ချန်ဂင်တို့စခန်း (၁၀၃)

ကိုဗစ်ဟာ တုပ်ကွေးယောင်ဆောင်ပြီး ဆရာဝန်ဆီကို ရောက်လာကြပေမယ့် ကိုယ်တို့ မျက်စိထဲမှာတော့ သိုးရေခြုံထားတဲ့ ဝံပုလွေကြီးကို ကြည့်ရသလိုပါပဲ။ တုပ်ကွေး က တုပ်ကွေး။ ကိုဗစ် က ကိုဗစ်။ ကွဲကွဲပြားပြား မြင်ပါတယ်။ လူနာကို အိပ်သွန်ဖာမှောက် လှန်လှောစမ်းသပ်စရာ မလိုပဲ မျက်နှာလေး ရဲနေတာ မြင်ရုံနဲ့ အဖျားတက်နေမှန်း သိတယ်။ ဟိုဘက်ခန်းက ချောင်းဆိုးသံလေး ကြားရုံနဲ့ လည်ချောင်းတွေ တော်တော်နာနေလောက်ပြီ လို့ သိတယ်။ အိမ်သာတံခါး ဖွင့်တဲ့ပိတ်တဲ့အသံ ခဏခဏ ကြားရုံနဲ့ ညက သူ တစ်ညလုံး ဝမ်းတွေသွားနေလိမ့်မယ် လို့ သိတယ်။ ဒါတွေ အကုန်လုံးက မုဆိုးစိုင်သင် သင်သွားတာပဲလေ။ လူနာတွေ ကြည့်ဖန်များလာတဲ့အခါ အလိုလို ကျွမ်းကျင်လာလိမ့်မယ်။ အခုတွေ့ရကြားရသလောက်တော့ သူတို့ခံစားနေရတဲ့ ကိုဗစ်ဟာ သာမာန် […]

ချန်ဂင်တို့စခန်း (၁၀၂)

“နေသာခိုက်မှာ မြင်လို့လေ တွေ့တဲ့အခါတိုင်းလည်း မိုးမအုံ့ပါဘူး မပြောသာ ခန့်မှန်းလို့ မရကောင်းတဲ့ အကြောင်းအရာ အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ။” လောကကြီးမှာ လျှို့ဝှက်ချက်တွေကတယ်လည်း များပေတာပဲ။ အခုလေးပဲ ကိုယ်တို့ကို ဆာပရိုက်အကြီးကြီး တိုက်သွားတယ်ဗျ။ မနေ့က ဆရာသွား နေမကောင်းဘူး။ ဆေးတွေဘာတွေထိုးရတယ်။ သူကတော့ တုတ်ကွေးမိသွားပြီ ဆိုပြီး အိပ်ယာထဲ ခွေနေတာ။ ဒီနေ့ကျ ထမင်းလည်း မစားဘူး။ ဝမ်းလည်းသွားတယ်တဲ့။ ဆေးရုံက ကလေးနှစ်ကောင်လည်း လည်ချောင်းနာပြီး ကိုက်ခဲနေသတဲ့။ ဒါလောက်ဆို သိပြီ။ until proved otherwise ပဲ။ swab ယူခိုင်းလိုက်တော့ positive ထွက်လာရော။ သေပြီဆရာ။ တစ်ဆေးရုံလုံး အကုန် swab ယူရပြီ။ ၆ ယောက် positive ထွက်လာတယ်။ ကိုယ်တော့ မပါသေးဘူး။ […]

ချန်ဂင်တို့စခန်း (၁၀၁)

မိုးကုန်ပြီအထင်နဲ့ ဘက်ဖိုးတွေ ဒမ့်ထရပ်တွေ လုပ်အားပေးခေါ်ပြီး ပျက်နေတဲ့လမ်းတွေ ပြန်ခင်းနေဆဲမှာ မိုးက သည်းသည်းမည်းမည်း ၂ ရက်လောက် ဆက်ရွာလိုက်တာ လုပ်ထားသမျှတွေ အကုန်ရေထဲမျောပါပြီး ဆိုးဆိုးဝါးဝါးကို ဗွက်ပေါက်သွားပါတယ်။ ဒီမှာက ဒီလိုပဲ။ တစ်နှစ်တစ်ခါ မိုးကုန်မှ လမိးပြင်လမ်းခင်းကြ၊ ကောင်းသွားတဲ့အခါ ဖုန်တသောသောနဲ့ နောက်တစ်မိုး မကျမချင်း ဝင်ထွက်သွားလာကြ၊ မိုးတွင်းကျ လမ်းတွေပြန်ပိတ်သွားကြ။ အဲ့တိုင်းပဲ နေလာကြတာလေ။ ကတ္တရာလမ်း၊ ကွန်ကရိလမ်း မရှိဘူး။ မြေသားလမ်းတွေပါ။ ရေကျော်လေးတွေ စမ်းချောင်းလေးတွေမှာ တိမ်ရင် ဒီအတိုင်းဖြတ်၊ နက်ရင် တံတားထိုးပြီး ကူးတယ်လေ။ ခရီးသည်တင်ယာဉ် မသွားဘူး။ အများဆုံးသွားတာ သစ်တင်တဲ့ကား၊ ဆီဘောက်ဆာ နဲ့ ကုန်တင် ဆယ်ဘီးကားတွေ ဥဒဟို သွားနေကြတာပါ။ အခုလည်း အဲ့ဒီကားတွေ သွားလာနိုင်ဖို့ လမ်းပြန်ပြင်တာလေ။ လမ်းပွင့်ရင် […]

