ချန်ဂင်တို့စခန်း (၉၂)

“ဆောင်းဝင်တော့မည်။ ဆောင်းဝင်တော့မည်။ မြူမှုန်တွေ ကာရံတဲ့ လာလမ်းကလေးဆီ။” တဲ့။ မနက် မနက်ဆို မြူတွေဆိုင်းပြီး ညကမိုးရွာသွားတာလား လို့ ဇဝေဇဝါ ဖြစ်ရပါတယ်။ မိုးမြူရစ်ဝိုင်း မှိုင်းပြာမှောင်ပေမယ့် ဝါဆိုဝါခေါင် မုတ်သုန်ဦးတော့ မဟုတ်တော့ပါဘူး။ တော်သလင်း လဆုတ်ထဲ ရောက်နေပြီ။ နေ့အပူချိန်ထက် ညအပူချိန်တွေက သိသိသာသာ လျော့နည်းလို့လာပြီ။ ဒီတစ်လနှစ်လ တောင့်ခံပြီးရင် လမ်းတွေ ပြန်ပွင့်လာတော့မှာ။ ဆယ်ဇင်းရွာက ပြန်စည်လာဖို့ မသေချာတော့ဘူး။ ရွာကပစ္စည်းတွေကို ဖောက်ယူသယ်ထုတ်ပြီး စစ်ကိုင်းဘက် ရှမ်းနီနယ်ထဲက ရွှေပြည်မြင့်၊ လမ်းဆုံ၊ ရွှေတွင်း ဘက်တွေကို စည်အောင် လုပ်ကြမယ့်သဘောရှိတယ်။ အဲ့ဒီဘက်မှာ SNA ခေါင်းဆောင်က ဧရာမဂိုထောင်ကြီးဆောက်ပြီး တိုက်ရာပါပစ္စည်းတွေ စုဆောင်းထားတာ ရန်ကုန်က Macro Mart လောက် ရှိသတဲ့။ အခုလောလောဆယ်တော့ မျှောတွေထဲက […]

ချန်ဂင်တို့စခန်း (၉၁)

အသက်ကြီးလာတဲ့အခါ လေးသမားများ လက်မှန်းတည့်လာသလိုပဲ ဖြစ်နိုင်ခြေတွေ ခန့်မှန်းတွက်ချက်တဲ့နေရာမှာ အလွဲလွဲ အချော်ချော် မဖြစ်တော့ပဲ “ငါ ထင်ရင် လွဲခဲတယ်။” လို့ ပြောစရာတွေ ရရလာပါတယ်။ အခုဆို ဆေးခန်းကို လူနာတွေ ထပ်ရောက်လာတော့မှာပဲ လို့ ပြောလို့တောင် မဆုံးသေးဘူး။ ဆေးရုံက house full ဖြစ်ခါနီးလာပြီ။ COVID နဲ့တူပေမယ့် swab ယူလို့ မပေါ်တဲ့လူနာတွေ၊ ငှက်ဖျားနဲ့တူပေမယ့် သွေးစစ်လို့ မပေါ်တဲ့လူနာတွေ၊ အလာများတယ်။ အဖြေက နှစ်ကြောင်းမပြလည်း “ငါထင်ရင် လွဲခဲပါတယ်” နဲ့သာ ကု။ သက်သာသွားတာပဲ။ ထင်လောက်စရာ တခြားအကြောင်းအချက်တွေ ခိုင်လုံနေတာကိုး။ အခုလိုမျိုး တောထဲမှာ တစ်ယောက်တည်း ကြာကြာကုလာလို့ရှိရင် confidence level တွေ so high ဖြစ်သွားပြီး competency […]

ချန်ဂင်တို့စခန်း (၉၀)

“ခေတ်ကာလ မြန်မာပြည်မယ် အသက်ရှည်ရာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာပြည့်စုံတဲ့ အရပ်ဒေသမှာ နေလိုပါတယ်။ ဘယ်လိုအရပ်မျိုး သွားနေရပါ့မလဲ။” လို့ မေးလာရင် ကိုယ်ကတော့ “စစ်သားတွေ မရှိတဲ့ အရပ်မှာပဲနေပါ။ အဲ့ဒါဟာ အထိုက်အလျောက် အန္တရာယ်လည်းကင်းတယ်။ ဘေးလည်းရှင်းတယ်။ မတရားသဖြင့် နှိပ်စက်ကလူ ပြုတာကိုလည်း မခံရဘူး။ နေရထိုင်ရ အင်မတန် စိတ်ချမ်းသာပါတယ်။” လို့ ဖြေမိမလား မသိပါဘူး။ သူတို့ကတော့ “တပ်မတော်ကြီး မရှိရင် ဘာဖြစ်သွားမလဲ။” ချည့် ခြိမ်းခြောက်နေတာ။ တကယ့်လက်တွေ့မှာတော့ အဲ့ဒီတပ်မတော်ကြီး မရှိမှ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီး ရမှာမို့ တနိုင်ငံလုံးက အုန်းအုန်းကြွက်ကြွက် တော်လှန်နေရတာ။ ဒါ အလကားနေရင်း မုန်းလို့ ပြောတဲ့စကား မဟုတ်ပါဘူး။ ဘဝပေးအသိနဲ့ ရလာတဲ့ သင်ခန်းစာပါ။ တိုင်းရင်းသားတွေလည်း အသိ။ […]

ချန်ဂင်တို့စခန်း (၈၉)

