အသက်ကို ဉာဏ်စောင့်သတဲ့နော်

ဘဝမှာ အသက်ဘေးနဲ့ နီးနီးကပ်ကပ် ကြုံခဲ့ပြီး လွတ်မြောက်လာတာ နှစ်ခါရှိပြီလို့ ပြောရမှာပဲ။ ကိုဗစ်ဆိုတာ သေတတ်မှန်းလည်းသိတယ်။ သေချာပေါက် ကူးမယ်မှန်းလည်း သိတယ်။ အဲ့ဒီကြားထဲကမှ သေမှာကြောက်ရမှာကို သေရမှာထက် ပိုကြောက်တဲ့စိတ်နဲ့ ခေါင်းမာမာ ဝင်တိုးခဲ့တာလေ။ အခုတော့ သေနိုင်ပါရိုးလား လေပါတီရယ် လို့ သက်ပြင်းသက်မချနိုင်ပြီပေါ့။ ကိုယ်တို့ တည်းအိမ်တစ်အိမ်လုံးတော့ ဘယ်သူမှ ပြေးမလွတ်ပါဘူး။ ထမင်းလာလာပြင်ကျွေးတဲ့ သားအမိနှစ်ယောက်ပါ အိပ်ယာထဲ အတုံးအရုံးလဲကုန်တာ။ ချောင်းဆိုးတဲ့ဆရာမလေးဆိုလည်း အသံတောင်မထွက်နိုင်လောက်အောင် မရပ်မနားဆိုး၊ ဖျားတဲ့ကလေးဆိုလည်း တကိုယ်လုံးခြစ်ခြစ်တောက်ပူပြီး ရေတောင်မသောက်နိုင်။ ဒီရောဂါနဲ့ နှစ်ပေါက်အောင်နေလာရတဲ့ ဆရာဝန်တစ်ယောက်မို့ သူ့အကြောင်းကို လှစ်လှစ်ကလေးနေအောင်ကို သိပါတယ်။ ပေါ့ပေါ့လေး မနေပါဘူး။ ပို့သသောမေတ္တာများကြောင့်ရော ကုသသောစေတနာများကြောင့်ရော ဘာဝေဒနာမှ မခံစားရပဲ ပိန်းကြာဖက် ရေမတင်တာ အင်မတန် အံ့ဩစရာကောင်းသား။ ရန်ကုန်မှာတောင် ရှာမရ […]

လှထုံတို့ရွာ (၇)

တော်လောက်ပြီ ထင်တယ် လို့ နိဂုံးကလေး အဆုံးသတ်မယ် ကြံပေမယ့်လည်း လှထုံတို့ရွာအကြောင်းက ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေလို့ လာပြန်ပြီ နောက်တစ်ပိုင်းနော်။ ရွာရောက်ပြီး ၃ ရက်မြောက်နေ့ ဆေးခန်းစမဖွင့်ခင်မှာ swab ယူပြီး ပိုးမတွေ့ခဲ့ပေမယ့် ၇ ရက်မြောက်နေ့မှာ ထပ်ယူတဲ့အခါ positive ဖြစ်သွားပါပြီ။ အစကတည်းက ဘယ်လိုမှ ပြေးမလွတ်လောက်ဘူးလို့ တွက်ထားပြီးသားမို့ ထူးထူးထွေထွေ တွေဝေအံ့ဩနေချိန် မရှိပါဘူး။ မနှစ်ကတစ်နှစ်လုံး ပိုးမကိုက်အောင် ရှောင်ရှားနေနိုင်ခဲ့ပေမယ့် ဒီတခါတော့ မလွတ်တော့ပါလား လို့ပဲ သဘောထားလိုက်ပါတယ်။ အမေတွေ အဒေါ်တွေတောင် ကျော်ဖြတ်လာနိုင်ခဲ့သေးတာ ကိုယ့်အတွက်လည်း အချိန်ကာလတစ်ခုကြာရင် ပျောက်ကင်းသွားပါလိမ့်မယ်။ အခုလောလောဆယ်တော့ ကိုဗစ်နဲ့ ဟန်းနီးမွန်းကာလမို့ ထင်ပါရဲ့။ ဆေးတစ်ခွက်လောက် သောက်လိုက်ရင် ပိန်းကြာဖက် ရေမတင်သည့်နှယ်ပဲ။ ခုမနက် ဗော်လံတီယာလေးတွေဆီက ဖုန်းလာတော့ […]

