မောင်ပေးတဲ့အကြွေးပြန်ဆပ်ခဲ့ပါ

အမျိုးယုတ် သန္ဓေယုတ် စိတ်ထားယုတ် အကျင့်ယုတ် အသင်းအပင်းအသိုက်အမြုံတစ်ခုလုံးပါယုတ်တဲ့ ကြင်စိုးနဲ့သားများအဖွဲ့က တိုင်းပြည်ကို အတင်းအဓမ္မကျင့်ကြံပြုမူခဲ့တာ တစ်နှစ်တင်းတင်း ပြည့်ပါပြီ။ အဲ့ဒီမသူတော် အာဏာရူးတွေက မတန်မရာ နိုင်ငံတော်အခမ်းအနားနဲ့ ပွဲခံမလို့ နိုင်ငံ့ဝန်ထမ်းတွေ ရှေ့တော်ပါး ခစားဆင့်၊ ဘယ်ညာဘယ်ညာ အနင်းခိုင်းနေတာလောက် အသည်းနာစရာကောင်းတာ ကျက်သရေယုတ်တာလည်း မရှိပါဘူး။ အရင်တုန်းကဆို နေ့စားနဲ့ခေါ်၊ စစ်တန်းလျားထဲက ဆွဲထုတ်ပြီး ရှမ်းမဲမကြီး လုပ်ခိုင်းလိုက်၊ ကရင်ညိုမကြီးလုပ်ခိုင်းလိုက် ဝတ်စုံတွေ အမျိုးမျိုးဆင်နေရတာ မဟုတ်လား။ အခုတော့ အာဏာကြိမ်လုံးနဲ့ ရိုက်ခိုင်းနေပြီလေ။ Non တွေရဲ့ ပြယုဂ်ဆိုတာ အဲ့ဒါပါပဲ။ လက်အောက်ငယ်သားကို မလျော်ဩဇာနဲ့ ချိန်းခြောက် ဟိန်းဟောက် ချနင်းပြီး ကိုယ့်အထက်ကလူကို မျက်နှာလုပ်ရတာ၊ ဖျာအရှည်ကြီးခင်းရတာ၊ ရှက်ရကြောက်ရမှန်းမသိ မျက်နှာပြောင်ရတာ၊ ပြီးရင် သူတို့ကမှ တိုင်းပြည်တာဝန်ကို ဦးလည်မသုန် ထမ်းနေတာပါလို့ […]

ချန်ဂင်တို့စခန်း (၆)

စပြီးရည်ရွယ်တုန်းက အမြောက်ဆံ ဗုံးဆံ သေနတ်ဒဏ်ရာနဲ့ လူတွေကို တတ်နိုင်သမျှ ကုပေးနိုင်ဖို့ရာ ရည်စူးထားပေမယ့် တည်ဆောက်ဆဲကာလ လတ်တလောအခြေအနေမှာ ကိုယ့်ဆီကို အသည်းအသန်ခဲမှန် စာသူငယ်ကလေးတွေ အစုလိုက်အပြုံလိုက် ရောက်မလာသေးတာ သူငယ်မကုသိုလ် ငါ့ကုသိုလ်လို့ ပြောရမှာပါပဲ။ ရပ်သူရွာသားတွေအပေါ်မှာ ဘုရားသခင်စောင့်ရှောက်တဲ့ ကောင်းချီးမင်္ဂလာ လို့ ပြောချင်လည်းပြော။ နံနက်လင်းတိုင်း ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ကလေးတွေနဲ့သွားပြီး သီလဆောက်တည်ရတဲ့အတွက် ရတနာ ၃ ပါးဂုဏ်နဲ့ လုံခြုံတာလို့ပဲပြောပြော။ ကိုယ်ယုံကြည်ရာကို လက်ခံလို့ရပါတယ်။ အနည်းဆုံးတော့ ကိုယ့်ဆီက ဘုန်းကြီးတွေဟာ စစ်တပ်ကို သတင်းပေးပြီး ပျူစောထီးတွေ မမွေးဘူးပေါ့။ ရွာထဲမှာ ဖွတ်လေးငါးကောင် ရှိသော်ငြားလည်း မြို့တက်ပြီးထောက်ခံပွဲလုပ်တာကလွဲလို့ ရွာမှာ အသံတောင် မထွက်ဝံ့ဘူး။ ဒီအရပ်မှာမှ မဟုတ်ပါဘူး။ ဘယ်အရပ်မှာဖြစ်ဖြစ် စစ်တပ်နဲ့ထွေအုပ်က ဖွတ်မွေးမြူရေးလုပ်မှသာ စားကာဝါးကာ ဆူဆူဖြိုးဖြိုး အသားတိုးဖွတ်တွေ […]

