ချန်ဂင်တို့စခန်း (၂၇)

“ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” တဲ့။ နှစ်တစ်နှစ်ရဲ့ အပူဆုံးအချိန်ကို ရောက်ခါမှပဲ မီးတွေကလည်း မတရားပြတ်နေပြန်ပြီ မဟုတ်လား။ အမြဲတမ်း ဒီအချိန်ဆို တနေကုန် အဲကွန်းလေးနဲ့ နေနေကျ ရန်ကုန်၊ မန်းလေးက လူတွေ အဖို့တော့ ငရဲမီးဟပ်သလိုများ ပူလောင်နေကြပလား မပြောတတ်ပါဘူး။ ငရဲခွေးဟပ်တဲ့ ဒုက္ခကလည်း မသေး။ သေသာသေလိုက်ချင်တော့တယ် လို့ ညည်းတွားကြမယ် ထင်ပါတယ်။ ဒီမှာလည်း နေ့ခင်းဘက်ဆို ပူတာတော့ တော်တော်ပူပါတယ်။ အရိပ်ကောင်းတဲ့သစ်ပင်အောက်ထိုင်၊ လေလေးဘာလေး လာရင်တော့ မဆိုးဘူးပေါ့။ ခွဲခန်းထဲမှာ ပူလွန်းလောင်လွန်းလို့ elective operations တွေကို မနက်ပိုင်း စောစောပဲခွဲကြတယ်။ ဒီနေ့ခွဲတဲ့လူနာက သနားသွားလို့ အဲကွန်းနဲ့ မီးစက်တစ်လုံး ဝယ်လှူမယ်တဲ့။ ဝမ်းသာစရာကြီးနော်။ အပြင်ကအပူက သည်လောက်မဆိုးပါဘူး။ ညနေစောင်းလို့ ချောင်းထဲဆင်းရင် ရေနွေးနွေးလေးနဲ့ […]

ချန်ဂင်တို့စခန်း (၂၆)

ဒီလိုနဲ့ ရက်တွေလတွေ ပြောင်းလာသလောက် ချန်ဂင်တို့ ဆေးရုံကလေးလည်း တစထက်တစ အဆင်ပြေပြေ သွက်သွက်လက်လက်ကလေး လည်ပတ်လုပ်ကိုင်နေပါပြီ။ လူနာတွေ တစ်သုတ်ပြီးတစ်သုတ် အတက်အဆင်း အဆက်မပြတ်သလို တခြားတဘက်မှာလည်း PDF သင်တန်းလာတက်တဲ့ကလေးတွေ ဝင်လာမစဲ တသဲသဲ ရှိကြပါတယ်။ ကိုယ်တို့စခန်းက သင်တန်းပေးနေတာ မဟုတ်ပဲ ဆေးကုတဲ့ ဆေးရုံသက်သက်ပါ။ အဝင်အထွက် ဆုံမိချိန်လေး ဘုန်းကြီးတွေ သိမ်ဆင်းလောင်းသလို လိုမယ်ထင်တာတွေ ဝယ်ဝယ်ထည့်ပေးတာ။ သိပ်မကြာလှပါဘူး။ သူတို့လည်း ရှေ့တန်းစစ်မြေပြင် အသီးသီးကို ကိုယ်စီကိုယ်စီ ထွက်ခွါသွားကြတာ အမြဲတွေ့မြင်နေကျ။ “ဆရာ။ ဘာမှာဦးမလဲ။” လို့ မေးရင်တော့ “ကောင်းကောင်းမွန်မွန် ပြန်လာခဲ့။ ဒဏ်ရာရတဲ့လူရှိလည်း ဒီကိုရောက်အောင် ပြန်ခေါ်ခဲ့။” လို့ မှာပါတယ်။ ကိုယ့်ဆီက ကလေးတွေ ရှေ့တန်းထွက်ရင် ကိုယ်စီကိုယ်စီ လက်နက်ရိက္ခာ အစုံအလင်ပါသလို သူတို့ချည့်ပဲ […]

ချန်ဂင်တို့စခန်း (၂၅)

