြန်နှိုးရတယ်။ သူက အောက်ဆီဂျင်ဆလင်ဒါနဲ့ တွဲသုံးရတာလေ။ ဒီတစ်လနှစ်လအတွင်း အောက်ဆီဂျင် […]

ချန်ဂင်တို့စခန်း (၁၃၅)

ခရစ္စမတ်ဟာ နှင်းမပါရင် အတုတောင် လုပ်ယူရသေးတာပဲ။ ကိုယ်တို့ဆီမှာတော့ အတုလုပ်စရာ မလို။ တကယ့်နှင်းအစစ်တွေ ကျနေပါတယ်။ ရုပ်ရှင်ထဲကလို ရေခဲခြစ်အဖတ်ကလေးတွေ မဟုတ်ပေမယ့် မနက်ခင်း မြူနှင်းတွေက နွားလှည်းကလေးတွေ လာရင်တောင် အသံပဲကြားရပြီး အနားရောက်မှ ဘွားကနဲမြင်ရတဲ့အထိ အုံ့ဆိုင်းမှိုင်းဝေနေတာ။ မနက်စောစောခွဲရင် လူနာတွေ ချမ်းကြလို့ နေကောင်းကောင်းပွင့်အောင် စောင့်ခွဲရတာ အချိန်တွေ နောက်ဆုတ်ပစ်ရတယ်။ နေက ထန်းတစ်ဖျားရောက်လို့လည်း မှုန်ဝါးဝါး၊ ဆွမ်းခံပြန်တော့လည်း မှုန်ဝါးဝါးပဲ။ ဆွမ်းစားချိန်လောက်ရောက်မှ လင်းလင်းချင်းချင်း ပူတယ်။ ဒီလိုနဲ့ပဲ မီးပုံလေးတွေ ပြန်ဖိုဖြစ်တော့တယ်။ ထန်းပင်မြစ်ကလေးတွေ ပေါ်ပေမယ့် အညာမှာလို မချိုဘူး မမွှေးဘူး။ နည်းနည်းသက်တယ်။ ခေါပုတ်ကလေးတွေကင်စားတာပဲ ကောင်းတယ်။ အာလူးပူရီလေးတွေလို ဖောင်းဖောင်းကြွပ်ကြွပ်လေး ဖြစ်လာပြီး အတွင်းသားက အိအိမွှေးမွှေးလေး။ ပူတုန်းစားရတာ အရသာ။ လူရည်လည်လာတော့ ကိုယ်တို့လည်း […]

ချန်ဂင်တို့စခန်း (၁၃၄)

ဒီဇင်ဘာလကြီးပေမယ့် မိုး က ရွာချင်လည်း ရွာတာပါပဲ။ မနက်လင်းတဲ့အချိန် တိတ်သွားလို့ တော်သေးတာပေါ့။ မိုးရွာလိုက်တဲ့အတွက် ခါတိုင်းလို နှင်းတွေမြူတွေ မပိတ်ပဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီး ဖုန်တထောင်းထောင်း ထနေကျ လမ်းကလေးတွေလည်း စိုစိုစွတ်စွတ်နဲ့ ဖုန်သိပ်သွားတယ်။ သစ်ပင်သစ်ရွက်ကလေးတွေက ရေချိုးပြီးကာစ လူတစ်ယောက်လို သစ်သစ်လွင်လွင် ဖြစ်သွားတယ်။ အအေးပေါ့သွားသလို ရှိပေမယ့် နေထွက်ချိန်မှာ တိမ်တွေအုပ်လိုက်ဆိုင်းလိုက်နဲ့ဆိုတော့ နွေးတဲ့ဆီ မရောက်တော့ဘူး။ နေရောင်လေးမြင်ရင် အပြင်ထွက်ထွက် လှုံရတာ အမော။ ခါတိုင်းလို ချောင်းထဲမှာ ရေမချိုးနိုင်တော့ဘူး။ မီးစက်နှိုးပြီး ရေနွေးစက်ကလေးနဲ့ ချိုးရတယ်။ ခွဲခန်းထဲမှာ drip သွင်းရင်တောင် ရေနွေးခွက်ကလေးထဲ ဖြတ်ပြီးမှ လူနာကိုယ်ထဲ ပေးဝင်ရတယ်။ နို့မို့ဆို ချမ်းတုန်တက်လာတတ်လို့။ ရေနွေးအိပ်ကလေးတွေလည်း ပြန်ပြင်ရတယ်။ အေးခဲ့ပြီလေ။ လူနာတွေလည်း ချမ်းရှာကြတယ်။ စောင်ခြုံကလေးနဲ့ […]

ချန်ဂင်တို့စခန်း (၁၃၃)

