ချန်ဂင်တို့စခန်း (၇၉)

နွေဦးတော်လှန်ရေးကာလမှာ ကိုယ် ဖြတ်သန်းခဲ့တဲ့ နေရာ၊ ဒေသ၊အတွေ့အကြုံလေးတွေ မှတ်တမ်းတင်ရင်း ချန်ဂင်တို့စခန်း စာစုလေး ဖြစ်လာသလို ကိုယ်နဲ့ ခေတ်ပြိုင်ဖြတ်သန်းကြတဲ့ contemporary figures တွေ အကြောင်းလည်း စဉ်းစားကြည့်မိပါတယ်။ ဒီလူ ဒီလူတွေဟာ အကောင်းတွေချည့် စုနေတဲ့ ခြောက်ပစ်ကင်း သဲလဲစင် လို့ မဆိုလိုပါဘူး။ တချို့ကို လေးစားတယ်။ တချို့ကို တော်တော်လေးစားတယ်။ တချို့ကို ကြည့်လို့မရဘူး။ တချို့ကို အမြင်ကပ်တယ်။ ဒါပေမယ့်လည်း သူတို့ဟာသူတို့ ဘာဖြစ်နေနေ၊ တော်လှန်ရေးကာလအတွင်းမှာတော့ အတိုင်းအတာတစ်ခုအထိ၊ ဒါမှမဟုတ် ကာလအပိုင်းအခြား တစ်ခုအထိ၊ တက်ကြွစွာ ပါဝင်ခဲ့တယ် လို့ သိထားပါတယ်။ သူတို့ထက် ပိုရင်းနှီးမြှုတ်နှံ အနစ်နာခံထားတဲ့သူတွေ ရှိပေမယ့် အကုန်လုံး ကိုယ် မသိနိုင်ဘူးလေ။ ကိုယ်သိတဲ့သူတွေတောင် မမြင်တာကြာရင် မေ့မေ့သွားတာ။ လူတိုင်းဟာ […]

ချန်ဂင်တို့စခန်း (၇၆)

ဆယ်ဇင်းမှာ ဘာတွေဖြစ်နေသေးလဲဆိုရင် စစ်ပွဲတွေတော့ မရှိတော့ဘူး။ မီးလောင်ပြင်ထဲမှာ ရွှေရှာတဲ့ကိရိယာနဲ့ ရွှေတွေလိုက်ပြီး ရှာတယ် လို့ ပြောပါတယ်။ မလောင်ပဲ ကျန်တဲ့အိမ်တွေကိုဖောက်ပြီး အထဲထဲက လိုချင်ရာကို ရှာဖွေယူကြသတဲ့။ အခုဆိုရင် စစ်သားတွေရော ရှမ်းနီတွေရော အိမ်ထဲကဖောက်ယူထားတဲ့ ဆိုင်ကယ်အသစ်၊ ဖုန်းအသစ်ကလေးတွေ ကိုယ်စီနဲ့ ရွာထဲမှာ လန်းလန်း လန်းလန်း လုပ်နေကြတယ် ဆိုပဲ။ မီးလောင်ပြင်ကြီးကို ဘူဒိုဇာနဲ့ ရှင်းပြီးရင် မြေကွက် ဆိုင်ခန်းအသစ်တွေ အကွက်ဖော် ရောင်းချတော့မှာမို့ လက်ဦးပန်ချင်ရင် အမြန်ပင် လာခဲ့ဖို့ ကိုကို ခေါ်ချင်ပါတယ် မောင် ခေါ်ချင်ပါတယ် တဲ့။ (ဒါသက်သက် ဆလန်ကဘာကြီးတွေကို စိန်ခေါ်တာဗျ။ ခများတို့ ဘယ်တော့မှ ပြန်မသိမ်းနိုင်ပါဘူး လို့ ဆိုချင်တာ။) အဲ့ဒါနဲ့လည်း မကျေနပ်သေးပဲ စစ်ပြေးဒုက္ခသည်တွေဆီက ပါလာတဲ့ ရွှေတွေငွေတွေကို […]

ချန်ဂင်တို့စခန်း (၇၅)

ဘာတွေဆက်ဖြစ်ဦးမှာလဲ လို့ စိတ်ဝင်တစား စောင့်မျှော်ဖတ်ရှုနေတဲ့သူတွေ ရှိတယ် ဆိုရင် လောလောဆယ်တော့ ဘာမှလည်း ဆက်မဖြစ်ပါဘူး လို့ ဖြေရပါမယ်။ သူဌေးဖြစ်ဖို့ တစ်ဘဝလုံး ကြိုးစားတာတောင် ဖြစ်ချင်မှဖြစ်တာပေမယ့် ခွေးဖြစ်ဖို့ကျ လွယ်လိုက်ပုံများ တစ်ညတည်းနဲ့ တက်တက်ပြောင် သွားတယ်လေ။ ခု စစ်ရှောင်စခန်း ရောက်ရရှာပြီ။ ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ လူလုပ်တဲ့ ကံတွေက ဖြစ်တာမို့လို့ လဲနေရင် ကုန်းရုန်းထနိုင်ဖို့ပဲ အရေးကြီးပါတယ်။ လူမသေ ငွေမရှား တဲ့။ ပစ္စည်းဥစ္စာ က ပြန်ရှာရင် ရတယ်။ ဘာမှ အားငယ်စရာ မရှိ။ စိတ်ဓါတ်ကြံ့ခိုင်ဖို့သာ အဓိက။ အဲ့ဒါမှ လောကဓံတရားကို ခံနိုင်ရည်ရှိရှိ ကျော်ဖြတ်သွားနိုင်မယ်။ ကိုယ့်အချင်းချင်းတော့ တတ်နိုင်သမျှ ကူညီပံ့ပိုးနေပါတယ်။ လဲနေသူ ထူပေးပါတဲ့။ ထူပြီးရင်တော့ ကိုယ့်ဘာသာ လမ်းဆက်လျှောက်ကြရအောင်နော့။ […]

