ချန်ဂင်တို့စခန်း (၁)

တော်လှန်ရေးကာလတလျှောက် ကိုယ်ဘယ်လိုရပ်တည်ရှင်သန်ခဲ့သလဲ ပြန်တွေးကြည့်ရင် ဘာမှထွေထွေထူးထူး မရှိပါဘူး။ စစ်အုပ်စုမှအပ သန်း ၅၀ ခန့်သော အရပ်သားပြည်သူထဲက တစ်ယောက် အနေနဲ့ပဲ ခိုင်ခိုင်မာမာ ဆန့်ကျင်တော်လှန်နေတာပါ။ လှုံ့ဆော်သူလည်း မဟုတ်။ ဦးဆောင်သူလည်း မဟုတ်။ ပဲ့ကိုင်လမ်းညွှန် ထိန်းကြောင်းသူလည်း မဟုတ်ပါဘူး။ တော်လှန်ရေး ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းထဲမလည်း စာရင်းမဝင် အင်းမဝင်ပါ။ “ဒါနဲ့များ မင်းက ဘာကိစ္စနဲ့ ဖျာအရှည်ကြီး ဝင်ခင်းရသလဲ” ဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်သန်ရာစွမ်းရာ ကဏ္ဍကနေ ခေတ်ရဲ့ဝန်ကို ဝင်ထမ်းခြင်း ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက် ဖြစ်တဲ့အတွက် ပြည်သူဘက်က ဆေးကုတယ်။ စာရေးသူ တစ်ယောက် ဖြစ်တဲ့အတွက် လက်တွေ့ဖြတ်သန်းလာရတဲ့ မျက်စိအောက်က တော်လှန်ရေးဖြစ်စဉ်တွေကို မှတ်တမ်းမှတ်ရာ ချန်တယ်။ နောင်တချိန်မှာ သက်သေ အထောက်အထား သမိုင်းဖြစ်ရပ်အနေနဲ့ ခိုင်မာစေချင်လို့ […]