မနက်ခင်း နှင်းတွေကျတာ ပိတ်ပိတ်ကိုပိန်းနေတာပံ။ မနှစ်တုန်းက နှင်းဝေတဲ့ဆောင်းမှာ ကြာတာတွေ သိပ်များခဲ့ပေမယ့် ဒီနှစ်မှာတော့မကြာတော့ပါဘူး။ တော်တော် အရှိန်ရလာပြီ။ စာရေးရတာတောင်မှ နေ့စဉ်မှတ်တမ်းဆန်ဆန် ဒီနေ့ဘာဖြစ်ခဲ့သလဲ အကြောင်းအရာကနေ live လွှင့်သလိုမျိုး “အခုဖြစ်နေတာလေ” ဆို အချိန်နဲ့ တပြေးညီ အမီလိုက် ရေးနေရသလိုပဲ။ ညက အိပ်မပျော်ခင် စာတစ်ပုဒ် အဆုံးသတ်ပြီး တင်ပေးလိုက်ရင် မနက်ကျတော့ နောက်တစ်ပုဒ်အတွက် နိဒါန်းပြန်စနေရပါရောလား။ အရင်ဆုံး ရေးပြရတဲ့ အကြောင်းအရာကလည်း”စိတ်မပူပါနဲ့။ ဘေးကင်းပါတယ်။” ဖြစ်လာပြီဗျ။ စာဖတ်သူတိုင်းကတော့ စိတ်တွေပူပြီး ဘေးကင်းပါစေ ဝိုင်းဆုတောင်းပေးကြတာပေါ့လေ။ ကိုယ်ကိုယ်တိုင်လည်း သတိကြီးစွာ ထားပြီးနေပါတယ်။ တိုက်ပွဲက အသံကြားရတဲ့အရပ်ထိ နီးလာပြီဆိုတော့ အရေးကြီးတဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး သယ်ဆောင်ရန် အသင့် ပြင်ဆင် ထားရတယ်။ တကယ်တော့ အသက်ထက် ဘယ်ပစ္စည်းမှ တန်ဖိုးမကြီးပါဘူး။ […]
Month: November 2022
ချန်ဂင်တို့စခန်း (၁၂၀)
အို ဟိုး တရံတခါဆီက ပုဂံရာဇဝင် အချစ်ဇာတ်လမ်းမှာ မှတ်တမ်းတင်တဲ့ မင်းကျန်စစ် နှလုံးသားဝေဒနာကို နားမလည်နိုင်ပေမယ့်လည်း ကိုယ်တို့ဆေးရုံက မဏိစန္ဒာ ရဲ့ ကျောက်ကပ်ဝေဒနာကိုတော့ ဖြစ်တဲ့နည်းနဲ့ နားလည်အောင် ကြိုးစားနေရပါတယ်။ အစတုန်းက နောက် ခေါ်နေတယ် အောင့်မေ့တာ။ သူ့နံမည် အရင်းကိုက မဏိစန္ဒာပါတဲ့။ ပိုးအိစံ ခရေစီတွေက မွေးထားလား မသိပါဘူး။ ကောင်မလေးက ခုမှ အသက် ၂၀ ရှိသေးတာပါ။ အထင်တော့ မသေးနဲ့နော်။ သူက သူ့ကျန်စစ်သားနဲ့တောင် တွေ့ပြီးသွားပြီ။ အိမ်ထောင်နဲ့။ ကောင်လေးက သူ့ကို ဂရုစိုက်ရှာပါတယ်။ မဏိစန္ဒာရဲ့ ဝေဒနာက နှလုံးသားဝေဒနာ မဟုတ်ပါဘူး။ ကျောက်ကပ်ဝေဒနာပါ။ သူ့တကိုယ်လုံးက “လဝန်းလေးနဲ့တူတယ် မေ့ကိုလားကွယ်” ဖြစ်နေရှာတယ်။ ဖောဖောကို ယောင်လို့။ ကိုယ်တို့ဆီကို သူလာပြတာ ဇွန်လကတည်းက။ […]
ချန်ဂင်တို့စခန်း (၁၁၉)