လှထုံတို့ရွာ (၆)

ဆေးခန်းကပြန်လာတိုင်း ရေချိုးခေါင်းလျှော်နေကျဟာ မနေ့ကတော့ ရေနဲ့ထိလိုက်တာနဲ့ ချမ်းတုန်တက်လာပြီး အဝတ်တွေတောင် မလျှော်နိုင်ပဲ ထားခဲ့ရတယ်။ ကူးပြီထင်ပါရဲ့လေ ဆို အိပ်ယာထဲတန်းဝင်သွားရင်း အခုမကူးလည်း နောက်ကူးမယ့်တူတူ မြန်မြန်ကူးတာ ကောင်းပါတယ် လို့ပဲ သဘောထားလိုက်ပါတယ်။ သို့သော်လည်း ထုံးစံအတိုင်း အိပ်ရေးဝဝ အိပ်လိုက်ရတော့ သည်မနက် ပြန်ကောင်းနေသားပဲ။ ဒါ ကိုယ်အမြဲဖြစ်နေကျလေ။ လူနာတွေကြည့်ရင်း ကိုယ့်အကြောင်းကိုယ် မေ့သွားရော။ မနေ့က တင်ထားတဲ့အထဲမှာ အဖွားတစ်ယောက်ကတော့ အောက်ဆီဂျင် တက်မလာပဲ ကျကျသွားတယ်။ နားထောင်လိုက်တော့ တရွှီရွှီမြည်အောင်ကို ကြပ်နေတာ။ အောက်ဆီဂျင်မဝတော့ အယောင်ယောင် အမှားမှားတွေလည်း ဖြစ်လို့။ ရှိုက်ပြီးရှူတဲ့ဆေးဗူးလေးနဲ့လည်း မသက်သာဘူး။ cannula ပြန်ထိုးပြီး ဆေးတွေထိုးပေးရတယ်။ အောက်ဆီဂျင်လည်း ပိုက်နဲ့ တစ်ခု နှာစွပ်နဲ့တစ်ခု နှစ်အိုးပြိုင်ပေးရတယ်။ ကျန်တဲ့လူနာတွေကတော့ သက်သာနေကြသားပဲ။ သက်သာတယ်ဆိုတာနဲ့ အတင်းပြန်ချင်တယ် […]

လှထုံတို့ရွာ (၅)

တောကြိုအုံကြားမှာ စာရင်းမဝင် အင်းမဝင် ကိုဗစ်စင်တာကြီးထောင်တယ်ဆိုတော့ ပေတရာခင်ခင်ကြီးတို့်များ သိရင် အမယ်လေး ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော လို့ လှောင်မလား မသိပါဘူး။ သူက အိမ်မှာ ကိုယ့်ဘာသာသေတဲ့ဟာတွေဘယ်နှစ်သိန်းရှိရှိ PM လုပ်မထားရင်၊ သူ့ဆီမှာ ကိုဗစ်အမည်ပေါက်စာရင်းမဝင်ရင်၊ ထည့်တွက်စရာ မလိုဘူး လို့ ပညာရှိစကား မိန့်ကြားထားတာကိုး။ သူသူငါငါ ကိုယ့်ဘာသာကိုယ် test kit ကလေးတွေနဲ့ နှာခေါင်းကော်လို့ နှစ်ကြောင်းပေါ်ခဲ့ရင်တောင် NHL မှာ PCR နဲ့ မစစ်ရသေးရင် “ကိုဗစ်ဟု အဓိပ္ပါယ်သက်ရောက်ခြင်း မရှိစေရ။” ပဲ။ အဲ့လိုဆိုတော့ လှထုံတို့တစ်ရွာလုံး ပြုတ်ပြုတ်ပြုန်းသွားရင်တောင် သူ့အတွက်တော့ ဘောင်မဝင်တန်းမဝင်တွေပဲ။ တောကလူတွေ ဘာနဲ့သေသေ သေချင်တာနဲ့သေ။ အရေးကိုမပါတာ။ ဒါပေမယ့် ရွာထဲမှာ လေးတန်းမအောင်တဲ့ ကလေးပေါက်စကတောင် နှာခေါင်းနှိုက်စရာမလိုပဲ […]

