လှထုံတို့ရွာ (၁၄)

ရွာရောက်တာလည်း နှစ်လပြည့်လုပါပြီ။ စာတွေရေးပြီး လိုင်းပေါ်လာလာတင်တာကလွဲလို့အဆက်အသွယ်တွေကလည်း တည်းတည်းလေးပဲ ကျန်တော့တယ်။ မက်ဆင်ဂျာက စာပို့ရင်တောင် ဟိုအရင် ကြေးနန်းခေတ်တုန်းကလို “အဖေ နေကောင်းလား” “အေး” ဆိုတာမျိုး လိုရင်းတိုရှင်း။ ကိုယ့်လုံခြုံရေးအတွက် စစ်ပွဲသတင်းတွေ အာရုံစိုက်နေရတာနဲ့ ရန်ကုန်မှာ ကိုဗစ်အခြေအနေ ဘယ်လိုရှိမလဲ မျက်ခြေပြတ်လို့နေပါတယ်။ အရင် tele-consultation နဲ့ ကုထားတဲ့ လူနာတွေရော ရှိမှရှိသေးရဲ့လား။ အောက်ဆီဂျင်အိုးတွေ လောက်သွားပြီလား။ Enoxaprin တွေ ဝယ်လို့ရပြီလား။ PPE တွေရော ဈေးကျပြီလား။ ခန့်မှန်းမိသလောက်တော့ yes လို့ ပဲဖြေကြမယ် ထင်ပါတယ်။ ကူးစက်မှုတွေလျော့သွားပြီ။ ဒါမှမဟုတ် သေစရာလူ ကုန်သလောက် ရှိနေပြီ ဆိုတဲ့ သဘောပေါ့။ ဒီရွာမှာလည်း ကိုဗစ်လူနာ အသစ် ထပ်မတွေ့တော့ဘူးလေ။ ရွာနီးချုပ်စပ်ကပဲ လာကြတော့တယ်။ တော်တော်များများက […]

လှထုံတို့ရွာ (၁၃)

အင်တာနက်အဆက်အသွယ်တွေဖြတ်တောက်တာကို လူ့အခွင့်အရေးချိုးဖောက်တာပါလို့ ကုလသမဂ္ဂမှာ ကန့်ကွက်ကြတဲ့အခါ တချို့လူတွေက “အကဲပါရန်ကော။ ဖေ့စ်ဘုတ်မသုံးရမှာ အဲ့လောက်တောင် ကြောက်နေကြတာလား။” လို့ ခနဲ့ကြပါတယ်။ အင်းပေါ့လေ။ သူတို့အသိဉာဏ်လောက်နဲ့က အင်တာနက်ဆိုတာ ဖေ့စ်ဘုတ်ပွတ်ဖို့ တစ်တော့ဆော့ဖို့လောက်ပဲ အသုံးချတတ်လို့နေမှာပေါ့။ ဆိုရှယ်မီဒီယာဆိုတာကိုလည်း မုဆိုးဖိုတွေ မယားတရူး စတေးတပ်စ်တင်ပြီး ပြီတီတီ ရိသဲ့သဲ့ ပြောဖို့လောက်သာ သုံးတတ်ကြတာကိုး။ အဲ့လိုအသိုင်းအဝိုင်းကများ ကိုယ့်လာပြီး “ ဖေ့စ်ဘုတ်က ဘဝမဟုတ်ပါဘူး။” လို့ တရားတွေ လာလာချတဲ့အခါ ရယ်ရမှာလား သနားရမှာလားတောင် မသိတော့ပါဘူး။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့လေ။ ဉာဏ်တိမ်လို့ စစ်ခွေးဖြစ်နေမှတော့ လူစကားလည်း နားမလည်နိုင်လောက်ပါဘူး။ အားလည်းမအားလို့ ငြင်းမနေချင်တော့ဘူး။ အနည်းဆုံးတော့ အဲ့ဒီဆိုရှယ်မီဒီယာဟာ ကိုယ့်အတွေးအမြင်တွေကို လွတ်လွတ်လပ်လပ် ဖြန့်ဝေခွင့်ပြုတဲ့ အများကကိုယ့်ကို မြင်သာထင်သာစေတဲ့ ပလက်ဖောင်းတစ်ခုပါပဲ။ ဒီအပေါ်မှာ တစ်ပါတ်ဆယ်ရက်လောက် ပျောက်သွားရင် အစဉ်သဖြင့် […]

