ချန်ဂင်တို့စခန်း (၆၀)

ဒီမနက် မိုးတအားသည်းပါတယ်။ မရွာတဲ့နေ့ရယ်လို့ မရှိသလောက်ပါပဲလေ။ အဲ့ဒါကြောင့် လမ်းတွေပျက်ကုန်တာ။ ဒီလို မိုးအရမ်းကောင်းတာ နှစ်ပေါင်းများစွာ ကြာလာလို့လည်း ဒီနယ်မြေမှာ ရေအိုင်ကြီးတွေ ပေါ်လာတာနေမယ်။ တောင်ပေါ်ဒေသပေမယ့် ဟိုးအရင် လောက်ကိုင်မှာနေသလို အေးမြခြောက်သွေ့တဲ့ ရာသီဥတု မဟုတ်ပဲ အင်မတန်စွတ်စိုထိုင်းမှိုင်းတယ်။ တောထဲမှာ အလိုလိုစိမ့်ထွက်နေတဲ့ သဘာဝစိမ့်စမ်းတွေလည်းရှိတယ်။ မြစ်ဦးချောင်းဖျားက ရေကြည်ရေသန့်ကို အားပါးတရ သုံးချိုးခွင့်ရတာ စည်းစိမ်တစ်မျိုးပါပဲ။ ဟိုးအရင်တုန်းကတော့ ဒီလိုချောင်းကလေးတွေမှာ ရေချိုးရင်း ရွှေတိုရွှေစကလေးတွေ ကောက်ကောက်လာပြီး စုထားတဲ့ ကချင်မလေး မခေါင်ညယ်အကြောင်းကို “မြန်မာပြည်မြောက်ပိုင်း” ထဲမှာ ဖတ်လိုက်ရတယ်။ မြန်မာဘုရင်တွေနန်းကျခါစလောက်ကပေါ့။ နောက်ပိုင်းမှာတော့ အင်ဝိုင်းကလေးတွေနဲ့ ကျင်ယူကြတယ်။ ရွှေတောထဲသွားလို့ ငှက်ဖျားမိပြီးပြန်လာကြတယ်တို့၊ ဖားကန့်တက် ကျောက်တူးတာ ဘိန်းစွဲပြီးပြန်ရောက်လာတယ်တို့ဆိုတာ ကိုလိုနီခေတ်မှာကတည်းက လူတကာကြားဖူးခဲ့တဲ့ ဖြစ်ရပ်တွေပါလေ။ ဆယ်ဇင်းမှာ ရွှေတွေထွက်တော့ မြန်မာပြည်အနှံ့က ရွှေလာကျင်တဲ့သူတွေနဲ့ […]

ချန်ဂင်တို့စခန်း (၅၉)

သာယာသောနေ့သစ်တစ်နေ့ ထပ်ရပါတယ်။ ပြောတော့လည်း နေ့ချင်းညချင်း စစ်ထတိုက်တော့မလိုနဲ့ တစ်နေ့ပြီးတစ်နေ့ သာယာပြနေတာလည်း မင်းပါပဲ။ အဲ့ဒါ ကချင်ပြည်နယ်လို့ ခေါ်ပါတယ်။ မတ်မတ်ဆောင်း စကားကိုတောင် ငှါးသုံးခဲ့ဖူးတယ်လေ။ စစ်က တိုက်သလိုလို မတိုက်သလိုလိုပါလို့။ တကယ်မတိုက်ပါဘူးကွာ လို့ ပြောနေတဲ့သူတွေ အများကြီးရှိပါတယ်။ မဟုတ်ပါဘူး။ တကယ်တိုက်ပါတယ်။ ကချင်တွေ စစ်တိုက်ပုံက တမ်ပိုတွေသိပ်ပါလေ့မရှိဘူး။ ငှက်ပစ်သလို ငါးဖမ်းသလို လုပ်ရိုးလုပ်စဉ်ပဲ သဘောထားတယ်။ သူတို့ပြောရင် စစ်တိုက်တယ်တောင် မပြောဘူး။ အလုပ်လုပ်တယ်တဲ့။ “ဒီနေ့ ကလေးတွေ အလုပ်လုပ်တာ တော်တယ်လေ။ အောင်ပွဲခံရအောင်။” အဲ့သလိုပဲ သူတို့ ပြောလေ့ရှိပါတယ်။ လုပ်စရာရှိတာ လုပ်ပြီးရင် တိုက်ပွဲအကြောင်း စားမြုံ့ပြန်မနေဘူး။ သူတို့စိတ်ထဲ တောလိုက်လို့ အမဲရသလောက်ပဲ သဘောထားပါတယ်။ အရင်တုန်းကတော့ ကိုယ်ရောက်နေတဲ့ အရပ်ဒေသကို မဖော်ပြလိုတဲ့အတွက် သူတို့အကြောင်းတွေ […]