အရင်တခါတုန်းက မွေးလူနာနှစ်ယောက် တပြိုင်တည်း ကလေးထွက်လို့ နှစ်သင်းခွဲပြီး ဂိုးစောင့်ရတဲ့ စံချိန်ကို အခုတခါမှာတော့ ဗိုက် ၃ ဗိုက် ပြိုင်တူမွေးပြီး စံချိန်သစ်တင်သွားပါပြီ။ ပထမ ခွဲဖို့ပြင်ထားတာက သွေးပေါင်ချိန် အရမ်းတက်နေတဲ့ ကိုယ်ဝန်သည်။ သားအိမ်အပွင့်နှေးလို့ ခွဲမွေးမယ်ကြံနေတုန်း ရှိသေး။ ရေမွှာမပေါက်ခင် သွေးတွေ ဒလဟောဆင်းပြီး ရောက်လာတဲ့ နောက်ကိုယ်ဝန်သည်က ခွဲခန်းထဲကို အရင်ဝင်ရတော့မလို ဖြစ်သွားတယ်။ သူက ကလေးခေါင်း အောက်မဆင်းပဲ သွေးတွေသွန်နေတာမို့ သူ့ကိုဦးစားပေးရမှာပေါ့လေ။ ခွဲခန်းပြင်ပြီး လူနာသွင်းဖို့လည်းခေါ်ရော အရင်ရောက်နှင့်တဲ့သူက နောက်မှမွေးပြီး မယ်ဦးတပ်တာ မခံချင်စိတ်နဲ့ ဆောင့်ကြီးအောင့်ကြီး ညှစ်ချလိုက်တာ ကလေးခေါင်းလေး တစ်လစ်ဖြစ်လာရော။ ဒါနဲ့ ခွဲခန်း နေဦး ဆို မွေးခန်းထဲဝင် ကလေးအရင်ကောက်ကြတာပေါ့။ ပြီးမှ အေးဆေး ကလေးမွေး ခွဲခန်းထဲမှာ ဓါးတင်မယ် […]

ချန်ဂင်တို့စခန်း (၂၄)

ရာသီဥတုကတော့ သင်္ကြန်ပြီးရင် ပူနေကျဆိုတော့ ထူးထူးထွေထွေ မရှိပါဘူး။ တအောင့်နေရင် တိမ်တွေဖုံးပြီး လေတွေမိုးတွေ လာချင်လည်း လာတာ။ အစိုးမရဘူး။ ကိုယ့်အဖို့ကတော့ ဘာလာလာ ဒေါင်းတယ်လေ။ နေသာတော့လည်း ဆိုလာတွေ အားပြည့်တော့ ဆေးလှောင်တဲ့ ရေခဲသေတ္တာလေး အေးတယ်။ မိုးရွာတော့လည်း နွေခေါင်ခေါင် အဲကွန်းမလိုပဲ အေးစိမ့်စိမ့်လေး။ နေလို့ကောင်းတယ်။ ရောက်စကဆို ချမ်းလွန်းလို့ ရေတောင်ချောင်းထဲဆင်း မချိုးနိုင်ဘူး။ ရေနွေးစက်ကလေးတပ်ထားတဲ့ဆီ မှုန်မွှားမွှားလေး ချိုးရတယ်။ ခုချိန်ကတော့ ရေချိုးလို့ အကောင်းဆုံးအချိန်ပဲ။ ကြည်တယ်။ အေးတယ်။ မချမ်းဘူး။ ရေနည်းနည်းတိမ်သွားတာပဲ ရှိမယ်။ မိုးတွင်းရောက်ရင်တော့ ရေတွေပြန်များလာပြီး ချိုးလို့ပိုကောင်းလာမှာပဲ လို့ ပြောတော့ ရွာကကလေးက ရယ်တယ်။ မိုးတွင်းမှာ ဘယ်သူမှ ချောင်းထဲရေမချိုးတော့ဘူးတဲ့။ ရေတွေနောက်တယ်။ ရေစီးလည်းသန်တယ်။ တောင်ကျရေနဲ့ သစ်ပင်တွေ သစ်ကိုင်းတွေ […]

ချန်ဂင်တို့စခန်း (၂၃)