ဒေါက်တာနွေဦး

မမြင်တာ မဆုံတာကြာတဲ့ သိဟောင်းကျွမ်းဟောင်းများနဲ့ အမှတ်တမဲ့ပြန်တွေ့လို့ ကိုယ့်ရဲ့လက်ရှိအခြေအနေကို update ဖြစ်သွားရင် “နိုင်ငံရေးတွေ တော်တော်လုပ်နေတာပဲနော်။” လို့ တအံ့တဩ ပြောကြပါလိမ့်မယ်။အဲ့သလိုတော့ဖြင့် ကိုယ်က မခံယူပါဘူး။ နိုင်ငံရေးဆိုတာ ဘာကိုပြောတာလဲ။ ကိုယ်လုပ်နေတဲ့အလုပ်ဟာ နိုင်ငံရေးပုဒ်မတပ်ပြီး ဖမ်းဆီးထောင်ချလို့ ရချင်ရပါလိမ့်မယ်။ သို့သော်ငြား ကိုယ်က အဲ့ဒါကို နိုင်ငံရေးအနေနဲ့ သတ်မှတ်ပြီး လုပ်နေတာ မဟုတ်ပါဘူး။ တော်လှန်ရေးလို့ ပြောချင်ပြောလေ။ လက်ခံတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ကိုယ်ပါဝင်နေတယ်။ ဒါနည်းတဲ့နိုင်ငံရေးပြစ်မှုကြီးလား။ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း စိတ်ရှိတိုင်း စီရင်နှိမ်နှင်းဖို့ရာ အာဏာကုန်လွှဲအပ်ထားတယ်။ သူတို့ကိုဖီဆန်တဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်တစ်ခုအတွက်နဲ့ သူတို့ဟာ ကိုယ့်ရဲ့ အသက်ကိုရော၊အိုးအိမ်စည်းစိမ်ကိုရော၊ အသက်မွေးမှု လုပ်ငန်းခွင်၊ မိသားစုဘဝ၊ ဘာမဆို အရာရာတိုင်း အတိုင်းအဆမရှိ လုပ်ချင်တိုင်း လုပ်လို့ ရသွားတယ်။ […]

လှထုံတို့ရွာ (၁၂)

အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ လှထုံတို့ရွာကိုတောင် NUG အစိုးရရဲ့ တိုက်ပွဲခေါ်သံ သတင်းက တမနက်ခင်းအတွင်းမှာပဲ ပြန့်နှံ့ရောက်ရှိလို့ လာခဲ့ပါတယ်။ ရှိတဲ့အလုပ်တွေ အကုန်ပစ်ထားပြီး လိုင်းသုံးလို့ရတဲ့ဆီပဲ ပြေးချင်နေတော့တယ်။ သတင်းဆာတယ် ဆိုတာလည်း ထမင်းဆာသလို တော်တော်ကို ပြင်းပြတဲ့ အာသီသတစ်မျိုးပေပဲ။ ဟိုးတုန်းကလို ဘီဘီစီ ဗီအိုအေ ပြန်နားထောင်ရမယ့် အခြေအနေမျိုး ပြန်ရောက်သွားတာကိုး။ ဒီဘက်မှာ လိုင်းတွေအကုန်ဖြတ်ထားလို့ ဖေ့စ်ဘုတ်ပေါ်ကပျောက်နေတာကြောင့် တော်တော်များများက စိတ်ပူနေကြသတဲ့။ ဆက်သွယ်ရေးလမ်းကြောင်းပျောက်ရင် ထောက်ပို့အလုပ်ကလည်း အဆင်မပြေတော့ဘူး မဟုတ်လား။ ကလေးတွေကလည်း တစ်တော့မဆော့ရ ဇာတ်ကားမဒေါင်းရလို့ မပျော်နိုင်ဘူး။ အဟောင်းလေးတွေ ပြန်ကြည့်ကြည့်ပြီး အပျင်းဖြေနေရရှာတယ်။ “မိတ် အမေဒီးကား။ ဂဒိတ်။ အဂိန်းတဲ့တော်။ တို့ရွာက ကပ္ပိယကြီးတောင် သူ့လောက် လျှာမထူဘူး။” ဆိုပြီး ဟားနေတာ။ “ဟဲ့ကလေးတွေ။ သူများတကာ ပညာမတတ်တာကို […]

