ချန်ဂင်တို့စခန်း (၄၃)

“ရှစ်နယ်အုံ့မှိုင်းပါလို့ ဘုံတိုင်းနဘေ ခြုံသိုင်း ဝဠာဘွေက မဟာမေဃော ဗျာပါပွေ စောစေဖို့ ဖြိုးလျှပ်အုံ မိုးနတ်ပစ္စုန် အိုဘယ် မာန်ဟိန်းတယ်လေး။ ပိန်းပိတ်လို့ခြုံ။” ဒီအရပ်ဒေသဟာ တခြားသောအရပ်ဒေသတွေထက်ကိုပဲ မိုးများသလား မပြောတတ်ပါဘူး။ နေ့တိုင်းလို ရွာတယ်။ ရွာတိုင်းလည်း သည်းတယ်။ အရပ်ရှစ်မျက်နှာ မည်းမည်းမှောင်မှောင်နဲ့ကို လျှပ်စီးတဝင်းဝင်းနဲ့ ထစ်ကာချုန်းကာ ရွာတယ်။ ရှေးကပြောသလို ဆိုရင်ဖြင့် ကောင်းကင်မှာ သိကြား နဲ့ အသုရာတို့ အကြီးအကျယ် စစ်ခင်းစစ်တိုက်နေကြတာ လို့ ဆိုမှာပေါ့။ ဒါတောင် မုန်တိုင်းဆင်တာ မဟုတ်သေးဘူး။ မိုးထဲမှာ လေပါတယ်ဆိုရုံကလေး။ ကုန်းတွင်းပိုင်း တောင်တန်းတွေဆီရောက်တော့ အနောက်တောင်မုတ်သုန်လေတွေလည်း အားပျော့သွားပြီး သယ်လာသမျှရေ အကုန်သွန်ချပစ်လိုက်ပုံ ရပါတယ်။ ဒီလေလောက်နဲ့ကိုပဲ သစ်ပင်ကြီးတွေ လဲကျရင် တဲပေါ်ပိလို့ ၂ ယောက်သေပြီး ၃ ယောက် […]

ချန်ဂင်တို့စခန်း (၄၂)

ဒီရက်ပိုင်း မိုးကလေးနည်းနည်းစဲသွားပေလို့ မြေလမ်းကလေးတွေ ရွှံ့ခြောက်လာပြီး ဆိုင်ကယ်လေးဘာလေး သွားလို့လာလို့ ရလာပါတယ်။ တချို့နေရာတွေမှာတော့ ကူးတို့နဲ့ ကူးရတာပေါ့။ ဆေးရုံပေါ်ကလူနာတွေလည်း ခုမှ အလျှိုအလျှို ပြန်နိုင်တယ်။ ကောင်းမွန်ပျောက်ကင်း သွားလိ့အပြန်လှတယ် ပြောရမှာပေါ့လေ။ အမ်းမှာတုန်းကလို တကိုယ်လုံးမီးလောင်ထားတဲ့ လူနာတစ်ယောက် ကောင်းကောင်းမွန်မွန် ဆေးရုံက ပေးဆင်းနိုင်ခဲ့ပြီ။ သူ့ရှေ့ကတစ်ယောက်ကတော့ မရှင်လိုက်ဘူး။ လောင်ပြီး တစ်လကြာမှ ရောက်လာတာကိုး။ ဆေးရုံဆိုတာ လူနာ အသေအပျောက်နဲ့ ဘယ်ကင်းနိုင်မလဲ။ အဖိတ်အစင် ရှိရင် အုပ်ကြီးဆီဖုန်းဆက်ပြီး ရွာသားတွေက လာသယ်ပြီး မြေမြှုတ်ပေးပါတယ်။ တော်ပါသေးရဲ့။ သူတို့သာ မရှိရင် ဆရာဝန်ကိုယ်တိုင် ကျင်းတူးနေရမှ အခက်။ ကိုယ်တွေသာ အလောင်းစည်သူ ဆိုလို့ကတော့ ရွာကအရင် နှင်ထုတ်မှာ သေချာတယ်။ ခုနောက်ပိုင်း ပေါက်ပြား တူရွင်းနဲ့ ရွာသားတွေ အကူအညီမခေါ်ရတာ […]

