ချန်ဂင်တို့စခန်း (၅၄)

ဒီဆေးရုံကလေးကို စတည်စဉ်အခါကတည်းက PDF ကလေးတွေအတွက် စစ်မြေပြင် ကုသရေးဆေးရုံအဖြစ် ရည်ရွယ်ခဲ့တာမို့ အခုလိုအချိန်မျိုးမှာ ပီပီပြင်ပြင် အလုပ်လုပ်နိုင်အောင် ပြင်ဆင်ထားခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီဘက်က အလွယ်တကူ သိမ်းယူဖျက်စီးသွားလို့မရအောင်လည်း နေရာထိုင်ခင်း၊ တည်ဆောက်ပုံ၊ စစ်ပွဲတွေဖြစ်လာရင် စောင့်ရှောက်ပေးမယ့် လက်နက်ကိုင် အဖွဲ့အစည်းကအစ ရွေးချယ် ညှိနှိုင်း အကာအကွယ်ယူထားရပါတယ်။ အတတ်နိုင်ဆုံး လူမသိအောင် တိုးတိုးတိတ်တိတ် လုပ်ဆောင်ခဲ့သော်လည်းပဲ ဆရာဝန် နဲ့ ပစ္စည်းကိရိယာ စုံလင်တဲ့ ဆေးရုံအဖြစ် လူနာတွေ အသိအမှတ်ပြုလာရင် ဖုံးကွယ်သိုဝှက်ထားလို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ တချိန်ချိန်မှာ ကိုယ့်ဆေးရုံကို စစ်တပ်ကလာပြီး ချေမှုန်းခဲ့သည်ရှိသော် ဆိုတဲ့ ပေးထားချက်ဟာလည်း ကိုယ့်အတွက် ဘယ်လူနာလာရင် ဘာတွေလုပ်ပေးမယ် ဆိုတဲ့ plan လိုပဲ လစ်ကွက်ဟာကွက်မရှိအောင် အဖက်ဖက်က စဉ်းစားပြင်ဆင်ထားရမယ့် တာဝန်ရှိပါတယ်။ ကိုယ့်တစ်ယောက်တည်း […]

ချန်ဂင်တို့စခန်း (၅၃)

မနေ့ညကတော့ လှထုံတို့ရွာမှာ မင်းရဲကျော်စွာ ဗိုလ်နေတိုး သီချင်းထဲကအတိုင်း “ဓညဒေ ရွာထဲဝင်လာပါပြီဗျိုး။” “ပြေး ပြေး ပြေး ပြေး” “ကယ်ကြပါဦးရှင်” တွေ ဖြစ်ကုန်ပလား မသိပါဘူး။ ကိုယ်သာရှိရင် “ဟိတ်လူဆိုး။ ငါ့မှာ ငွေကြေးတော့မရှိဘူး။ အကြွေးပဲရှိတယ်။” လို့ ဝင် က နေရဦးမယ်။ အခြေအနေတွေက မကောင်းဘူးပေါ့။ ကိုယ်တို့တောင် နေရာရွှေ့ အိပ်နေရပြီ။ ညကြီးမိုးချုပ်မှ လေယာဉ်တစ်ခေါက်ပြန်လာပြီး ပစ်သွားတာ ရွာထဲမှာ ထမင်းချက်နေတဲ့ မိန်းမတစ်ယောက် တံတောင်ဆစ်ကိုမှန်ပြီး သွေးထွက်နေတယ်တဲ့။ ဒီဘက်ပို့လို့ ရဦးမလားမေးတာ။ ပို့လို့ကတော့ ရပါတယ်။ ဒါပေသိ ဘယ်လိုလုပ်ပို့မှာတုန်း။ ညကြီးအချိန်မတော်။ လာလို့လည်းမရ။ သွေးတိတ်အောင်စည်းထားပြီး မနက်ကျမှ ပို့လိုက် လို့ မှာရတယ်။ တိုက်ပွဲကနီးနေပြီဆိုတော့ ကိုယ်တို့လည်း ပစ္စည်းတွေ သိမ်းနေရပြီလေ။ မသုံးမဖြစ် […]

ချန်ဂင်တို့စခန်း (၅၂)