လှထုံတို့ရွာ (၁၁)

ကိုယ်တွေ့ကြုံသမျှ အဖြစ်အပျက်တွေကို အိပ်သွန်ဖာမှောက် မကြောက်မလန့် ရေးသားနေလိုက်တာ။ “ကာဘူးလေဆိပ်က ပဒူအုံကြီးလို အမေရိကန်ဗီဇာ လိုချင်လို့ နေမှာပေါ့။” လို့ ဟိူဘက်ကလူတွေကတော့ ဟောကိန်းထုတ်ကြပါတယ်။ refuge visa ဘယ်လိုလျှောက်ရတယ် နည်းပေးလမ်းပြ နတ်လမ်းညွှန်တဲ့သူတွေလည်း ရှိသားပဲ။ လေးတောင်ပြည့်ခန်းသာလယ်မှာ ဘယ်ခြောက်ကာ ညာလှမ်းရင် ဒီလမ်းကပဲ ထွက်စရာရှိတော့တယ် လို့ ထင်နေတာကိုး။ အဲ့သလိုတော့ မထင်ပါနဲ့။ ဒီလမ်း ဒီစခန်းကို ရောက်တယ် လာတယ်ဆိုတာ ကျားကြောက်လို့ ရှင်ကြီးလာကိုးတာလည်း မဟုတ်ဘူး။ ကယ်ပါယူပါ တစာစာနဲ့ သူများနိုင်ငံ ထွက်ပြေးဖို့လည်း မဟုတ်ပါဘူး။ သို့သော်လည်း ကိုယ်က ရာဇဝတ်သားမဟုတ်၊ ပြစ်မှုပြစ်ဒဏ် ဘာမှမငြိစွန်းပဲ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ဖမ်းဆီးသုတ်သင်ခံရမယ့် ရန်ကြောင့် ကျီးလန့်စာစား ဝရမ်းပြေးများလို ပုန်းရှောင်နေရတဲ့အရပ်မှာတော့ မနေလိုပါဘူး။ ကိုယ်တတ်တဲ့ပညာကို အရမ်းလိုအပ်နေသူတွေ […]

လှထုံတို့ရွာ (၁၀)

အခုလောက်ဆိုရင်တော့ ကိုယ်ရေးနေတဲ့ လှထုံတို့ရွာကို ဘယ်နားလေးမှာပါလိမ့် သိချင်နေကြမယ် ထင်ပါတယ်။ ဟိုးအဝေးကြီးမှာလေ။ သွားရေးလာရေးး အရမ်းခက်တဲ့နေရာ၊ ဆရာဝန်တွေ ရွှေထက်ရှားတဲ့ နေရာမှာပေါ့။ တိုက်နယ်ဆရာဝန်ဆီတောင် မနည်းရောက်အောင် လွှဲနေရတာဆိုတော့ ကိုယ့်အဆင့်ဟာ တဲနယ်ဆရာဝန်လောက်ပဲ ရှိမလား မပြောတတ်ဘူး။ တောနယ်ဆရာဝန်လို့ပဲ ပြောကြပါစို့ကွယ်။ တောထဲမှာ။ တောင်ထဲမှာ။ လူနာတွေက “လှည်းစီး၍ လာကြသည်။ လှေစီး၍လည်း လာကြသည်။” ဆိုတဲ့အရပ်။ အမ်းမှာတုန်းကလို “ဟတ်စကီး စီး၍ လာကြသည်။” တွေလည်း တွေ့ရပ။ စောင်ကို ပုခက်လုပ်ပြီး ဝါးပိုးဝါးနဲ့ လျှိုထမ်းလာတာလေ။ သူဌေးတွေဆိုရင်တော့ ပါဂျဲရိုးစီး၍ လာကြသည်။ လင်ခရုဆာစီး၍ လာကြသည်ဗျ။ တခါတခါမှာတော့ ကိုရီးယားကားထဲကလို ကုန်းပိုးပြီး လူစီး၍ လာကြပါသည် ခင်ဗျာ။ ဆေးခန်းဖွင့်ကာစမှာ ချောင်းတဘက်ကမ်းကနေ အားပုဂျိက ကုန်းပိုးပြီး ရိုမန်းတစ်ဆန်ဆန် […]