ရန်ကုန်မှာ မီးတွေ အရမ်းပြတ်နေတယ် လို့ ပြောကြတယ်။ ကိုယ်တို့ဆီမှာတော့ မီးစက်မနှိုးပဲကို မီးတွေအလိုလို လာနေတာ ဘာကြောင့်မှန်းလဲ မသိပါဘူး။ မိန်းခလုတ်တွေ ချထားပေမယ့်လည်း လာချင်တဲ့အချိန်လာနေတယ်။ ဆိုလာ နဲ့ အင်ဗာတာက ရေခဲသေတ္တာနဲ့ပဲ ဆက်ထားတာ။ အိမ်မီးတွေနဲ့ မဆက်ဘူး။ အစပိုင်းတော့ တခါတလေ လာတာ။ ဒီနေ့တော့ တနေကုန်လာနေလို့ မလိုချင်တဲ့မီးတွေ ခလုပ်ပိတ်ထားရတယ်။ ညဘက်ကို ကိုယ်တို့ မီးမထွန်းဘူး။ ခွဲခန်းရှိမှ ရေတင်မှ မီးစက် နှိုးတာ။ သို့သော်လည်း မီးစက်မနှိုးပဲ မီးလာလာနေတော့ ဒီဇယ်ကုန် သက်သာတာပေါ့လေ။ မနက်ခင်း ကိုယ်တို့ ဆေးရုံကိုပြန်ဝင်တဲ့အချိန်ဆို မီးတွေလင်းနေပြီ။ အစပိုင်း တစ်နာရီ နှစ်နာရီလောက်။ ဒီနေ့တော့ ညနေစောင်းတဲ့ထိ လာနေတာ။ လူနာတွေတောင် ဖုန်းအားသွင်းလို့ ရနေတယ်။ ဘာ့ကြောင့်လာလာ လာရင်ကောင်းတာပေါ့။ […]

ချန်ဂင်တို့စခန်း (၁၃၂)

လူ့ပြည်လူ့ရွာက မယ်လမုကလေးဆီကို မာတလိ နဲ့ ဝိသကြုံတို့ ကျေးသားငှက်ငယ်အသွင်နဲ့ သိကြားရေစင် အပို့လွှတ်ရသလိုပါပဲ။ “ရှူရှူမပါတာ လေးငါးရက်ကြာ။ ဒီအရေး တွေးရခက်ကြီးပါ။” ဆိုတဲ့လူနာကို မန္တလေးအရောက်ပို့ရတာဟာလည်း ရင်တမမ ဖင်တကြွကြွ စိတ်ပူရတယ်ဗျ။ အခုလေးတင် ရောက်ပြီဆိုမှ စိတ်ချလက်ချ ဆက်စီစဉ်နိုင်တယ်။ လမ်းမှာတင် ၂ ရက်ကြာသွားပါသော်ကော။ ဆီးကလေးတော့ တိုရေရှားရေ တခါတလေ ထွက်တယ် ဆိုလို့ တော်သေးတာပေါ့။ တစ်ဆင့်တော့ တက်ပြီ။ တစ်တောင်ကျော်ဖို့ပဲ ကျန်တော့တယ်။ ဆေးရုံထဲ ဝင်ကြရအောင်လေ။ “နားထောင်မှာလား အချစ်ရယ်။ ငြင်းပယ်မှာလည်း စိုးရွံ့မိပါတယ်။” ဆိုတဲ့ love scene လေး ထည့်ရိုက်ရဦးမယ်။ ဒါပဲနော်။ ပြန်မချစ်လို့ကတော့ ဖေ့စ်ဘုတ်ပေါ် ရောက်နေမှာ။ ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ တောင်းပန်တာပါ။ “နည်းနည်းဖြစ်ဖြစ် ချစ် ချစ် […]

ချန်ဂင်တို့စခန်း (၁၃၁)

“ထင်လည်းထင်ထားတယ်၊ ပြင်လည်းပြင်ထားတယ်။” ဆိုတဲ့ကိစ္စတွေဟာ တကယ်တမ်းဖြစ်လာတော့လည်း တော်တော်ပင်ပန်းတာပဲ။ လမ်းတွေပွင့်ရင် လူနာတွေ လာမှာပေါ့။ လာပစေ။ လာရင်ကုနိုင်အောင် စီစဉ်ထားတယ် ဆိုပေမယ့် တကယ်တမ်း လာကြတဲ့အခါ တနေကုန်ကို မနားရပါဘူး။ မနေ့ကဆို ကားနှစ်စီးတိုက် တပြိုင်တည်း ရောက်လာကြတယ်။ ဗိုက်လူနာချည့်ပဲ သုံးလေးယောက်ပါတယ်။ လာရတာ စားရိတ်ထောင်းတဲ့အတူတူ package tour နဲ့ ကားတစ်စီးစာပြည့်အောင် စုလာတော့ သက်သာတယ် မဟုတ်လား။ သူတို့ သက်သာရင် ကိုယ်တွေ မသက်သာဘူးသာ မှတ်ပါလေ။ လူနာကျတဲ့အချိန် မွေးလူနာက ဗိုက်နာ။ ကလေးလည်းထွက်ပြီးရော သားအိမ်ကောင်းကောင်း မကျုံ့လို့ သွေးတွေကသွန်။ မွေးခန်းထဲမှာ တစ်သုတ်။ ဆေးထည့်ခန်းထဲမှာ လက် ဓါးရှတဲ့လူနာကို ချုပ်နေတာက တစ်သုတ်။ ကိုယ်နဲ့အတူတူ သွေးလှူရှင်ရှာပြီး Donor screening လုပ်၊ […]