ချန်ဂင်တို့စခန်း (၅၈)

ဟိုးအရင်တခါ တရုတ်ရာဇဝင်ထဲက သုံးပြည်ထောင်စစ်ပွဲအကြောင်း စာရေးတဲ့အထဲမှာ တရုတ်ပညာရှိကြီးတွေရဲ့ အဆိုအမိန့်တစ်ခု မှတ်သားခဲ့ဖူးပါတယ်။ စစ်ပွဲတစ်ပွဲရဲ့ အရှုံးအနိုင်ဟာ အဲ့ဒီစစ်ပွဲမစခင် စစ်မင်းစစ်ကဲတွေ မြေပုံပေါ်မှာ အလံကလေးတွေ ရွှေ့ရွှေ့ပြီး ဘယ်နေရာကို ဘာနဲ့ ဘယ်လိုတိုက်မယ် စစ်ဗျူဟာတွေ ခင်းကျင်းဆုံးဖြတ်ကတည်းက အဖြေထွက်နှင့်ပြီးသားပါတဲ့။ ဆွန်ဇူးကျမ်းထဲက ဘယ်လိုဆိုလေသလဲတော့ မပြောတတ်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်တွေလည်း စစ်ရေးအမြင်ရှိရမယ့် ခေတ်ကာလကြီးမှာ ကိုယ်တို့လည်း ကြားဖူးနားဝ ရှေးသူဟောင်းစကားများကို ပစ်ပါယ်လို့တော့ မဖြစ်ချေဘူး။ ဒီနေ့ နေသာသလား မိုးရွာသလား၊ လေယာဉ်လာမလား မလာဘူးလား၊ တိုက်ပွဲရှိသလား မရှိဘူးလား၊ ကွက်ကွက်ကလေးကြည့်ပြီး စီမံခန့်ခွဲနေလို့ရှိရင် ကိုယ့်ကြမ္မာဟာ ကိုယ်ဖန်တီးတဲ့အရာ မဟုတ်ဘူး။ သူများဖန်တီးသမျှ အလိုက်သင့်မျောပါနေတာပဲ။ တိုက်ပွဲမရှိသ၍ ဒီတိုင်းလေးနေမယ်။ တိုက်ပွဲတွေလာရင် ထွက်ပြေးမယ် ဆိုတာကလည်း စစ်တိုက်နေတာမှ မဟုတ်တာ။ စစ်ပြေးဒုက္ခသည်လုပ်နေတာသက်သက်ပဲ။ ဘာမှ […]

ချန်ဂင်တို့စခန်း (၅၇)

ဒီတခါတော့ မိုးချုပ်အောင်တောင် မစောင့်နိုင်တော့ပဲ ညနေမှောင်ရီဖြိုးဖျကတည်းက မိုးရွာနေနှင့်ပါတယ်။ သူတို့ဘက်ကလည်း ညတိုင်းလိုလို ဒရုန်းနဲ့ပျံပျံပြီး လာကြည့်တာမို့ ညမှောင်ရင် ကိုယ်တို့လည်း မီးစက်မနှိုးပဲ အမှောင်ချနေကြတာ။ ညဆိုလည်း ဆေးရုံထဲမှာ မအိပ်တော့တာ ကြာပြီလေ။ လူနာတွေကိုတော့ ညဆေးတွေ အပြီးထိုးပေးခဲ့ပြီး လုပ်စရာရှိတာတွေ ကြိုလုပ်ပေးထားခဲ့ပါတယ်။ ညဉ့်နက်သန်းခေါင်ကျမှ complaint လာရင် ကိုယ်တို့လည်း ပြန်လာလုပ်ပေးလို့မှ မရတာ။ အရေးအကြောင်းဆို evacuate လုပ်ဖို့ plan ကိုလည်း သူတို့ကို ရှင်းပြသင်ကြားပေးထားရပါတယ်။ သူတို့လည်း ကိုယ်တွေပြန်သွားကြရင် အားငယ်ကျန်ရစ်ခဲ့မှာ သိပေမယ့် အဲ့လိုပဲ လုပ်ခဲ့လို့ရတာကိုး။ သူတို့ချည့်ကျန်ခဲ့တာ မဟုတ်ပဲ လုံခြုံရေးတွေ ကင်းတွေ အထပ်ထပ်နဲ့ပါ။ စစ်တပ်ကလာရင်တောင် ခုလာလို့ ခုရောက်တဲ့ အရပ်လည်း မဟုတ်။ မနက်စောစော ကိုယ်တို့ပြန်လာရင် ဆေးဆက်ကုဦးမယ့်ဥစ္စာ။ သူတို့လည်း […]