ဒီနှစ် ဒီအရပ်က သင်္ကြန်မိုးရေ တန်ခူးလေ ဆိုသည်မှာလည်း မိုးဦးလေဦးကျသည့်အလားပါပဲ။ လျှပ်စီးတွေတဖြတ်ဖြတ်လက်ကာ အိုး မိုးကြိုးတွေပစ်။ လူတောင်သေပါတယ်ဆို။ အရင်တပတ်က ပုရစ်ဖူးထွက်စ အပင်ခြောက်လေးတွေက ရွက်စိမ်းလေးတွေဝေနေပြီး ရုပ်တစ်မျိုးပြောင်းသွားပြီ။ ဆူးပုပ်နုနုကလေးတွေ၊ မန်ကျည်းရွက်နုနုကလေးတွေ၊ ခံတက်၊ ကင်ပွန်း၊ ညောင်ဖူး၊ ဟင်းပျဉ်း စားလို့မကုန်အောင်ကို ပေါတယ်။ လေတိုက်တိုင်း သရက်သီးကင်းကလေးတွေ ကြွေတာကြွေတာများ ကောက်လို့တောင်မနိုင်။ နောက်လလောက်ဆို အမှည့်စားရတော့မယ်တဲ့။ ရှေးလူကြီးများ စိုက်ပျိုးသွားတော့ အဆင်သင့် စားရတယ်လေ။ ကိုယ်တို့လည်း ရောက်တုန်းရောက်ခိုက် နှစ်ရှည်ပင် မစိုက်နိုင်ပေမယ့် ပန်းခင်းကလေးတွေတော့ စိတ်ကူးရသလို ပျိုးတာပါပဲ။ ရေချိုးသွားတိုင်း စမ်းချောင်းထဲက ကျောက်စရစ်ခဲလေးတွေ တနိုင်သယ်လာပြီး ခွဲခန်းဆီလူနာပို့တဲ့လမ်းတလျှောက် စီထားတယ်။ ခွဲခန်းရှေ့က ပန်းခင်းကလေးတွေနဲ့ ဆက်သွားရော။ လူနာတွေများလာတော့ အိမ်သာမလောက်တော့လို့ အလှူရှင်ပေါ်လာပြီး နောက်ထပ် အိမ်သာ ၃ […]

ချန်ဂင်တို့စခန်း (၂၂)

ဟိုတနေ့က လေတွေမိုးတွေကျတဲ့အကြောင်းလည်း ရေးပြီးရော လေပြင်းတိုက်လို့ ချောင်းစပ်ကသစ်ပင်လဲတာ လူနာသုံးယောက် ရောက်လာတယ်။ နှစ်ယောက်ကတော့ ကိစ္စပြီးပြီမို့ သယ်မလာတော့ဘူးတဲ့။ စစ်ဘေးမကင်းရတဲ့အထဲ သဘာဝဘေးကလည်း နှိပ်စက်ပြန်သေးတာ။ တောမှာနေတာကြာတော့ X’ray, Ultrasound မရှိပဲ အတတ်ဟောပြီးကုတာ ကျွမ်းကျင်လာပါပြီ။ ရမ်းကုမဟုတ်ပေမယ့် မှန်းကုပေါ့။ သင်ကြားရေးမလုပ်နိုင်ပေမယ့် ကိုယ့်ဘာသာ သင်ယူရေးကိုတော့ လက်မလွှတ်နိုင်ပါဘူး။ သင်ခန်းစာတွေမှ မပြတ်ပဲကိုး။ အတွေ့အကြုံက ဆရာပဲ။ သမားအိုကြီး ဖြစ်မှန်းမသိ ဖြစ်လာတာပေါ့။ ဆေးရုံမှာတုန်းကတော့ စာသင်ရင် ကလေးတွေကို လူနာမေးမြန်း စမ်းသပ်ခိုင်းပြီးမှ ဘာတွေ့တုန်း၊ ဘာထင်တုန်း၊ဘယ်လိုကုမတုန်း၊ ဘာဖြစ်လို့ အဲ့သလိုတွေးသတုံး သူတို့ လက်စလက်နကလေးကို တည့်တည့်ပေးပြီးမှ နည်းပေးလမ်းပြလုပ်တယ်။ ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကို မျှဝေတယ်။ ကျောင်းသားရဲ့ အားစိုက်မှုမပါပဲ လူနာမပါပဲ စာအုပ်ထဲကစာသားတွေ အမြီးပြန်ခေါင်းပြန် ရွတ်သင်တာမျိုး ကိုယ်မသင်တတ်ဘူး။ သီအိုရီက […]