ချန်ဂင်တို့စခန်း (၁၃)

ဆောင်းဝင်တုန်းက တော်တော်နဲ့ မိုးမပြတ်ခဲ့ပေမယ့် ဆောင်းကုန်တဲ့အခါ နှင်းက ရုတ်ချည်းပျောက်သွားပါတယ်။ အရင်ရက်တွေတုန်းကမှ ထင်းစကလေးတွေ ကောက်ကောက်ထားပြီး မနက်မီးညမီး ဖိုနေရသေးတယ်။ အခုတပါတ်ထဲလည်းရောက်ရော အနွေးထည်တောင် ညတပိုင်းလေးပဲ လိုတော့တယ်။ စောင်တွေလည်း ပိုလာပြီ။ လူနာတွေအတွက် အလှူရှင်တွေပို့ပေးလိုက်တဲ့ အိပ်ယာခင်း ဂွမ်းကပ်တွေ ဂွမ်းစောင်တွေတောင် ဗီရိုထဲပြန်သိမ်းနေရပြီ။ တသွင်သွင်စီးတဲ့ စမ်းချောင်းကလေးလည်း အရင်ကလောက် မနက်တော့ဘူး။ ကြည်တော့ကြည်ပါသေးတယ်။ ညနေစောင်းရင် ချောင်းထဲမှာ ရေချိုးတဲ့သူတွေ စည်တာပေါ့။ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကဆိုရင် ချောင်းထဲကရေက ရေခဲရေထက်ပိုအေးလို့ ကြာကြာမစိမ်နိုင်ကြဘူး။ အစကတော့ မြွေဆိပ်ဖြေဆေးတွေ ရေခဲသေတ္တာနဲ့ထားရတဲ့ ထိုးဆေးတွေကို ဗူးကလေးနဲ့ အလုံပိတ်ပြီး စမ်းချောင်းထဲမှာ သွားစိမ်ထားမလို့ စဉ်းစားနေတာ။ စိမ့်ပြီးကျဉ်နေအောင် အေးတာကိုး။ ဒီစမ်းရေကလေးကိုပဲ အားကိုးနေရတာပါလေ။ အခုတော့ ရာသီဥတုပူလို့ လူတစ်ယောက်ချင်း ရေအသုံးများလာတာရော၊ ဆေးရုံတက်လူနာတွေ […]

ချန်ဂင်တို့စခန်း (၁၂)

စစ်တပ်ကဖျက်စီးပစ်လိုက်တဲ့ အေငြိမ်းရဲ့ဆေးရုံကလေးကို သူဘယ်လောက်ကြာကြာ ကြိုးစားတည်ဆောက်ခဲ့ရသလဲ မသိပါဘူး။ ကိုယ့်ဆေးရုံကလေးကတော့ အတောင်အလက်စုံဖို့ နှစ်လကြာပါတယ်။ လူကိုယ်တိုင်လာမနေပဲ သွားလိုက်ပြန်လိုက် အလုပ်လုပ်နေရတာက အဲ့ဒီမတိုင်ခင် တစ်လလောက်ကြာတာပါ။ ကိုဗစ်စင်တာသိမ်းပြီး အိမ်ပြန်ပို့ဖို့ စီစဉ်ကြတဲ့အခါ ရွာကလူကြီးတွေက ကိုယ့်အပြန်လမ်းကို စိတ်မချပါဘူး။ ရွာမှာပဲ ဆေးခန်းလေးဖွင့်ပြီး ဆက်နေပါ။ နေရေးစားရေးသာမက လခလည်း ကောင်းကောင်းပေးပါ့မယ် ဆိုသည့်တိုင် ခွဲခန်းမပါတဲ့ ဆာဂျင်ဟာ ဆက်ရက်တောင်ပံကျိုးသက်သက်မျှသာပါပဲ။ အဲ့ဒါနဲ့ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမလဲ အကြံထုတ်ရင်း ပစ္စည်းကိရိယာစုဆောင်းတာ အဲ့ဒီအချိန်ကတည်းကပေါ့။ အရာအားလုံးကို ပြည့်ပြည့်စုံစုံနဲ့မှ ခရီးစမယ်ဆိုရင် ကိုယ့်မလည်း ခုချိန်ထိ ကမ်းစပ်မှာပဲ ရှိနေဦးမှာ သေချာတယ်။ မဖြစ်မနေ မရပ်မနား တစိုက်မတ်မတ် ကြိုးစားခဲ့လို့သာ ဒီခရီးထိပေါက်လာခဲ့တာ။ အိပ်စရာနေရာ အိမ်သာ ရေမီး စီစဉ်လို့ပြီးတာနဲ့ စခန်းမှာရွှေ့နေပြီး လူနာလေးတွေ လက်ခံဆေးကုခဲ့တယ်။ […]