ချန်ဂင်တို့စခန်း (၅)

“လူနာလေးတွေများလာပြီ။ စိတ်ချမ်းသာစရာကောင်းတယ်။” လို့ ပြောပြန်ရင်လည်း ဆရာဝန်ဆိုတာ သူများနေထိုင်မကောင်းရှိရင် ဝမ်းသာတတ်တဲ့အမျိုး လို့ ဆိုကြပါလိမ့်မယ်။ ဒါပေမယ့်လည်း သားဖွားဆရာမတောင် ရှာမရတဲ့အရပ်မှာ ဆရာဝန်တွေ ဆေးလာကုနေတာဆိုတော့ နာရေးဖျားရေးဆို သူတို့လည်း အားရဝမ်းသာ လာပြကြတာပဲလေ။ များများလာ များများကုပေးနိုင်တာ ဝမ်းသာရမှာပေါ့။ သို့သော် အလိုလိုနေရင်းတော့ မလာပါဘူးဗျ။ တရွာလုံး မျက်စိဒေါက်ထောက်ကြည့် အရိပ်အကဲခတ်ပြီးမှ လာတာ။ တစ်ယောက် နမူနာ လာပြကြည့်။ ကောင်းတယ်ဆိုမှ နောက်ထပ်အလားတူ လူနာတွေ အဖွဲ့လိုက်ရောက်လာတာ။ မန္တလေးမှာ ထိုးမုန့်ရောင်းသလိုပါပဲ။ အမြည်းအရင်စားကြည့်ပြီး ကြိုက်မှဝယ်မယ့်သဘော။ ဒါပေသိ ဒီက အလကားကျွေးနေတာပါကွယ်။ ပိုက်ဆံလည်း မယူရပါဘူး။ “အလှူငွေ ထည့်ချင်ထည့်သွားကြ။” ဆိုရင် တစ်ထောင်တန် အလိပ်ကလေး ပေးလာတယ်။ ကိုယ်ကတော့ သဘောကျပါတယ်။ ထိုင်းမှာ ဘတ် ၃၀ […]

ချန်ဂင်တို့စခန်း (၄)

လူနာတွေကို ဆေးကုပေးတဲ့ အကျိုးအားကြောင့် ယာထဲအခင်းထဲကထွက်တဲ့ ကောက်ပဲသီးနှံကလေးတွေ လာလာပေးကြပါတယ်။ အရင်လကမှ ကောက်သစ်စားပွဲ လုပ်ထားကြတာ မဟုတ်လား။ ကောက်ညှင်းဆန်တွေဟာ ထမင်းချက်သလိုချက်စားလို့ မရမှန်း ခုမှပဲ သိတော့တယ်။ ကောက်ညှင်းကျည်တောက်ကတော့ လုပ်စားစရာမလို။ လုပ်ပြီးသားလေးတွေ ပေါလွန်းလို့။ ရွာကလူကြုံလာရင် ပေါင်းချောင်ယူခဲ့ပါ လို့ မှာရတယ်။ ပေါင်းစားကြမယ်။ ပေါင်းစားကြမယ်လေ။ သူတို့အရပ် သူတို့ဇာတ်ကတော့ ပေါင်းရုံနဲ့ အားမရလို့ ထောင်းကိုစားကြတာ။ ခေါပုတ်ထောင်း၊ ခေါပုတ်ကင်၊ ခေါပုတ်ကြော်၊ ခေါဆီ။ ဝါးရသက်သာတယ်ဗျ။ ဒီက မနက်စာဆိုတာ ခေါပုတ်တလှည့် ခေါက်ဆွဲတလှည့်ပဲ။ ဆရာဝန်ဆိုတာ ကောက်သစ်ပေါ်ဦးနှင့် အထူးတလည် ဧည့်ခံထိုက်သော ဧည့်ကောင်းစောင်ကောင်းလို့ သဘောထားကြတယ်နော်။ သာဓုပါဗျာ။ သာဓု သာဓု။ တဘက်မှာ စာရေးတဲ့ အကျိုးကျေးဇူးကိုလည်း ကိုယ်တို့ ခံစားရပါတယ်။ တနေ့တနေ့ “လှူချင်နေပါပြီနော်။ […]