ချန်ဂင်တို့စခန်း (၄၁)

“ရွှေအာကာဘုံစိုး အလို … ပစ္စုန်မင်းငယ်လေး ဘယ်ခင်းနှင့် ငြှိုး။ ခိုးညှာသူဖန် မိုး ဘာပြုထန်သလေး။” ဟုတ်သားပဲ။ ဝါတောင်မဝင်သေးဘူး။ မိုးကလည်း သည်းလွန်းပါတယ်။ ရွာထဲကလူတစ်ယောက်က ပြောသေး။ သူ ဒီမှာနေလာတာ အနှစ် ၂၀ ရှိပြီ။ နယုန်လကြီး ရေကြီးတာ သည်တစ်ခါ ကြုံဖူးသေးသတဲ့။ ရွာအောက်ပိုင်းတွေ ရေမြုတ်နေလို့ ပြောတာပါ။ ကိုယ်ကတော့ ချောင်းကလေးရဲ့ အပြောင်းအလဲတွေကို နေ့တိုင်းသွားကြည့်ပါတယ်။ တစ်ရက်လောက် မိုးတိတ်သွားရင် ပြန်ပြန်ကြည်လာသားပဲ။ ကမ်းပါးပြိုတဲ့နေရာတွေသွားကြည့်ရင် ပထဝီဖတ်စာအုပ်ထဲကအတိုင်း မြေဆီလွှာတွေ အလွှာလိုက် အချပ်လိုက် တွေ့ရတယ်။ ချောင်းထဲက ကျောက်စရစ်တွေ အဲ့ဒီအောက်က လာတာလေ။ ရွှေထွက်ရင် ရွှေကြောရှိတယ်။ ကျောက်ထွက်ရင် ကျောက်ကြော ရှိတယ်။ တချို့ရွာတွေမှာ နှစ်မျိုးလုံးရှိတယ်။ ကြည့်တတ် ကျင်တတ် ဆေးတတ် ကောက်တတ်ဖို့ပဲ […]

ချန်ဂင်တို့စခန်း (၄၀)

ဂေါတမဘုရားရှင်က ကပ္ပိလဝတ်ပြန်ပြီး မိသားစုနဲ့ ဆွေတော်မျိုးတော်တွေ ချေချွတ်တဲ့အခါ ယသော်ဓယာမိဖုရားကတော့ လာရောက်ဖူးမြှော်ခြင်း မရှိပါဘူးတဲ့။ သုမေဓာရှင်ရသေ့ဘဝကတည်းက အတူတူဆုပန်ပြီး ဘဝအဆက်ဆက် ပေါင်းဖက်လာသူချင်း စကားလေးတစ်ခွန်း စာကလေးတစ်စောင်မျှ နှုတ်ဆက်ဖော်မရပဲ ခွဲသွားရက်သူကြီးမို့ မိန်းမသားတို့သဘာဝ စိတ်ကောက်တော်မူတာ လို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့်လည်း အဆောင်တော်ထိ ကြွမြန်းလာတဲ့ ဘုရားရှင်ကို မြင်လိုက်ရင်ပဲ ဖြေမဆည်နိုင်အောင် ခံစားရလွန်းလို့ သည်းအူပြတ်မျှ ငိုရှာသတဲ့။ ဒီအခါမှာ ဘုရားရှင်ကလည်း မလွန်ဆန်နိုင်တဲ့ ယောက်ကျားတို့ ဝတ္တရားအရ (ပါရမီတွေ အတူဖြည့်ပေးဖူးတဲ့ ကျေးဇူးကြောင့် လို့တော့ ပြောရတာပ။) ချော့တော်မူရပါတယ်။ “မငိုပါနဲ့ တကာမလေး။ တိတ်ပါ။ သံသရာမှာ နှစ်ယောက်သား ခွဲခွါရလို့ ငိုကြွေးလာရတဲ့ မျက်ရည်တွေက သမုဒ္ဒရာကြီးလောက် ရှိနေပါပြီ။” ဆိုပြီး ကိန္နရီမောင်နှံ ချောင်းခြားတဲ့ ဘလ္လာတိယဇာတ်ကို […]

ချန်ဂင်တို့စခန်း (၃၉)