“မိုးမင်းလွန်ကဲ အုံ့ဖွဲစွေရွာ။ ရွာပင်သာရွာလှ ပင်လုံးလန်း။ ကြွားကြွားရွားရွား ရိုးဆင့်ဆင့်မြိုင်ဖျား။ နူးညွတ်စေဖွယ်သား။” မိုးကလည်း အဆက်မပြတ်ကို ရွာတော့သကိုး။ မိုးကောင်းတော့ တောထူဖို့ဖြစ်လာတယ် ပြောရမှာပဲ။ စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်းနဲ့ သစ်ပင်ဝါးပင်တွေဟာ တတောလုံးပိန်းပိတ်လို့သာနေတယ်။ မြေပေါ်မှာဆိုလည်း မြက်ပင်ခြုံနွယ်တို့က သန်လှတယ်။ ပုဆိုးတွေ ဘောင်းဘီတွေမှာ မြက်သီးလေးတွေစူးနေတာများ နှုတ်လို့တောင် မနိုင်ဘူး။ အိမ်ဘေးတဘက်တချက်က ဂျာမနီခြုံကြီးတွေဆို လူတရပ်ကျော်လာလို့ ဘက်ဖိုးခေါ်ပြီး ကုပ်ချရတယ်။ မမအိုဂျီစိုက်ထားတဲ့ စိုက်ခင်းကလေးကတော့ သန်တော့သန်ပါရဲ့။ ခြံစည်းရိုးခတ်မထားတော့ နွားတွေကချည့် ဝင်ဝင်စားနေလို့ အခင်းပျက်ရတယ်။ ခုနေခါများ ရွာထဲသွားရင် ယောက်ကျားသားတွေ တွေ့ရမှာမဟုတ်ပဲ နွားအုပ်ကြီး တရုန်းရုန်းပဲ ရှောင်နေရမယ်။ စိုက်ချိန်ပျိုးချိန်ဆိုတော့ အကုန် လယ်တောထဲရောက်ကုန်ပြီလေ။ ဒီမှာက လယ်ကို စက်နဲ့ပဲထွန်တော့တယ်။ သူတို့လယ်တောတွေဟာ ရွာကနေ တမျှော်တခေါ် တွေ့နေရတဲ့ မြေပြန့်မြေညီမှန်သမျှ […]

ချန်ဂင်တို့စခန်း (၅၁)

မနေ့ကတိုက်ပွဲရဲ့ အခြေအနေဟာ သူတို့ဘက်က အရေးမလှတဲ့အတွက် နောက်တစ်နေ့မနက် ၅ နာရီမှာ ဒီဘက်ကို ဗုံးတစ်လုံး လာကျဲသွားပါတယ်။ လှထုံတို့ရွာဘက်မှာတော့ တနေကုန် တအုန်းအုန်း ကျဲချနေပြီး ရွာထဲက လူနေအိမ်တွေပါ ထိကုန်ပါတယ်။ ရွာကထွက်ပေါက်တွေကို ပိတ်ဆို့ထားလို့လည်း ဘယ်ကိုမှ ထွက်ပြေးလို့ မရပဲ အိမ်နောက်ထဲမှာ ခေါင်းကလေးတွေပုလို့ နေကြသတဲ့။ ရွာလယ်ဘုန်းကြီးကျောင်းတောင် အမိုးတွေလန် ပြူတင်းပေါက်မှန်တွေ ကွဲကုန်တယ် လို့ ကြားရတယ်။ ကိုဗစ်စင်တာမှာ ဗော်လံတီယာလာလုပ်တဲ့ ကလေးမလေးရဲ့ အိမ်ကိုလည်း ဗုံးကျသတဲ့။ ဒဏ်ရာရတဲ့ လူတစ်ယောက်ကို ဒီဘက်ပို့ချင်တာ ညဘက်မှောင်သွားလို့ရော၊ လမ်းခရီးမသာလို့ရော ပို့လို့မရသေးပါဘူး။ ဟိုဘက်က ဒဏ်ရာရတဲ့သူတွေကိုတော့ ရဟတ်ယာဉ်နဲ့ အခေါက်ခေါက်အခါခါ သယ်ပို့နေတာပဲ။ ကိုယ်တို့ဆေးရုံပေါ်ကနေ တနေကုန် လေယာဉ်တွေ ကူးသန်းနေကြတာ မင်္ဂလာဒုံရောက်နေသလား မှတ်ရတယ်။ ညနေပိုင်းလောက် ရောက်တဲ့အခါမှာတော့ […]