ဒီနေ့ည မီးစက်ပိတ်ချိန်လောက်မှာ လူနာတစ်ယောက် ပို့လို့ရသေးလား မေးလာလို့ ကိုယ်တို့လည်း ပြင်ဆင်ပြီး စောင့်နေပါတယ်။ တခြားရွာက လာမှာပါ။ ဒါပေမယ့် လူနာက ရောက်လာတဲ့အချိန်မှာ အသက်မပါလာသလောက်ပါပဲ။ ကားပေါ်က ချချချင်း တစ်ချက်နှစ်ချက် မေးထိုးပြီး အသက်ပျောက်သွားတယ်။ မနက်တုန်းက အကောင်းကြီး ဆိုတာကလွဲလို့ ဘာတစ်ခုမှ မေးမရပေမယ့် ကိုယ်ကတော့ သူဘာကြောင့်သေလဲ ချက်ချင်း cause of death ရှာလို့ရသွားပါတယ်။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျဦးမယ်။ မနှစ်က ဆယ်ဇင်းမှာကတည်းက ဒါမြင်ရင် ဒီကောင် ဘာကောင် လို့ တန်းပြီး ဟောကိန်းထုတ်နိုင်တာ စာထဲထည့်ရေးဖူးပြီးသားပါ။ ဒါပေသိ ပူပူနွေးနွေး အလောင်းကောင်ကြီး ရှေ့ထားပြီး “ပေါက်တဲ့သူ မှန်မှန်ပြော အီးဘွတ်တရားဟော” မလုပ်နိုင်ပါဘူး။ ဥက္ကဌ လာတော့မှ တိုးတိုးတိတ်တိတ် လက်ကုပ်ပြီး ခေါ်မေးကြည့်တယ်။ […]
ချန်ဂင်တို့စခန်း (၁၁၈)
မနေ့ကတော့ တနေကုန် အလုပ်တွေများပြီး ထမင်းတောင် အလုအယက် စားရတဲ့ နေ့တစ်နေ့ပါပဲ။ မနက်စောစောကတည်းက တညလုံး သတိလစ်နေတဲ့ overdose တစ်ယောက် လာပို့တာ ဆေးရုံကိုရောက်တော့ အသက်ကမျှင်းမျှင်းကလေးပဲ တချက်တချက် ရှူတော့တယ်။ တောင့်တင်းအေးစက်နေပြီ။ တော်တော်ကြီး နှာနှပ်ယူရတာ။ ဖြေဆေးတွေ မရအရ ဆောင်ထားလို့သာ တော်တော့တယ်။ ရလိုရငြားဆို လိုက်ဆယ်တာ မောင်မင်းကြီးသား အသက်ပြင်းတော့ ပြန်ပြန်ပါလာတယ်။ ဒါတောင်တနေကုန် စောင့်ကြည့်ရတယ်။ Naloxone ၃ ခါ ထိုးယူရတာ။ အသက်ရှူနှေးနှေးပြီး ရပ်သွားပြန်ရင်း နှာစွပ်ကြီးနဲ့တေ့ပြီး ဘောလုံးကိုညှစ်ပေးရပြန်ရင်း။ airway ထည့်လိုက်ရင်လည်း အစာတွေ အန်အန်ထွက်လာရော။ အန်ဖတ်ဆို့မှာကိုလည်း ကြောက်ရသေးတာ။ သွေးပေါင်တိုင်းမရ။ သွေးကြောရှာမရနဲ့။ တဆေးရုံလုံး ဝိုင်းဝိုင်းလည်အောင် ပြုစုလိုက်မှ ခုမနက် သတိလည်လာပြီး ငုတ်တုတ်ထထိုင်တယ်။ သူ့မေးရင်တော့ “အို […]
ချန်ဂင်တို့စခန်း (၁၁၆)