“မိုးဒေဝါ ချိန်ခါလေဟုတ်ပဲ တဖွဲဖွဲ တသည်းသည်း ရွာပဲခုနေ မိုးကစွေစွေ။ တိမ်ခြေတောင်ထဲ မိုးကမည်း။ တဖွဲဖွဲရယ်နှင့် တသည်းသည်းရယ်နှင့် တိမ်ထဲကနေ မိုးဘာပြုစွေတယ်လေးလေ့။” အခုမှ နယုန်လပြည့် ရှိပါသေးတယ်။ မိုးတွေကလည်း စွေလိုက်တာ မပြောပါနဲ့။ ခနလေး စဲသွားပြီးရင် ပြန်ပြန်သည်းလာရော။ ပြက္ခဒိန်ထက် အများကြီးစော ရွာတဲ့မိုးမို့လို့ သူ့နောက်က မနည်းမီအောင်လိုက်နေရတာပေါ့။ ရေစစ်ကန်တွေ ရေမြုတ်မော်တာတွေနဲ့ တွင်းရေတော့ အဆင်ပြေသွားပါပြီ။ ဒါပေမယ့်လည်း အဲ့သလောက်ပေါများနေတဲ့ မိုးရေတွေပါ သုံးချင်တာကြောင့် ရေတံလျှောက်တပ်ပြီး ပိုက်တွေနဲ့ မိုးရေခံဖို့ပါ လုပ်ရတယ်။ ရေမရလို့ နှစ်ရက်လောက် ခွဲခန်းပိတ်ထားလိုက်တာ ခွဲလူနာတွေ ပုံသွားလို့ တစ်နေ့ကို နှစ်ယောက်သုံးဃောက် ဖြိုနေရသေးတာ။ အလုပ်ကို လောဘတကြီးနဲ့ ကြုံးလုပ်နေတော့ ဆေးတွေက မလောက်တော့ပြန်ဘူး။ နဂိုက မှာနိုင်လွန်းလို့ အဆက်မပြတ်ရနေတာ။ အခု […]

ချန်ဂင်တို့စခန်း (၃၈)

“မိုးသံလေသံ မောင်မကြားလား မေ့လျော့နေအား။ ဒေဝါမိုးလေးက အုံတုံတုံ ချစ်သူထံဘယ်သူသွားပါ့မယ် လူကားမကြုံ။” မိုးတွင်းကာလဆိုရင် အသွားအလာ အဆက်အသွယ်တွေ ပြတ်တောက်သွားတာ ဟိုးရှေးရှေးကတည်းကနဲ့ တူပါတယ်။ အခုလည်း ကိုယ်တို့မှာ လူကြုံနဲ့ စာပါးဖို့တောင် ခပ်ခက်ခက်ရယ်။ တယ်လီဖုန်းလိုင်းတွေကလည်း မိုးအုံ့ရင် မမိတော့ဘူး။ အင်တာနက်ကလည်း မမိတာကများပါတယ်။ off line mode နဲ့ စာတွေရေးရေးထားပြီး လိုင်းကလေးတက်လာတဲ့အချိန် ကမန်းကတမ်း ကောက်တင်ရတာ။ ပုံတွေမမြင်ရ ဗီဒီယိုကြည့်မရ။ စာလေးပို့ချင်တာတောင် “အချစ်များစွာဖြင့်သာ…” နဲ့တင် အဝိုင်းလေးလည်နေပြီး ရှေ့မတက်တော့ဘူး။ ဒီလိုအချိန်ကြီး ကိုယ့်ဆီကို မရောက်ရောက်အောင် ဆေးလာကုတဲ့သူတွေကို ကိုယ်ကတောင် ကျေးဇူးတင်နေရသေးတာပါလေ။ ခုရက်ပိုင်း မြို့ပေါ်ကလူတွေတောင် တောမှာလာဆင်းခွဲကြတယ်။ လိပ်ခေါင်းလူနာ နှစ်ယောက်သုံးယောက် ခွဲပေးလိုက်တာ မြို့ပေါ်မှာ လိပ်ခေါင်းဘုရင် မောင်မောင်ခင် လို့များ အမည်စာရင်းပေါက်သွားလား […]