စာမှန်မှန် ကိုကိုရေးပါ့မယ်

ဘူတန်က ပြန်ခါနီးအချိန် ၂၀၁၁ နှစ်မဆန်းခင်က စာတွေ စရေးလာခဲ့တာဆိုတော့ အခုဆိုရင် စာရေးသက် ၁၀ နှစ်ကျော် ရှိလာခဲ့ပါပြီ။ စာအုပ်ဆိုင်တွေမှာ သွားမေးရင် ဘယ်သူမှ ကြားဖူးမှာ မဟုတ်ပေမယ့် စာအုပ် ၄ အုပ် ပုံနှိပ်ထုတ်ဝေဖူးပါတယ်။ မဂ္ဂဇင်း နဲ့ ဂျာနယ်တွေ ထဲမှာလည်း ကိုယ်ရေးတဲ့စာတွေ ဖော်ပြဖူးသားပဲ။ ဖိတ်တဲ့ခေါ်တဲ့သူရှိပြီး စိတ်ဝင်တစားနားထောင်မယ့်သူ ရှိရင် ဟောပြောပွဲတွေမှာ သုံးလေးခါလောက် စကားလိုက်ပြောဖူးပါတယ်။ ခုထက်ထိတော့ ကိုယ့်ကိုယ်ကိုယ် စာရေးတဲ့သူတစ်ယောက်အနေနဲ့ မခံယူပါဘူး။ စာရေးဆရာတွေနဲ့တွေ့ရင် စာဖတ်ပရိသတ်အနေနဲ့ပဲ ခင်မင်မိတ်ဆက်ပါတယ်။ ကိုယ့်ဘာသာကိုယ် အဆင့်သတ်မှတ်ရင် အပျော်တမ်းဝါသနာရှင်အဆင့် amateur လို့သာ စာရင်းသွင်းပြီး professional တန်းထဲတော့ မဝင်ဘူးလို့ သဘောပေါက်ပါတယ်။ ဝါသနာပါလို့သာ လုပ်နေတာ အသက်မွေးစားလို့မှ မရပဲလေ။ သို့သော်လည်း ဆယ်နှစ်တိုင်တိုင် […]

လှထုံတို့ရွာ (၁၆)

မျှော်လင့်ထားတဲ့အရာတွေက ဖြစ်ချင်မှဖြစ်လာတတ်ပေမယ့် မမျှော်လင့်သော အဖြစ်အပျက်တွေက ဖြစ်ချင်ဖြစ်လာတယ်ဆိုတာ သဘာဝပါပဲ။ “ဆရာကလည်း ချဲထိုးတဲ့လူနဲ့ ပေါက်တဲ့လူ ဘယ်သူကများလဲ။ စဉ်းစားကြည့်ပါဦး။ ဆရာ့ဘက်က အကွက်တစ်ရာ မျှော်လင့်ပြီးထိုးလည်း တကယ်ပေါက်မယ့် ဂဏန်းက တစ်ကွက်တည်းရယ်။” တဲ့။ ဟုတ်တာပေါ့။ လှထုံတောင် Probability ဆိုတဲ့ ဖြစ်တတ်တန်ရာ အလားအလာကို မှန်းဆတွက်ချက်တတ်သေးရင် ကိုယ့်ဘက်က ပြိုင်မငြင်းတော့ပါဘူး။ သို့သော် ကိုယ်ပြောချင်တာက မျှော်လင့်ပြီး ဖြစ်မလာတဲ့အရာတွေ အကြောင်း မဟုတ်ပါဘူး။ မမျှော်လင့်ပဲ ဖြစ်လာတဲ့ ဖြစ်ရပ်တွေ။ ဟိုးနေ့တုန်းက ဆေးခန်းကို ရွာလည်ကျောင်းက ကိုရင်လေးတွေ ရောက်လာတယ်။ အားလုံးပေါင်းလေးပါး။ အသက်က ရှစ်နှစ်က ဆယ်နှစ်အရွယ်။ ညကမှစပြီးဖျားတာ အကုန်အတုံးအရုံးပဲ။ အရင်တပါတ်က သူတို့ကျောင်းမှာ COVID vaccine ထိုးပေးတယ်လေ။ ကိုရင်တွေတော့ မပါဘူး။ နှာခေါင်းတို့ပတ်ယူကြည့်တော့လည်း […]

လှထုံတို့ရွာ (၁၅)

မိုးလေပွင့်လင်းလာပြီမို့ စာရေးတံမဲပွဲတို့ ဆွမ်းဆန်စိမ်းလောင်းပွဲတို့နဲ့ ရွာထဲမှာ စီတန်းလှည့်လည်တာလေးတွေ စည်ကားလို့လာပါပြီ။ ညနေရေခပ်ချိန်ရောက်လာရင်တော့ ရွာကလုံမပျို လုလင်ပျိုလေးတွေရဲ့ ဆန္ဒဖော်ထုတ်တဲ့ စီတန်းလှည့်လည်ပွဲတွေ မကြာခဏ လုပ်ကြပါတယ်။ အင်တာနက်မရတာတောင် ရွာက ဓါတ်ပုံဗီဒီယိုတွေဟာ သတင်းမီဒီယာ စာမျက်နှာအထိလည်း စဉ်ဆက်မပြတ် တက်လျက်ပါပဲ။ တခြားအရပ်ဒေသတွေလို နောက်ကနေ ဖမ်းဆီးသတ်ဖြတ် ရိုက်နှက်နှိမ်နှင်းတာတွေမပါပဲ အေးအေးချမ်းချမ်း လူစုခွဲပြီး ပြန်သွားလို့ရတာကတော့ ဒီအရပ်ရဲ့ မင်္ဂလာတစ်ပါးဗျ။ ဒီမှာကတော့ ရဲစခန်းရှေ့မှာ တို့အရေး လုပ်လည်း ရဲတွေက မျက်စောင်းနဲ့တောင် ထွက်မထိုးပါဘူး။ သို့သော်လည်း ဟိုတစ်ရက်ကတော့ မနက်စောစောစီးစီး ယူနီဖောင်းအပြည့်အစုံ လက်နက်ကြီးလက်နက်ငယ်တွေ ကိုင်ဆောင်လို့ ရွာထဲမှာ စီတန်းလှည့်လည်တာတွေ့မိတယ်။ အစကတော့ လာနေကျလူတွေပဲမှတ်တာ။ သူတို့မှန်း မသိသေးဘူး။ သေချာကြည့်တော့မှ လက်မောင်းမှာ ဗန္ဓုလခမောက်ကြီး ဖြစ်နေတယ်။ ကြားသားမိုးကြိုး။ ဘာများလုပ်ဦးမယ် မသိပါဘူး။ […]