အဖိတ်နေ့ရောက်ပြီ။ မိုးလည်းကုန်ပြီ။ နှင်းလည်းဝေပြီ။ ပီပီပြင်ပြင် ဆောင်းတွင်းရောက်ခဲ့ပြီ။ ဗွက်လမ်းလေးတွေ ဖုန်တထောင်းထောင်း ထလို့ ခရီးလမ်းပန်း ပွင့်လင်းခဲ့ပြီ။ မျှော်လင့်ထားတဲ့အတိုင်း ဟိုးသံလမ်းရိုးဘက်က လူနာတွေ တဖွဲဖွဲရောက်လာကြလို့ တနေကုန် ဆေးရုံမှာ စည်ကားပြီး တစ်ရက်နှစ်ရက်အတွင်းကို လူနာတွေ ပြည့်လုနီးပါး ပြန်ဖြစ်သွားပါတယ်။ တချို့လူနာတွေကို ချက်ချင်းခွဲဖို့တင်တယ်။ တချို့ကို သေချာပြင်ဆင် ရက်ချိန်းပေးပြီးမှ ပြန်ခေါ်ထားတယ်။ မြို့ကလာတဲ့လူနာတွေများတော့ သူတို့အပြန်မှာ သွေးဖောက်ထားတာလေးတွေ ဓါတ်ခွဲခန်းပို့ပေးပါ လို့ လူကြုံပါးရတယ်။ ဒါဆိုမဆိုးပါဘူး။ ဓါတ်ခွဲခန်းနဲ့ လက်လှမ်းမီတာပေါ့။ requisition form နဲ့တော့ ရေးမပေးနိုင်ပါဘူး။ တော်နေကြာ ရှိသမျှ ဓါတ်ခွဲခန်းတွေ လိုက်ဖမ်းနေမှာစိုးလို့။ ကချင်တွေကို အတိအလင်း စစ်မျက်နှာဖွင့်အပြီးမှာ ဆရာဝန်တွေဘက်ကိုလည်း ထိုးစစ်ဆင်နေပြီ မဟုတ်လား။ အထူးကု ဆရာဝန်တွေရှိတယ်။ ခွဲခန်းလည်းရှိတယ်။ အာထရာဆောင်းတွေ ဓါတ်မှန်တွေလည်း […]
ချန်ဂင်တို့စခန်း (၁၁၅)
လေယာဉ်ပျံတွေက နေ့နေ့ညည လာနေတဲ့အခါ ကိုယ်တို့လည်း လေကြောင်းရန်ကင်းအောင် ဘယ်လိုနေရမလဲ ဘဝပေးအသိနဲ့ သိလာပါပြီ။ ကောင်းကင်ပေါ်က လေယာဉ်အသံကြားရုံနဲ့ “ကျုပ်သားကိုတဲ့ စွန်ချီ၊ ငှက်ပလီ ဘယ်ကိုကြွပါလိမ့်။ ပြန်ချပါအုန်းဟုန်းဟုန်း။” ဆို နောက်က ပြေးလိုက်စရာ မလိုသလို စစ်ခွေးတွေလှောင်နေသလိုမျိုး “မိုးရွာရင် မိုးရေချိုးမယ်။ လင်ဘျံလာရင် ကျင်းထဲပြေးပုန်းမယ်။” ဆိုတဲ့ အစားထဲကလည်း မဟုတ်ပါဘူး။ နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထဝီ မြေကြီးပေါ်မယ် ကိုယ့်ဆီတည့်တည့် မှန်အောင် မပစ်နိုင်မချင်း အသက်နဲ့ အဝေးကြီးပါ။ အသံကြားရင် ဖျားကြတဲ့ ကျားမ ခင်စိန် ဆိုတာ သားဗိုလ်အောင်ဒင် ခေတ်မှာပဲ ရှိမယ်။ လေယာဉ်တက်ရင် တက်တဲ့အကြောင်း ဖုန်းကချက်ချင်းရောက်ပြီးသား။ ရှောင်ချင်သပဆိုရှောင်၊ မရှောင်ချင်လည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေရုံပဲ။ Air strike နဲ့ သေရတာ […]