ချန်ဂင်တို့စခန်း (၁၀၀)

လူနာ ၁၀၀ ကျော် ခွဲပြီးတဲ့အချိန်မှာ စာရေးတဲ့မှတ်စုလေးလည်း အပိုင်း ၁၀၀ ရောက်လာခဲ့ပါပြီ။ အဆက်မပြတ် နဲ့ မရပ်မနား အလုပ်လုပ်လာခဲ့တယ် ဆိုတဲ့ သဘောပါပဲ။ မနှစ်ကတုန်းက ဒီလိုအချိန်မှာဆိုရင် ဘာလုပ်ရရင် ကောင်းမလဲ ဆိုတဲ့ အဆင့်ပဲ ရှိသေးတာပါ။ “မပြန်ပါနဲ့ ဆရာရယ်။ ရွာမှာပဲ ဆက်နေပါလား။” လို့ တိုက်တွန်းလာတာကို စဉ်းစားနေတဲ့အချိန်။ နဂိုမူလက ဒီအရပ်ကို ထွက်လာစဉ်မှာ ရည်ရွယ်တာက လိုင်ဆာ ကို သွားမလို့ပါ။ လောက်ကိုင်မှာ ၂ နှစ်ခွဲကြာအောင် နေဖူးတယ်။ တရုတ်စကားကို ထမင်းစားရေသောက် ပြောတတ်တယ်။ တရုတ်လူနာတွေနဲ့ စကားပြန်မလိုပဲ ဆေးကုတတ်တယ် ဆိုတော့ ကိုယ့်အတွက် အလုပ်အကိုင် ခဲယဉ်းစရာ မရှိဘူး လို့ ထင်တာကိုး။ သို့သော်လည်း ဌာနချုပ်မရောက်ခင် ဌာနခွဲတစ်ခုမှာ […]

ချန်ဂင်တို့စခန်း (၉၉)

ရာသီပြောင်းချိန် ရောက်ပြန်ပြီလေ။ မနက်ခင်းစောစောဆို အေးလို့ စောင်ကလေးခြုံရတယ်။ နေ့လည်နေစောင်းလောက်ဆို ပူလိုက်တာမှ ချွေးပြိုက်ပြိုက်ကျရော။ မိုးက မေ့လောက်ရှိမှ တစ်ခါရွာတယ်။ ရွာရင်လည်း ဆိုင်းတွေဗုံတွေ ဆင့်မနေတော့ဘူး။ ဒီနေ့ ခွဲခန်းထဲလူနာသွင်းတော့ ပူပူလောင်လောင် ဖုံတသောသောနဲ့ လမ်းကလေးပေါ်ဖြတ်ခေါ်သွားတာ။ ခွဲနေတုန်း မိုးတွေသည်းချလာရော။ ခွဲခန်းလည်းအပြီး၊ မိုးလည်းအတိတ်။ ဆေးရုံရှေ့က လမ်းလေးလည်း ဗွက်ပြန်ပေါက်သွားလေရဲ့။ ချောင်းရေကြည်သွားပြီ။ တိမ်လာပြီ။ ခြင် နဲ့ ဖြုတ်တော့ ပေါလာပြီ။ ဆိုင်ကယ်လမ်းလေး ပြန်ကောင်းလာပြီ။ ဆီဈေးကြီးတော့ ကယ်ရီခတွေတော့ ဈေးမကျသေးဘူး။ ဆယ်ဇင်းရွာပျက်သွားပြီဆိုတော့ လိုင်းကားတွေ အရင်လို ဝင်လာမှာ မဟုတ်တော့ဘူး။ ဖားကန့်သွားချင် ဝေခါလမ်းဘက်က ညောင်ပင်ဘက်ကပဲ တက်ကြလိမ့်မယ်။ မီးထဲမပါတဲ့အိမ်တွေကတော့ ရွာပြန်ပြီး အိမ်အခြေအနေလေးတွေ ကြည့်ကြတယ်။ ဘာမှတော့ ရစရာ မကျန်တော့ပါဘူး။ ယူလို့ရသမျှ အကုန်ဖောက်ယူထားကြပြီ။ […]