လှထုံတို့ရွာ (၄)

ကိုဗစ်ကာလအတွင်း ဆေးခန်းဖွင့်ပြီး လူနာကြည့်တယ်ဆိုတာ လာလာသမျှ အကုန်လုံး အတူတူထိုင် အတူတူစမ်းပြီး အတူတူကုလို့ မဖြစ်ပါဘူး။ အဲ့ဒါကြောင့် ကိုယ်က အထက်တန်းကျောင်းကြီးကို ဘယ်တစ်ခြမ်း ညာတစ်ခြမ်း ခွဲပြီး COVID နဲ့ Non COVID ကို တနေရာစီ ဆရာဝန် ဆရာမ တစ်ယောက်စီခွဲပြီး ကြည့်တယ်။ ကျောင်းတံခါးဝမှာ ဝါးလုံးတားပြီး လက်ဆေး mask တပ် ပြီးမှ လုံခြုံရေးဂိတ်ကိုသွား။ အထဲမှာ level 2 နဲ့ ဗော်လံတီယာက လက်ကလေးထုတ်ပြီး နဖူးကို thermo gun လေးနဲ့ အဖျားတိုင်းလိုက်တယ်။ စာရွက်ကလေးနဲ့ ပေးထားတဲ့အတိုင်း တိုက်စစ်၊ ကိုဗစ်နဲ့ဆိုင်ရင် ဟိုဘက်ကြွ၊ မဆိုင်ရင် သည်ဘက်ကြွ။ ကွင်းပြင်ထဲ ခပ်ကျဲကျဲခင်းထားတဲ့ ခုံတန်းရှည်ပေါ်မှာ တစ်ခုံကို တစ်ယောက်ပဲ […]

လှထုံတို့ရွာ (၃)

နောက်တနေ့ ဆေးထုပ်တွေရောက်လာတော့ ကားတစ်စီးတိုက် အပြည့်ပါပဲ။ အိမ်တစ်အိမ်မှာ ဆေးတွေကိုအမျိုးအစားခွဲ နေရာချထားရင်း ဘာတွေရှိပြီး ဘာတွေလိုသေးသလဲ စာရင်းပြုစုနေတုန်းမှာ ဥက္ကဌအမေ ကိုဗစ်နာလန်ထက ဝမ်းတွေသွားနေတာ ဘာဆေးသောက်ရမလဲ မေးလို့ ဆေးညွှန်ပေးလိုက်ပါတယ်။ လိုလိုမယ်မယ် အောက်ဆီဂျင်လေးလည်း တိုင်းကြည့်ထားဦး လို့ မှာလိုက်တော့ ခနနေ ပြန်လာခေါ်တယ်။ ဆရာ့အောက်ဆီဂျင်စက်ကလေးက တိုင်းလို့လည်း မရဘူးတဲ့။ အေးလေ။ သွားကြည့်ရမှာပေါ့။ မိုးထဲလေထဲ ထီးကလေးဆောင်းပြီး level 2 PPE နဲ့ home visit ကြွလေသတည်း။ အောင်မယ်လေး။ ကိုဗစ်လူနာအိမ်မို့သာတော်တော့တယ်။ ဆွေအစုံမျိုးအစုံနဲ့ လူနာပြုစုနေကြတာ။ ရွာလူကြီးတွေ ကို အိမ်ထဲမဝင်နဲ့၊ အပြင်ကပဲ စောင့်ကြပါ ဆိုလည်း မရဘူး။ တအောင့်နေ အကုန်အထဲရောက်လာတာပဲ။ “အမေ။ ဆရာဝန်လာပြီ အမေ။ အားတင်းထားဦးနော်။ စိတ်မလျှော့လိုက်နဲ့။” […]