ချန်ဂင်တို့စခန်း (၅၆)

တစ်ရက်ချင်း တစ်ရက်ချင်း ရှင်သန်သွားမယ်ဆိုရင် ဒီနေ့ဟာ သာယာတဲ့ နေ့တစ်နေ့ပါပဲ။ နေသာတယ်။ တိုက်ပွဲမရှိဘူး။ မနေ့ကဖမ်းသွားတဲ့ထဲက ကလေးနှစ်ယောက်တော့ ပြန်လွတ်လာခဲ့တယ်။ ဟယ်လီကော်ပတာတောင် မလာဘူး။ ပုစဉ်းမောင်းတဲ့ကောင်တွေလည်း “ဒီနေ့က တင်းဂွေနေ့လေ ဘေးဘေ။” လုပ်နေသလား မသိ။ ရွာမှာတော့ လူကုန်သလောက် ရှိသွားပါပြီ။ အိမ်စောင့်မယ့်သူပဲ နေခဲ့ပြီး တော်တော်များများ စစ်ရှောင်ကုန်ကြတာကိုး။ အနီးအနားရွာကနေ ဘုရားကျောင်းထဲမှာ စစ်ရှောင်လာတဲ့ မိသားစုတွေတောင် သူတို့စစ်ရှောင်တဲ့ဆီ စစ်ကလိုက်လာလို့ နှစ်ထပ်ကွမ်းစစ်ရှောင်ကြရတယ်။ ဓမ္မဆရာတွေလည်း ချမ်းသာပေးတာမှ မဟုတ်တဲ့ဟာ။ အိမ်စောင့်ကတော့ မနေလို့လည်း မဖြစ်ဘူး။ ဆယ်ဇင်းဆိုတာ ဘိန်းစားတွေ တရားဝင် သွားလာနေထိုင်လို့ရတဲ့ရွာ။ နံပါတ်ဖိုးတစ်တိုင်ရှို့ချင် ဘီယာသောက်သလောက်တောင်မကုန်ပဲ အလွယ်တကူ ဝယ်လို့ရတဲ့နေရာ။ ဒီနေရာမှာ စစ်လာဖြစ်တော့ လော်ပန်တွေလည်း လစ်ကုန်ပြီ။ ဝယ်ရရှာရလည်း ခက်သွားပြီ။ သူတို့အတွက်ဖွင့်ထားတဲ့ နားခိုရာစင်တာလေးတောင် […]

ချန်ဂင်တို့စခန်း (၅၅)

မေတ္တာရဲ့တန်ခိုးဟာ ချမ်းသာစွာအိပ်စက်ရပြီး ချမ်းသာစွာ နိုးထရတယ်တဲ့။ တောထဲရောက်ကတည်းက စာရေးနေတဲ့အချိန်ကလွဲရင် အိပ်လို့မပျော်ဘူး ဆိုတာ မရှိဘူး။ အိပ်ယာကမနိုးဘူး ဆိုတာလည်း မရှိဘူး။ အိပ်တော့မယ်ဆို တုံးကနဲ ထတော့မယ်ဆို ဝုန်းကနဲပဲ။ အလုပ်ရှိရင် လုပ်တယ်။ အလုပ်မရှိရင် အိပ်တယ်၊ စားတယ်၊ သီချင်းနားထောင်တယ်။ သာသာယာယာပဲ။ သွားရင်းလာရင်း ကုန်ရတဲ့အချိန် မရှိဘူး။ စစ်ဖြစ်နေလို့သာ သတိဝီရိယ နဲ့ နေရတာ။ တိုက်ပွဲအခြေအနေအေးရင် ကိုယ်တို့လည်း အေးဆေးပဲ။ မနေ့ညက ပူပူလောင်လောင်နဲ့ အိပ်ပျော်သွားတာတောင် မနက် ၄ နာရီလောက်ကျ မိုးတွေသည်းလိုက်တာ တအား။ ခြိမ်းလိုက်တာကလည်း သိမ့်သိမ့်ကို တုန်လို့။ လျှပ်စီးတွေတဝင်းဝင်း နေ့ခင်းကြောင်တောင်လောက်ကို လင်းတယ်။ လေယာဉ်လာနေကျ အချိန် မဟုတ်လား။ မိုးနတ်မင်းကြီးကတော့ တာဝန်ကျေပါပေတယ်။ ချောင်းရေတွေ တက်လာတာ ကမ်းပါးစွန်းထိ […]