ချန်ဂင်တို့စခန်း (၂၁)

“နွေခါမီဝယ် ရာသီမိဿ ဂိမန္တနှင့် စိတြကြယ် တိမ်ခိုးလယ်မှာ စံပါယ်ကွန့်ကာ တိမ်ဗွေချာလျှင် ဒေသစာလျှမ်း လှည့်လည်မြန်းပါလို့ နှစ်ဆန်းခဲ့သင်္ကြန် သစ်သစ်သာဖန်တော့တယ် နိုင်ငံကြော့ပြည်သူမှာ ပန်ဆုယူ တာရေသွန်းချိန်မို့ လွမ်းလှတယ်လေး။” တဲ့။ စာသားလေးတွေက ဖတ်လို့ကောင်းလိုက်တာနော်။ ဦးကြော့ရဲ့ တန်ခူးလဖွဲ့တဲ့။ သီချင်းလေးလို နားထောင်တော့လည်း အင်မတန် နားထောင်လို့ကောင်းပြန်တာပဲ။ ဒေါ်ကြည်အောင် ဆိုထားတဲ့ “သပြေခက် နဲ့ ရေပက်” ထဲမှာပါတယ်။ တီးဝိုင်းကြီးနဲ့ ကိုယ်တိုင်ဝင်ဆိုလိုက်ရရင်တော့ ဘယ့်နှယ်ပြောပါလိမ့်ဗျာ။ အရသာကို ရှိနေတာပဲ။ တခါတုန်းက မုံရွာသင်္ကြန်ကို ကိုဘသန်းတင်နဲ့ အလည်လိုက်သွားတုန်းက ဆိုဖူးတယ်။ မိန်းကလေးသီချင်းမို့ ခါတိုင်း မပပ ဆိုနေကျကို အတက်နေ့ရောက်တော့ သူကအသံတွေနာနေတာနဲ့ နေဦးကွယ်။ ဆိုကြည့်စမ်းပါရစေ။ ဆိုပြီး အမှတ်တမဲ့ တက်ဟဲတာ နားထောင်တဲ့သူတော့မသိဘူး။ ဆိုရတဲ့သူမတော့ အီစိမ့်နေတာပဲ။ ပြန်မရနိုင်တဲ့အချိန်တွေပေါ့လေ။ […]

ချန်ဂင်တို့စခန်း (၂၀)

တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ကိုယ်စီကိုယ်စီ ရှိခဲ့သမျှ ရည်မှန်းချက်တွေ ရိုက်ချိုးခံခဲ့ရပြီး နေ့စဉ်ဘဝတွေမှာ တေးသံမချို ပန်းတွေငို နွေမကပူ အဖြစ်ဆိုးခဲ့ကြရတာပါ။ ပြည်သူလူထုရဲ့ အသက်ရော အိုးအိမ်ရော စည်းစိမ်ရော မှောက်လိုက်သွန်လိုက်သလို တမဟုတ်ချင်း ပျောက်ခြင်းမလှ ပျောက်ကုန်ကြရတယ်။ စစ်တပ်ကလူတွေ တဖွဖွပြောနေတဲ့ တိုင်းပြည်ကြီး ချောက်ထဲကျတယ်ဆိုတဲ့ အဖြစ်အပျက်ဟာ အခုအဖြစ်အပျက်မှ အစစ်။ သူတို့ကိုယ်တိုင် တွန်းချခဲ့တာလေ။ ခုထက်ထိကျလို့ မဆုံးသေးတာ။ ဒလိန့်ခေါက်ကွေးပဲ။ အင်မတန်ကိုရက်စက်တဲ့ လူယုတ်မာတွေရဲ့ လက်ချက်လို့တောင် သမိုင်းမတင်အားသေးပါဘူး။ သူသူကိုယ်ကိုယ် ကိုယ့်အသက်ကိုယ် မရအရ ကယ်တင်နေရတုန်းမို့လို့။ နို့မို့ သေတဲ့အထဲပါသွားမှာကိုး။ ကိုယ်လည်းပဲ ကိုယ့်အသက်ကိုယ် ရှင်သန်အောင် စောင့်ရှောက်ရင်း ဒီအထိရောက်လာတာပဲ မဟုတ်လား။ ဒီကောင်တွေ အသေရရ အရှင်ရရ သတ်ချင်နေတဲ့စာရင်းထဲမှာ မပါရအောင် […]