လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တုန်းက မာတင်လူသာကင်း လို့ခေါ်တဲ့ အမေရိကန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူကြီး တစ်ဦးဟာ “I have a dream” ဆိုတဲ့ ကမ္ဘာကျော်မိန့်ခွန်းကြီးတစ်ခုကို ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပြောသွားခဲ့တယ်။ နှစ်ပရိစ္ဆေဒကြာပြီမို့လို့ သူ့စကားတွေ လေထုထဲမှာ ပျောက်သွားပေမယ့်လည်း သန်းပေါင်းများစွာသော အမေရိကန်ညိုပြာညက်တွေရဲ့ ရင်ထဲအသည်းထဲမှာတော့ အခုချိန်အထိ ပဲ့တင်ထပ်နေတုန်းပါပဲ။ အမေရိကန်နိုင်ငံအတွက်လည်း သမိုင်းဝင်တဲ့ အဆိုအမိန့်တစ်ခု ဖြစ်ခဲ့တာပေါ့။ သူ ဘာတွေ ပြောသွားလဲ မသိချင်ဘူးလား ဟင်။ ဘာမှမခက်ပါဘူး။ Google ထဲ ခေါက်ရှာလိုက်ရင် စာသားနဲ့ဖတ်မလား။ အသံနဲ့ နားထောင်မလား။ ရုပ်မြင်သံကြားကလေး ရှုစားမလား။ ငှက်ပျောသီးကမှ အခွံနွှာနေရပါဦးမယ်။ သူဘာတွေ ပြောခဲ့သလဲဆိုတာထက် ကိုယ်ဘာကို ပြောချင်သလဲဆိုတာပဲ […]