ချန်ဂင်တို့စခန်း (၁၁၃)

ဒီမှာနေလာတာ တစ်နှစ်ပြည့်သွားပြီဆိုတော့ တစ်ခုခုဆို “မနှစ်ကတုန်းက ဒီအချိန်ဆိုရင်” လို့ နှိုင်းယှဉ်စရာ ရနေပါပြီ။ မနက်မနက်ဆို နှင်းတွေပိတ်ပြီး တော်တော်နဲ့ နေမပွင့်တဲ့အခါ “ဟုတ်သားပဲ။ မနှစ်တုန်းကလည်း ဆယ်ဇင်းမှာ ဒီအတိုင်းပဲလေ။ ၁၁ နာရီလောက်မှ နေပွင့်ပြီး ငါးနာရီလောက်ဆို နေဝင်ဖြိုးဖျ ဖြစ်သွားတာပဲ။” လို့ ပြန်မှတ်မိလာပါတယ်။ ဒီအခါကျတော့ ညနေ ထမင်းစားချိန်တွေကို ရှေ့တိုးပစ်ရတာပေါ့။ ခါတိုင်း စားနေကျ ၆ နာရီကျော်အချိန်တွေက မိုးစုပ်စုပ် ချုပ်သွားမှကိုး။ မွေးကင်းစကလေးလေးက အသားဝါနေလို့ မနက်ခင်းနေရောင်ပြခိုင်းထားတာ အဆင်မပြေဖြစ်နေတာပေါ့လေ။ သူ့အမေက နေမသာပဲ အနှီးထုပ်ကလေး ထွက်ဖြေပြနေလို့ အအေးပတ်ရုံအပြင် ပိုမထူးဘူး။ ကလေးမီးပြတဲ့ မီးချောင်းလေးတွေကလည်း ရှာမရ။ ကလေးတွေ ကာကွယ်ဆေး ကိစ္စကတော့ ဆက်သွယ်ချိတ်ဆက်လို့ အဆင်ပြေကာနီးပါပြီ။ ကိုယ့်ဘက်က လုပ်ပေးနိုင်သမျှကို အတတ်နိုင်ဆုံး […]

ချန်ဂင်တို့စခန်း (၁၁၂)

အောက်တိုဘာ ကုန်လို့ နိုဝင်ဘာ ရောက်တဲ့နောက်တော့ ဆောင်းဆိုတာ မဝင်ချင်လို့ကို မရတော့ပါဘူး။ သူ့ဘာသူ မိုးရွာချင်ရွာ မရွာချင်နေ။ မနက်ခင်းလေးတွေ နေမသာနိုင်တော့ဘူး။ နှင်းတွေမြူတွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ချမ်းစပြုလာပါပြီ။ မြူနှင်းတွေကြားမှာ ရွာသူရွာသားတွေက ပလိုင်းကလေးတွေ လွယ်လို့ ရွာပြင်ကို အသုတ်လိုက် အသုတ်လိုက် ထွက်သွားကြတာ လယ်တောထဲမှာ စပါးသွားရိတ်ကြမလို့တဲ့။ ဟုတ်တာပေါ့။ လယ်ကွင်းထဲမှာ စပါးတွေ ရင့်မှည့်နေတာ မြင်ခဲ့သားပဲ။ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတဲ့အချိန်ဆိုတော့ တက်တက်ကြွကြွ ပျော်ပျော်ပါးပါးပဲ။ ကောက်သစ်တွေ ပေါ်ကုန်ပါပကော။ မနှစ်ကတုန်းက ဆယ်ဇင်းမှာ ကောက်သစ်စားပွဲလုပ်ပြီး ခေါပုတ်တွေ ထောင်းစားကြတဲ့အချိန် ရောက်လာပြန်ပြီပေါ့လေ။ ကောက်သစ်စားပွဲဆိုတာ သူများနိုင်ငံက Thanksgiving Day ကိုခေါ်တာမှန်း ဒီရောက်မှ သဘောပေါက်တယ်။ ဘုရားကျောင်းမှာ ပေါ်ဦးပေါ်ဖျား ကောက်ပဲသီးနှံတွေ ဘုရားသခင်ထံ အပ်နှံ ကျေးဇူးတော်ကို […]