ချန်ဂင်တို့စခန်း (၇၄)

အခုညလည်း ဆေးရုံကို ပြန်ရပါသေးတယ်။ မနေ့က လူနာလာပို့တဲ့ကလေးတွေ ပင်ပန်းပြီး ဖျားကြနာကြလို့ ဆေးပြန်ကုရတာ။ မိုးထဲလေထဲ လူနာတွေ မရမက သယ်၊ အန္တရာယ်ကင်းမယ့် လမ်းကြောင်းက ထုတ်၊ ဆေးရုံကို အရောက်ပို့ဖို့ဆိုတာ လွယ်တာတော့ မဟုတ်ဘူး။ ဧရာမ ဆင်သေကောင်ကြီးကို သူတို့ ဘယ်လိုလုပ်ပစ်ခဲ့သလဲ စဉ်းစားလို့တောင်မရ။ ကျင်းတူးလည်းမမြှုပ်နိုင်၊ အကောင်လိုက်လည်း မီးပုံရှို့လို့ မရ။ ပုပ်လာရင်လည်း တစ်လကိုးသီတင်း နံလို့ကို ဆုံးမှာ မဟုတ်။ အစွယ်တွေ အရေတွေ အမြီးတွေကလည်း တန်ဖိုးရှိတော့ အကောင်းလေးအတိုင်း လိုချင်ကြဦးမယ်။ ဆင်သတ်ပြီး အရပ်ဝေတယ်ဆိုတာ ပြောတော့သာ လွယ်ပေသကိုး။ ဆင်ပိုင်ကတော်ကတော့ အော်ဟစ်ပြီးတော့ကို ငိုတယ်။ သူ့မှာ ပစ္စည်းလည်းဆုံး လူလည်းဆုံး တဲ့။ ဆင်တစ်ကောင်ရဲ့တန်ဖိုးဟာ ကားတစ်စီးစာလောက် ရှိသတဲ့။ ဒီဘက်အရပ်မှာ တွေ့တဲ့ […]

ချန်ဂင်တို့စခန်း (၇၃)

ဆယ်ဇင်းကို ပထမတစ်ကြိမ် ဝင်သိမ်းကတည်းက ကိုယ်တို့အဖွဲ့ ဆေးရုံမှာ မအိပ်တော့ပါဘူး။ သူတို့တွေ လေယာဉ် နဲ့ ဗုံးလာကျဲလိမ့်မယ် လို့ သိပြီးသားလေ။ စခန်းတွေသိမ်းချင်လည်း အိပ်မောကျမယ့်အချိန် မနက် ၂ နာရီ ၃ နာရီလောက် လာသိမ်းတတ်တယ် ဆိုတာ သိပြီးသား။ ဆယ်ဇင်းကို သူတို့ လာသိမ်းကောင်း သိမ်းနိုင်တယ် လို့ အစတည်းက တွေးမိလို့ ဆေးရုံကို ဆယ်ဇင်းမှာ မဆောက်ပဲ သည်ဘက်မှာ လာဆောက်ထားတာပါ။ အခု ဆယ်ဇင်းကို သိမ်းပြီဆိုရင် ကိုယ်တို့စခန်းက နောက် ခြေတစ်လှမ်းစာမှာပဲရှိတာ ဆိုတော့ ကြိုရှောင်ထားမှ ရမယ်လေ။ သိမ်းစရာရှိတာ အကုန်သိမ်းပြီး အလုပ်လုပ်နိုင်ရုံကလေး နဲ့ လုပ်နေတယ်။ ညရေးညတာတော့ လုံခြုံရာမှာ သွားအိပ်တယ်။ မနက်စောစောကျမှ ပြန်လာတာ။ လူနာသည်းရင်တော့ ဆရာမလေး […]

ချန်ဂင်တို့စခန်း (၇၂)

စစ်ပွဲတွေထဲမှာ နေရပေမယ့် တခါတခါလည်း အဲ့ဒီစစ်ပွဲတွေကို မေ့သွားတဲ့အချိန် ရှိပါတယ်။ လူနာဆီ ဇောကပ်နေရင် ကျန်တဲ့ဆီ အာရုံတွေ မထွေပြားနိုင်ဘူးလေ။ မနေ့က မိုးချုပ်စပြုမှ လူနာလာပြတော့ ဘာဖြစ်လို့ စောစောလာမပြသလဲ မေးတဲ့အခါ သူက မနက်အစောကြီးကတည်းက ထွက်လာတာပဲ။ အခုမှ ရောက်လို့ပါ တဲ့။ ဆယ်ဇင်းဘက် မျှောထဲကနေ စစ်ရှောင်လာတာ။ ဒီကိုမှောင်မှ ရောက်လို့ ဘုန်းကြီးကျောင်းမယ် တစ်ညဝင်အိပ်ရင်း ဆရာဝန် ရှိတယ် ဆိုလို့ ဝင်ပြတာပါတဲ့။ လူနာက ၉ နှစ်သား ကလေးလေးဗျ။ ဗိုက်ထဲမှာ အလုံးကြီးပေါ်လာတာ ၂ နှစ်ရှိပြီတဲ့။ မိုးညှင်းထိ လည်း တက်ပြဖူးတယ်။ မြစ်ကြီးနား ထိလည်း တက်ပြဖူးတယ်။ မန္တလေးသွားမှ ရမယ် ဆိုလို့ ဒီတိုင်းနေရာက စစ်ပြေးရင်း လမ်းကြုံလို့ ဝင်ပြတာ။ […]