ချန်ဂင်တို့စခန်း (၅၀)

ဒီကနေ့တော့ မနက်စောစောစီးစီးကတည်းက တိုက်ပွဲသတင်းတွေ တက်နေပါတယ်။ ရွာအနောက်ဘက် နယ်စပ်မျဉ်းတဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် ကြိုးတံတားတစ်စင်းလည်း ချိုးထားလိုက်ပြီတဲ့။ လက်နက်ကြီးသံတွေ တအုန်းအုန်း။ လေယာဉ်ပျံတွေကလည်း ဟိုဘက်ကပတ်လိုက် သည်ဘက်ကပတ်လိုက်ပါပဲ။ ဆေးရုံပေါ်မှာကို ဝဲနေလို့ အဆောက်အဦးထဲ မနေကြနဲ့ လာပြောပေမယ့် ကိုယ့်မှာက သွေးလှူရှင်ဆီက သွေးထုတ်ရင်းတန်းလန်းဆိုတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေရုံပါပဲ။ ကံကောင်းချင်တော့ မိုးတွေအုံ့နေလို့ ကိုယ်တို့လည်း သူ့မမြင်ရ၊ သူလည်း ကိုယ်တို့မမြင်ရ။ အသံတော့ ကျယ်ကျယ်လောင်လောင် ကြားရတယ်။ မနေ့ကသွေးလှူပေးတဲ့ ဆေးခန်းက ကလေးကတော့ သူတို့ရွာက လေယာဉ်လာရင် အမြဲတမ်း တိမ်နဲ့ အုပ်ပေးထားနေကျ။ ဆေးရုံထိပ်က နတ်ကြီးစင်ကြောင့်ပေါ့ တဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် အပေါ်မှာ လေယာဉ်ကို ရှင်းရှင်းကြီးမြင်နေရရင် စိတ်ထဲမှာ ကြောက်ချင်ကြောက်နေမိမယ်။ အခု မမြင်ရတော့ […]

ချန်ဂင်တို့စခန်း (၄၉)

လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေကို လက်နက်နဲ့ နှိပ်စက်သတ်ဖြတ် အနိုင်ကျင့်တယ်။ လက်နက်ကိုင်အချင်းချင်း စစ်တိုက်လို့ ရှုံးရင်ကျ လေကြောင်းပစ်ကူ လာပါ လာပါဆိုပြီး ပဲပြုတ်သည် လက်ခုပ်တီးခေါ်သလို ခေါ်တယ်။ သူတို့သောက်ကျင့်တွေက ဒီအတိုင်း လုပ်နေကျမို့လို့ ဟိုတနေ့က တပ်တွင်းမွင်းငါး ချက်ပြီးတဲ့အခါ ညကျရင်တော့ လေယာဉ်လာတော့မယ်ဆို စောင့်နေပါတယ်။ သို့သော်လည်း တကယ်တမ်း လေယာဉ်လာတဲ့အချိန်ကျတော့ အကုန်လုံး ခွဲခန်းထဲရောက်နေပြီး မီးစက်သံတွေ ဆူညံနေလို့ မကြားလိုက်ပါဘူး။ ဖုန်းလိုင်းတွေ ပြန်ပွင့်တော့ missed calls ပေါင်းများစွာနဲ့ လှထုံတို့ဆီက ဖုန်းတွေ ဆက်ထားတာကိုး။ သူတို့ဆီမှာ အခြေအနေမကောင်းဘူး။ လေယာဉ်နဲ့ လာချ၊ လက်နက်ကြီးနဲ့ လာပစ်လို့ အိမ်ထဲကအိမ်ပြင်တောင် ထွက်လို့မရဘူး။ ရွာအထွက်လမ်းတွေ ပိတ်ထားလို့ “ဝေးဝေးထွက်ပြေးသွား” လည်း လုပ်မရဘူး။ ကိုယ်တွေရော အဆင်ပြေ လုံခြုံရဲ့လား […]