ချန်ဂင်တို့စခန်း (၁၁၁)

ညနေဘက်မှာ လေယာဉ်လာပြီ လို့ ကြားတဲ့အခါ လေကြောင်းရန်ရှောင်ရင်း ချောင်းထဲ ရေချိုးဆင်း နေလိုက်ပါတယ်။ သူတို့ဟာသူတို့ GPS နဲ့ပဲထောက်ထောက်၊ guided missile နဲ့ပဲ ပစ်ပစ်၊ ပေါက်ကွဲလွင့်စင်နိုင်သော အကွာအဝေးနဲ့ လွတ်ရာဆီကိုပေါ့။ ရာသီဥတုက ကိုယ့်ဘက်ပါနေကျအတိုင်းပါပဲ။ နေကို မမြင်နိုင်အောင် မိုးသားတိမ်လိပ်တွေ အုပ်ထားတယ်။ ဟိုနေ့ညကလည်း အဲ့လိုပဲ။ လေယာဉ်အသံပဲကြားရတယ်။ အကောင်မမြင်ရဘူး။ ညနေ နေဝင်မီးငြိမ်းတဲ့အချိန်ကျမှ မိုးက တဖွဲဖွဲ စရွာတာ။ တဖြေးဖြေးသည်းလာပြီး မိုးလင်းကာနီးမှ တိတ်တော့တယ်။ တညလုံး ဘေးကင်းရာ နေရာမှာ အေးအေးချမ်းချမ်း အိပ်ရတာပေါ့လေ။ ဒါပေမယ့်လည်း အိပ်လို့ မပျော်နိုင်ပါဘူး။ မနေ့ညက ပွဲခင်းထဲမှာ ကိုယ်နဲ့ အိမ်နီးနားချင်း မိတ်ဆွေတွေပါတယ်။ “ဖြစ်တဲ့နည်းနဲ့ ဒီကိုခေါ်လာခဲ့။ အဆင်သင့် စောင့်နေမယ်။” လို့ မှာလိုက်ပေမယ့် […]

ချန်ဂင်တို့စခန်း (၁၂၅)

အင်းတော်ကြီးဒေသကို နဂါးတွေ နေတဲ့အရပ်လို့ ဒဏ္ဍာရီ ပုံပြင်တွေထဲမှာ ပြောလေ့ရှိကြပါတယ်။ ဒီနေရာမှာ ဒီရေအိုင် အကြီးကြီး လာဖြစ်နေတာကိုက ဘောဂဝတီ နဂါးပြည်က နဂါးညီနောင်နှစ်ဖော် တိုင်းခြားပြည်ထောင် ထူထောင်ဖို့အတွက် ရေတွေလွှမ်းပစ်ခဲ့ရာက စခဲ့တယ် လို့ ပုံပြင်ထဲမှာ လာတာကိုး။ ငါးပါးသီလမြဲတဲ့ မုဆိုးမ အမေအိုကြီးတစ်ဦးသာ ချိုင့်ဝှမ်းကြီးပြည့်အောင်ရွာတဲ့မိုးက လွတ်ခဲ့တယ် လို့ ပြောကြတယ်။ လွယ်မွန်ရွာဘက်မှာ မုဆိုးမဘုရား လို့တောင်ရှိသေး။ အဲ့ဒီမုဆိုးမကြီးရဲ့ ခြေရာရော၊ သူနဲ့အတူ ရေဘေးလွတ်ရာ ဆွဲခေါ်လာတဲ့ ကျွဲခြေရာခွက်တွေရော ကျောက်သားပေါ်မှာ စွဲထင်ကျန်ရစ်တယ် ဆိုပြီး အင်းစပ် ကမ်းခြေမှာ နတ်စင်နတ်ကွန်းနဲ့ ထားကြတာပဲ။ အင်းဘေးမှာ ရှိတဲ့ ရွှေတောင် ငွေတောင်မှာလည်း တောင်စောင့်နတ်တွေ နဂါးတွေရဲ့ ပုံပြင်တွေ ရှိပါတယ်။ ငွေတောင် အောက်ခြေနားမှာ နဂါးအာခံတွင်းကို ချိုးလိမ်ထားပြီး […]