ချန်ဂင်တို့စခန်း (၃)

ဆရာဝန်တွေဟာ ဆေးကုတဲ့ အလုပ်အပြင် နောက်ထပ် အတတ်ပညာတစ်ခုခု တွဲလာတဲ့အခါမှာ (ဥပမာ ဆရာဝန်အဆိုတော်၊ ဆရာဝန်ရုပ်ရှင်မင်းသား၊ ဆရာဝန်စာရေးဆရာတို့လိုမျိုး) ဘယ်အရာကို အဓိကထားမှာလဲ မဖြစ်မနေ ရွေးချယ်ရပါတယ်။ ဆေးမကုတတ်မှာစိုးလို့ တခြားအလုပ် ပေးမလုပ်တာ မဟုတ်ပါဘူး။ ဆေးကုတဲ့အခါမှာ ဆရာဝန်-လူနာ ဆက်ဆံရေးထဲကို မဆိုင်တဲ့သက်ရောက်မှုတွေ အနှောက်အယှက် ဖြစ်မှာစိုးလို့ပါ။ စဉ်းစားကြည့်လေ။ ဦးဦးစိုးသူတို့၊ မမဖြူဖြူကျော်သိန်းတို့ဆို ဆေးရုံကို အမှတ်တမဲ့ ရောက်လာရင်တောင်မှ လူတွေက “ဟိုမှာကြည့်စမ်း။ ဟိုမှာကြည့်စမ်း။” နဲ့ အုတ်အော်သောင်းနင်း နောက်ကလိုက်ကြမှာ မဟုတ်လား။ ဆရာဝန်လုပ်ပြီး ရုပ်အရမ်းကြီးချောနေရင်ကို ဆေးကုရတာ မလွတ်လပ်တော့ဘူး။ အရိပ်တကြည့်ကြည့် အောက်မှာ မွန်းကြပ်တာကိုး။ ဒါသည်ပင် ကိုယ့်အားနည်းချက် ဖြစ်တော့သည်လေ။ ဆရာဝန်လုပ်ပြီး စာရေးတဲ့အခါမှာ လူနာတွေက လုပ်ဖော်ကိုင်ဖက်တွေက “သူရေးတဲ့အထဲများ ပါသွားမှဖြင့်ကွယ်။” ဆို စိတ်တထင့်ထင့် […]

ချန်ဂင်တို့စခန်း (၂)

ဆရာမင်းလူရဲ့ ပရိသတ်တိုင်းက လှထုံကို ရင်းနှီးသလိုပဲ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်သူတွေကိုလည်း ချန်ဂင်နဲ့ မိတ်ဆက်ပေးစရာ မလိုပါဘူး။ ဆေးကုလိုက် အစားအသောက်တွေ ချက်လိုက် လုပ်နေတဲ့ နန်းတွင်းသမားတော်ကလေးမှန်း လူတိုင်းသိပါတယ်။ အခုလည်း ကိုယ်တို့အဖွဲ့သားတွေ အဲ့ဒီအလုပ်ပဲ လုပ်နေကြတာ မဟုတ်လား။ နန်းတွင်းရေး အရှုပ်အထွေးတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကိုယ့်အသက်မွေးမှုအတတ်ပညာဖြစ်တဲ့ ဆေးကုတဲ့အလုပ်ကို အားသွန်ခွန်စိုက် လုပ်နေတဲ့ ချန်ဂင်ဆိုတာ ဘယ်သူများပါလိမ့် လို့ သိချင်ရင် ကိုယ်တို့စခန်းက ဆရာဝန် ဆရာမ အားလုံးကို လက်ညှိုးထိုးပြလို့ ရပါတယ်။ နောက်ထပ် ချန်ဂင်ဖြစ်ချင်တဲ့သူတွေလည်းပဲ အတူတကွ လာရောက်ပူးပေါင်းလို့ ရသေးတယ်နော်။ အကြီးတွေက အငယ်တွေကို သင်ရင်းပြရင်း လက်တွဲခေါ်မှာပေါ့။ စိတ်တူသဘောတူ ဖြစ်ဖို့သာလိုရင်းပဲ။ ဒါမှလည်း ပျော်စရာကောင်းမှာကိုး။ စခန်းကို ရွာမှာမရွေးပဲ တောထဲဝင်ခိုရတဲ့အကြောင်းကတော့ ကိုယ်တို့အားလုံးရဲ့ အသက်အန္တရာယ် […]