သာသာယာယာ နေ့တစ်နေ့ပါပဲ။ မိုးမရွာဘူး။ နေသာတယ်။ မနက်ခင်းပိုင်းဆို မြူတွေဆိုင်းလို့ အေးတောင်အေးစပြုပြီ။ ချောင်းရေက များသောအားဖြင့် ကြည်ပေမယ့် ကြမ်းပြင်မှာ ကျောက်စရစ်တွေ နည်းသွားပြီ။ ရေစီးကြောင်း ပြောင်းသွားပြီမို့ မိုးရွာတာနဲ့ ရေနောက်သွားတယ်။ ချောင်းစပ်မှာ ဗျိုင်းအုပ်ကလေးတွေ နေ့တိုင်းလာတယ်။ လာမှာပေါ့။ အောက်မှာ ကျွဲအုပ် ရှိတာကိုး။ ရွာထဲမှာတော့ ဒီနေ့ လပြည့်နေ့မို့ စာရေးတံမဲပွဲ ရှိတယ်။ တစ်ရွာလုံးနီးပါး ဥပုသ်စောင့်ကြတယ်။ ညက တစ်ညလုံးမအိပ်ပဲ ဆွမ်းချက်ကြတယ်။ ဆေးရုံကို လာပြတဲ့လူနာ ပိုများလာပြီ။ အခုရက်တော့ ငှက်ဖျား အဖြစ်များကြတယ်။ နားထဲကို ပိုးကောင်ဝင်တဲ့ ကလေးတစ်ယောက်လာတယ်။ နောက်ကလေးတစ်ယောက်ကတော့ ၃ နှစ်သားကလေး လျှာအရှည်လိုက် ကွဲနေတာ။ သူ့အမေကတော့ ချော်လဲတယ်ချည့် ပြောနေတယ်။ မဖြစ်နိုင်ပါဘူး။ ကလေးက လျှာနှစ်ခွဖြစ်နေပြီ။ ပါးစပ်ထဲ […]

ချန်ဂင်တို့စခန်း (၈၈)

ဒီမနက်တော့ ခြေထောက်ဖြတ်ထားရတဲ့ ဆီးချိုလူနာအဖွားက sudden death နဲ့ ဆုံးသွားပါတယ်။ မနေ့ညကအထိ အကောင်းပဲ။ ဘာ complaint မှ မရှိပါဘူး။ မနက် ကိုယ်တို့ ဆေးရုံရောက်တဲ့အခါကျမှ ၅ နာရီလောက်က ဆုံးသွားတယ် လို့ သိရတာ။ ခက်တာက အဖိုးပါ။ သူ့ဆီးချိုက insulin ထိုးရင်းနဲ့တောင် ပျံလန်နေတာ။ သောက်ဆေးနဲ့ အိမ်ပြန်လွှတ်ရင် အတက်ရော အကျရော ကြောက်ရပါတယ်။ စကတည်းက အမယ်ကြီးကို ခြေထောက်ဖြတ်လိုက်ရင် သူတို့ ဘာနဲ့အိမ်ပြန်ကြမလဲ စိတ်မချဖြစ်နေတာ။ နာရေးနဲ့ကျ ပေးမပြန်လို့လည်း မဖြစ်ပြန်ဘူး။ ဒီဘက်ကိစ္စကတော့ ရွာသားတွေခေါ်ပြီး ပျဉ်စပ်၊ မြေကျအထိ စီစဉ်ပေးနိုင်ပေမယ့် သူ့ရွာကဟာတော့ ကိုယ်လည်း မတတ်နိုင်ဘူး။ သမားတော်နဲ့တိုင်ပင်ပြီး သောက်ဆေးတွေ တိုးပေးလိုက်ပါတယ်။ ကိစ္စပြီးတာနဲ့ ပြန်လာပြပါဦး လို့ […]

ချန်ဂင်တို့စခန်း (၈၇)

အောက်ဆီဂျင်လေအိုးတွေ ရောက်လာပြီ။ ဒီဇယ်ပုံးတွေ ပါလာပြီ။ ဆေးတွေလည်း ထပ်ရောက်ပြီ ဆိုတော့ စိတ်အေးလက်အေး ဖြစ်သွားပါပြီ။ လူနာတွေကလည်း ကောင်းလာပြီ။ စိတ်ပူစရာ မရှိတော့ဘူး။ နောက်လာမယ့် လူနာတွေကို ထိုင်မျှော်ရင်း မီးဖိုချောင်ဘက်ကို အာရုံပြောင်းကြတယ်။ “အိမ်ချက်” ဗူးကလေးတွေနဲ့ ဒန်ပေါက်ချက်စားကြတယ်။ ရွာထဲက ငှက်ပျောသီး၊ အုန်းသီးတွေ လာပေးရင် ကောက်ညှင်းထုပ်တို့ ငှက်ပျောသီးပေါင်းတို့ လုပ်စားကြတယ်။ ဒီမှာက မုန့်ပဲသွားရည်စာ ကိုယ်လုပ်မှ ကိုယ်စားရတာလေ။ အစားအသောက်တွေ မှန်လွန်းလို့ ဝိတ်တွေတောင် လျှော့ယူနေကြတယ်။ အချိန်အားရရင် ရသလို ပရိတ်ပဌါန်းတွေလည်း ရွတ်ကြပါတယ်။ ဒီလိုပဲ ရေစီးတစ်ခါ ရေသာတစ်လှည့်ပေါ့။ စစ်အရိပ်အငွေ့တွေ ခဏတော့ ပျောက်နေပြန်ပြီ။ အိပ်ရာလိပ်တွေ သယ်သွားတဲ့ကလေးတောင် သူ့အထုပ်အပိုးတွေ ပြန်သယ်လာပြီ။ ကိုယ်တို့လည်း လုံခြုံရာမှာ သိမ်းဆည်းထားတဲ့ ဆေးရုံပစ္စည်းတွေ ပြန်ထုတ်သုံးပြီ။ […]