ချန်ဂင်တို့စခန်း (၁၁၀)

ဘဝဟာ မြွေနဲ့ လှေကား ကစားရသလိုပါပဲ။ လှေကားထစ်တွေနဲ့ တက်သွားလိုက်၊ မြွေခံတွင်းဝရောက်သွားရင် အောက်ပြန်ဆင်းလာလိုက်နဲ့ပါ။ သီချင်းထဲမှာတော့ “The Gods may throw a dice. Their minds as cold as ice.” လို့ ဆိုပါတယ်။ ကံဇာတ်ဆရာ ခေါက်လိုက်တဲ့ အံစာတုံးအတိုင်း ကိုယ်တို့က ရွှေ့ရတာပါလေ။ ကိုယ့်ဘဝရဲ့ ကစားပွဲမှာတော့ ကံကြမ္မာလေး မျက်နှာသာပေးတယ် ထင်ပါရဲ့။ အမြဲတမ်း ပွတ်ကာသီကာ လွတ်တဲ့ဘက်မှာ ရှိတယ်။ ကျားကွက်ရွှေ့သလို ရွှေ့နိုင်လို့ လွတ်တယ်ဆိုရင်လည်း အများကြီးကွာအောင် လွတ်တာ မဟုတ်။ တစ်ကွက်ကလေးပဲ ဦးဦးပြီးလွတ်တယ်ဆိုရုံလေး။ အင်ဒီယာနာဂျုံးကား ကြည့်ရသလို အသည်းတယားယားနဲ့ရယ်။ ကိုယ်တို့စခန်းမှာ ကိုဗစ်တွေဖြစ်တော့ တစတစနဲ့ လူကုန်ပြီ။ ကိုယ်တစ်ယောက်တည်း မဖြစ်ရသေးတာ ကျန်တော့တယ်။ […]

ချန်ဂင်တို့စခန်း (၁၀၉)

မိုးမပြတ်သေးပေမယ့် ဆောင်းအဝင်မဆိုင်းတာ သိသာပါတယ်။ မနက်ခင်းတိုင်း မြူတွေဆိုင်းပြီး ချမ်းစပြုလာပြီ။ ရေချိုးရင်လည်း အေးစိမ့်နေတာပဲ။ ညနေစောစောမှောင်ပြီး မနက်အာရုံတက် နောက်ကျလာပြီ။ နောက်လလောက်ဆို မီးပြန်လှုံရတော့မယ်။ နှစ်ကုန်ဖို့ ၂ လ ပဲ ကျန်တော့တယ်လေ။ တစ်နှစ်တာအတွင်းမှာ အခြေအနေတွေ အများကြီး တိုးတက်ခဲ့ပါတယ်။ လိုချင်တာတွေကို ဖြစ်အောင်လုပ်ယူရတာမို့ အရင်စာတွေထဲမှာ ရေးခဲ့တဲ့ ကိုယ့်ဆေးရုံ အနီးအနား ဝန်းကျင်က ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်လို့ မရသေးဘူး ဆိုတာ အခုတော့ အဆင်ပြေသွားပြီ။ သူတို့နဲ့ ပူးပေါင်းပြီး referral system ရော public health အလုပ်တွေပါ ပြန်စနိုင်ဖို့ ကြိုးစားရပါဦးမယ်။ ဒီလိုပဲ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားရုန်းကန်ရမှာပေါ့။ ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ ကိုယ့်အတွက်လည်း မဟုတ်ဘူး။ […]